ကဗျာ မြန်မာပြည်တွင်း

သျှီသူအောင် – မနက်ဖြန်ဆီမှ အဆိုပြုချက်

မနက်ဖြန်ဆီမှ အဆိုပြုချက်
သျှီသူအောင်
(မိုးမခ) နိုဝင်ဘာ ၂၃၊ ၂၀၁၈

မဖြစ်နိုင်မှန်း
သိလေ
ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ် တိတ်ဆိတ်မိလေ။
မမျှော်မှန်းနိုင်သေးသော
ခရီးမှာ
တောင်တက်ကားတစ်စီးလို
နောက်ဆုတ် ရှေ့တိုး။
ဟိုး…ချောက်ထဲထိ
လှမ်းငုံ့ကြည့်ရင်း
စိတ်ကို တင်းတယ်
အနှောင့်အယှက်မကင်းပေမယ့်
လီဗာနင်းထားတဲ့ အနာဂတ်ဟာ
စက်ရပ်သွားလို့ မဖြစ်ဘူး။

သျှီသူအောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts