ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● မျက်နှာဖုံးမခွာရသေးတဲ့အကြောင်းများ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းယွန်းလ ● မျက်နှာဖုံးမခွာရသေးတဲ့အကြောင်းများ
(မိုးမခ) ဒီဇင်ဘာ ၃၀၊ ၂၀၁၈

ဘုရားသခင်မတတ်နိုင်တဲ့
ကယ်တင်ခြင်းမျိုးကိုမှလိုချင်တယ်လို့ ဆိုကြမှာလား
အားနဲသူရဲ့ငိုသံက တိုးတိတ်လွန်းပြီး
အားကြီးသောရယ်သံတွေသာ မိုးထိအောင်ပဲ့တင်ထပ်နေခဲ့

နေတတ်ရင် ကျေနပ်စရာကောင်းတယ်တဲ့
မနေတတ်လို့ မကျေနပ်စရာတွေပြည့်နေတာလား
အနေမတတ်လို့ မကျေနပ်စရာတွေပြည့်နေတာလား
ဓါး ဓါးချင်းယှဉ်ခုတ်ရမယ့်ခေတ်က
ရာစုနှစ်များစွာက သမိုင်းထဲကျန်ရစ်ခဲ့လေတော့
ပထဝီအနေအထားအရ
သေနတ်သမားက အသာစီးရထားတဲ့အနေအထားဘဲ

အငိုမျက်လုံးတဖက်နဲ့ အပြုံးမျက်နှာတဝတ်မှာ
လိုရာသုံးဖို့  သိဒ္ဓိပြီးထားတဲ့ဓါတ်လုံးကြီးတွေ
မှန်စီရွှေချထားမှ မျက်နှာပန်းလှသောသစ္စာပန်းများ

မျက်နှာဖုံးမချွတ်ပဲ ဒုန်းဆိုင်းစီးလာတဲ့မြင်းကြီး
အထီးမှန်းအမမှန်း သိသိမသိသိ
စစ်ကိုင်းအထိတော့ရောက်ခဲ့တာပေါ့
လဲနေသူကို လဲနေသူကထူပေးမှ
သဘာဝကျကျထနိုင်တဲ့ ခေတ်ကြီးပေဘဲ

နတ်အကြိုက် လူကလိုက်နေရတော့
အရက်ဖိုးရော ကြက်ဖိုးပါကုန်ပြန်တယ်
လူ့အလို လူမလိုက်နိုင်တာ
ကမ္ဘာဦးအစကတည်းကစခဲ့တာပါဘဲ

မီးခိုးမဆုံးမိုးမဆုံးတဲ့ အမုန်းတွေနဲ့ 
မဆုံးသောချစ်ခြင်းမှာ ငြိတွယ်နေရသောကြိုးများ

မီးများတော့ မီးနိုင်ပြီး
ရေများတော့လည်း မီးနိုင်ခဲ့ခြင်းများမှာ
ယုံကြည်ခြင်းဟာ ယုံစရာမကောင်းတော့လို့
အမှားများများမှာ သကြားနဲနဲကဲလိုက်ရုံနဲ့တင်
ဗေဒင်ဟာ သွေးထွက်အောင်မှန်တယ်

ပြေးစရာမြေက စစ်ပွဲတွေနဲ့ ငြိနေသလို
ပေးစရာငွေက မျက်နှာကြီးသူတွေရဲ့အိတ်နဲ့ ငြိနေတော့
အတိတ်ကိုစောင်းကြည့်မိရင် မြေပြင်ကိုမြင်ရပြီး
ပစ္စုပ္ပန်ကိုတည့်တည့်ကြည့်တော့လည်း မြေပြင်ကိုသာမြင်ရပြန်တယ်

အနာဂတ်ဆိုတဲ့ မိုးကောင်းကင်နဲ့ လွဲနေဆဲ
မျက်နှာမွဲများ။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts