ဓာတ်ပုံသတင်း

ဇာနည်ဝင်း (Myanmar Now) ● ဘားအံမြို့ ကရင်နှစ်သစ်ကူးနေ့

ဇာနည်ဝင်း (Myanmar Now) ● ဘားအံမြို့ ကရင်နှစ်သစ်ကူးနေ့ 
(မိုးမခ) ဇန်နဝါရီ ၆၊ ၂ဝ၁၉

 

ကရင်ပြည်နယ်၊ ဘားအံမြို့တော်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့
အခမ်းအနားကို တခမ်းတနား ကျင်းပနေကြသည်။ အားကစားကွင်းကဲ့သို့သော ကျယ်ပြန့်သည့်
နေရာများတွင်သာမက ရပ်ကွက် ကျေးရွာအတွင်းတွင်လည်း အခမ်းအနားများ၊
ပျော်ပွဲရွင်ပွဲများ ပြုလုပ်နေသည်ကို တွေ့ရသည်။
 

ရိုးရာဂျပ်ခုတ်၊ ဒုံးယိမ်းအက စသည့် ပြိုင်ပွဲတို့မှာ နှစ်သစ်ကူးနေ့
မတိုင်မီကပင် အစပြုခဲ့သည်။

ပြာသိုလဆန်း ၁ ရက်နေ့ နံနက်ပိုင်းတွင် နှစ်သစ်ကူး အလံတင် အခမ်းအနားအပါအဝင်
အစီအစဉ် အများအပြားကို  ပြည်နယ်အစိုးရအဖွဲ့က ဦးစီးပြီး ပြုလုပ်ခဲ့သည်။  

ကရင်တိုင်းရင်းသားများ နေထိုင်ရာ ဒေသအသီးသီးတွင်လည်း ကရင်တိုင်းရင်းသားအလံများ
လွှင့်ထူထားကြသည်ကို တွေ့နိုင်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကရင်အမျိုးသား
နှစ်သစ်ကူးနေ့အတွက် သဝဏ်လွှာ ပေးပိုပြီး ပေါင်းစည်းခြင်း၊ စည်းလုံးခြင်း၊
အနာဂတ်အတွက် ကောင်းမွန်စွာ မျှော်လင့်ခြင်းများဖြင့် ပြည့်စုံရန် ဆန္ဒပြုလိုက်သည်။ ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်
“ဖြောင့်မတ် တည်ကြည်၊ သတ္တိကြီးသော ကရင်တိုင်းရင်းသားများ၏ စွမ်းရည်ကို အထူး အလေးထား
အားကိုးပါသည်” ဟုလည်း သဝဏ်လွှာတွင် ရေးထားသည်။ (ဓာတ်ပုံများ –
ဇာနည်ဝင်း/Myanmar Now)


ဇန်နဝါရီ ၅ ရက်နေ့ ဘားအံ၊ တောင်ကလေးတွင် အကြီးအကျယ် ကျင်းပနေသော
နှစ်သစ်ကူး အစီအစဉ်များကို ကွင်းအပြင်ဘက်မှ အားပေးကြည့်ရှုနေသူတချို့


 တောင်ကလေးရပ်သို့
ရောက်လာသော ဒုံးယိမ်းအကအဖွဲ့တစ်ခုမှ လူငယ်များ


တောင်ကလေးတွင် တွေ့ရသော ဒုံးယိမ်း


ဇန်နဝါရီ ၅ ညပိုင်း ဒုံးယိမ်းအဖွဲ့တစ်ခု၏ တင်ဆက်မှုကို
လေ့လာကြည့်ရှုပြီး မိမိအဖွဲ့အလှည့်ကို ဇာတ်ခုံဘေးတွင် စောင့်ဆိုင်းနေသူနှစ်ဦး
 


ဇန်နဝါရီ
၆ သီရိကွင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ပိတ်ပွဲတွင်
ညီညွတ်ရေးသီချင်းသီဆိုနေသော ပရိသတ်



ဇန်နဝါရီ ၆ သီရိကွင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား
စင်မြင့်



ဇန်နဝါရီ ၆ သီရိကွင်း ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနား ပိတ်ပွဲတွင် ညီညွတ်ရေးသီချင်းသီဆိုနေသော ပရိသတ် 


သီရိကွင်းရောက် ကလေးငယ်


သီရိကွင်း ကောက်သစ်စားပွဲ


ကရင်လူမျိုးတို့၏ ရှေးခေတ်ဓလေ့ ထုံးတမ်းအစဉ်အလာတိုင်း လယ်ယာများမှ သီးနှံများအောင်မြင်ဖြစ်ထွန်းစေရန်
စောင့်ရှောက်ပေးသည့် ဖီ့ဘီးယော်(ခေါ်) စပါးစောင့် နတ်သမီး ပူဇော်ပွဲ
ကျင်းပမည်ဖြစ်ကြောင်း အစိုးရပြန်ကြားရေးဌာနက ကြိုတင် ကြေညာထားသည်
 


သီရိကွင်းတွင် ကောက်သစ်စားပွဲတော်ကို ဤသို့ တပျော်တပါး ကျင်းပ ပြုလုပ်ခဲ့ကြသည်။


ကောက်သစ်စားပွဲရောက် ကရင်တိုင်းရင်းသားတချို့


ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်သော ခေါင်းအုံးရိုက်ပွဲ

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts