မြောက်ဘက် တောင်ကုန်းဒေသက လူရွယ်လေးတယောက်အကြောင်း(သို့မဟုတ် )
တခါတခါမှာ သူဟာ ကြမ်းရှခက်ထန်နေတတ်ပြီး တခါတခါမှာတော့ သူဟာ ပျပ်ဝပ်ကျိုးနွံတဲ့လူရွယ်တယောက် ဖြစ်နေပြန်တယ်။ တခါတလေကျတော့လည်း ချုပ်တီးမျိုသိပ်နိုင် လွန်းသောလူရွ
တွေ့ဖူးသမျှလူတွေထဲမှာ သူဟာလည်းပဲနီရိုးဘုရင်ရဲ့ ခေါင်းကိုတယောနဲ့ ရိုက်ခွဲလိုက်ချင်တဲ့ အနည်းငယ်မျှသော လူနည်းစုထဲကတယောက်သောလူပါပဲ။
အဖြစ်အပျက်တွေကို စုပ်ယူထားဖို့ အာရုံငါးပါးဟာ နိုးကြားလန်းဆန်းနေရမယ်။
အဖြစ်အပျက်တွေကို ဖောက်ချတဲ့နေရာမှာလည်းပဲ အာရုံတွေဟာ ရှင်းသန့်စင်ကြယ်နေရမယ်။
အဖြသ်အပျက်တွေဟာ တခါတခါ သူနဲ့အနီးဆုံးနေရာမှာ။ တခါတလေတော့ သူနဲ့သိပ်အလှမ်းကွာဝေးတဲ့ နေရာမျိုးမှာ။
တခါတခါမှာတော့ အဖြစ်အပျက်တွေထဲမှာ သူ့ကိုရှုမြင်ရလေ့ရှိပြီး တခါတလေမှာ သူဟာအဖြစ်အပျက်တွေနဲ့ကင်းလွတ်နေတဲ့ဇုံထဲမှာ။
ဘာပဲပြောပြောအဖြစ်အပျက်တွေထဲက သူ့ရဲ့ဖြစ်တည်မှုကို စိတ်ဖြာကြည့်မယ်ဆိုရင် မူဆိုလိုနီလိုကို အားပေးထောက်ခံခဲ့တဲ့ အက်ဇရာပေါင်းလို ကဗျာဆရာမျိုးမဟုတ်တာတော့ သေချာခဲ့။
လူစီ၊ သူနေတာက လူသူအရောက် အပေါက်ကင်းတဲ့အရပ်များမှာ…
လွင့်လွင့်မျောမျောဖြစ်နေပြီဆို အစွဲအလမ်ကြီးခဲ့တဲ့ကဗျာတွေကိုတိုးတိုးညင်ညင် လေးရွတ်နေတတ်တဲ့ သူငယ်ချင်းတစ်ယောက် ။
သူကြိုက်လို့ ကူးရေးထားတဲ့ကဗျာလေးတွေဟာ ခပ်သော့သော့ရေးထားတဲ့ သူ့လက်ရေးစာလုံးတွေ အောက်မှာ ကဗျာဆန်လို့။
ရှည်မျောတွန့်လိမ်နေတဲ့ သူ့လက်ရေး သူပြန်ကြည့်ပြီး ကဗျာဟာ ကဗျာဆန်နေတာဘာဆန်းသလဲကွာ။ သူ့ဟာသူ ပြောလည်း ပြော။
ရယ်လည်းရယ်။ မှုန်တေတေမျက်နှာမျိုးနဲ့။
ကဗျာတွေအပေါ်ချစ်မက်ခဲ့တဲ့အဲဒီသူငယ်ချင်းဟာ ပျောက်ဆုံးသွားတဲ့ ကဗျာတပုဒ်လိုပဲ သူ့ဘဝထဲက ထွက်ခွာသွားခဲ့တာကြာမြင့်လှပေါ့။
လက်ချောင်းတွေဟာ ကြိုးကိုကုတ်နေတာမဟုတ်ဘူးကွ။ အသံတွေကို ကုတ်ဆွဲနေတာ။
သူများ အတွဲအဖက်မလုပ်တဲ့အသံတွေကို ဆွဲထုတ်နေတာ။
ဒီတယောက်ဟာဟာလည်းပဲ လွင့်မျောရီဝေသွားပြီဆိုရင် ဘေ့စ်ဂစ်တာကို ကြောက်မက်ဖွယ်အသံတွေနဲ့ တီးပြလေ့ရှိသူ။ သူ့ရဲ့ဘဝမှာအဖြစ်ချင်ဆုံးက ဘေ့စ်ဂစ်တာသမားတယောက်။ ဘဝမှာ ဘေ့စ်ဂစ်တာတစ်လုံးရယ်၊ မိခိုင်ရယ်၊ No 4 ရယ်ရှိနေရင် ပြီးပြည့်စုံပြီပေါ့ကွာ။ သူသေဆုံးသွားတော့ ဖြူဖပ်ဖြူရော်လက်ဖျံလှီလှီလေးမှာ စိုက်ဝင်နေတဲ့အပ်ဟာ တုန်ခါလို့။
တရွေ့ရွေ့မြစ်ရေအလျဉ်ကို ငေးရီမင်တက်နေတတ်တဲ့နောက် သူငယ်ချင်းတယောက်ကတော့ လူတယောက်ဟာ မြစ်တစ်မြစ်ထဲကို နှစ်ခါပြန်ဆင်းလို့မရဘူးပြောခဲ့တဲ့ ဟေရာကလိုင်တပ်စ်ကို အရမ်းအရမ်း ကြွေ။
ရန်ကုန်မြို့လယ်ကတိုက်ခန်းတခုမှာ အပ်တစ်ချောင်းတည်းနဲ့ မြွေမကြောက်ကင်းမကြောက်။ အလွင့်ကမ္ဘာထဲရောက်အောင် လွင့်လွင့်သွားတတ်တဲ့သူငယ်ချင်းတချို့ပါပဲ။
အနုပညာခံစားမှု အားကောင်းခဲ့သော်လည်းပဲ သူတို့ရဲ့ဘဝတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆုံးသတ်သွားခဲ့ကြ။ ငယ်ငယ်ရွ
ကိုယ်တိုင်လည်း လွင့်လွင့်မျောမျောနေခဲ့ဖူ
ပြီးတော့ မှော်ထဲက လူတွေ၊ ဘဝတွေ၊ အဖြစ်အပျက်တွေ၊ ညမွှေးပန်းတွေ၊ လီ
ပြီးတော့ ပစ်သံခတ်သံ၊ လက်နက်ကြီးကျည်ကျကွဲသံ၊ ပြေးလွှား အော်ဟစ်သံတွေ ညိုးညံနေတဲ့မပြီးဆုံးသေးသောစစ်ပွဲတွေအ
ပြီးတော့ ……
ပြီးတော့ …….
ပြီးတော့ …….
မြောက်ဘက်တောင်ကုန်းေ
ကျွန်တော်ကတော့ ထင်ပါသည်။
အရေးအသားတွေဟာ နာကျင်မှုထဲကနေ ထွက်ကျလာတာလား။ သက်သောင့်သက်
ဒါမှမဟုတ် အ ရွေ့တခုဆီပြောင်းလဲသွားစေချင်တဲ့စိတ်ခံစားမှုမျိုးကပဲ ဟန်ချက်ပျက်နေတဲ့လူ့အဖွဲ့အစည်းထဲကိုတိုးဝင်သွားဖို့လှုံဆော် အားပေးခဲ့တာလား။
မျက်ဝန်းနက်နက်၊ ပိပြားသေသပ်သောနှုတ်ခမ်းတစ်စုံ၊ မြင့်မားသော သူ့ရဲ့ကိုယ်နေဟန်ပန်။ တီရှပ်တစ်ထည်နဲ့လီဗို
အဲဒီခေတ်ပြိုင်လူရွယ်လေးဟာ
ပြောမယ်ဆိုရင်ပေါ့။ သူဟာလည်း စက်တင်ဘာကျည်ဆန်တွေကိုသိမှီကြုံတွေ့လာခဲ့တဲ့လူရွယ်တယောက်။ တခုသောစက်တင်ဘာမှာ သွေးဆာနေတဲ့ကျည်ဆန်တွေဟာ သူနဲ့အနီးကပ်ဆုံးနေရာ မှာ အော်ဟစ်ပျံသန်းလာခဲ့တာ ။”ရှစ် လေးလုံး” ကိုသိမီခဲ့တဲ့ စာရေးဆရာ၊ ကဗျာဆရာတွေရဲ့စိတ်ခံစားမှုထဲမှာ ရှစ်လေးလုံးရဲ့အရိပ်တွေ၊အရောင်တွေ၊ အသံဗလံတွေဟာ ဘယ်သောအခါမှ ပြန်ထွက်တော့မှာမဟုတ်တဲ့နစ်ဝင်ခြင်းမျိုး နဲ့ရော ထွေးစိမ့်ဝင်နေခဲ့တာ။ ရှစ်လေးလုံးရဲ့ထင်ရှားတဲ့အမှတ်အသားဖြစ်တဲ့ နာကျင်မှုဟာ သူ့ရဲ့အရေးအသားထဲမှာ တစ်နေရာမဟုတ် တစ်နေရာ ရာမှာ သွားပေါ်နေတတ်တာ။
ရှာရင်တွေ့လိမ့်မယ်၊ သုခမြို့တော်ထဲက ဟာစရီပါးလို၊ တော်တီလာဖလက်ထဲက ကောင်ကြီး ဂျိုးလို၊ မိုဗီဒစ်ကို ရေဆုံးရေဖျားလိုက်ရှာနေတဲ့ ကပ္ပတိန်အေဟက်လို။
ဘီတယ်လ်ထဲက ဂျွန်လင်နွန်လို။ ပင်လယ်ပြာနဲ့ တံငါအိုထဲက စင်တီယာဂိုလို။ လူနာဆောင်အမှတ် ၆ ထဲက နီကီတာလို။ နေ့စဉ်ဘဝတွေထဲမှာ။ အရေးအသားတွေထဲမှာ။
အရေးကြီးဆုံးအချက်ကလည်။ “သူ” ဟာ “သူ” ဖြစ်နေ့ဖို့ပဲမဟုတ်လား။
အဲဒီ ” သူ ” ဟာ …..
အစဉ်အလာတွေထဲက ဖြဲထွက်လာချင်တဲ့လူလား။ နီတိတွေထဲမှာပဲ လေးလံပိတ်မိတဲ့လူလား။ လစ်ဘရယ်သမားလား။ အ ရွေ
………………….လား။
………………….လား။
နှစ်သုံးဆယ်ဟာ လူတွေ၊ ဘဝတွေ၊ အဖြစ်အပျက်တွေ နှစ်ကာလတွေနဲ့ လက်ကျန်မုတ်သုံမိုးရေစက်တွေကို သယ်ဆောင်ပြီး မြောက်ဘက်တောင်ကုန်းဒေသကနေ တငြိမ့်ငြိမ့်စီးဆင်း လာခဲ့ပြီ။
စိတ်ကူးချိုချိုရဲ့ စိမ်းမြပူနွေးတဲ့ စိတ်ကူးစိတ်သန်းတခုဖြစ်ပြီး သြဂုတ်လရဲ့မိုးရေစက်တွေအောက်မှာ ရဲရင့်လန်းဆန်းစွာ ပွင့်ဖူးခဲ့တဲ့အက်ဆေးစာအုပ်တစ်အုပ်ဖြစ်ပါတယ် ။
အဖုံးပန်းချီနဲ့ အတွင်းသရုပ်ဖော်ပုံတွေဟာ အခု အမေရိကကိုရောက်ရှိနေတဲ့ပန်းချီဆရာ သန်းဌေးမောင်ရဲ့ စုတ်ချက်တွေအောက်မှာ သက်ဝင်ရုန်းကြွလို့နေပါတယ် ။
စာအုပ်တန် ဖိုး ၂၅၀၀ ကျပ် နဲ့ ၂၀၁၈ ခုနှစ် သြဂုတ်လထဲမှာ စိတ်ကူးချိုချိုစာအုပ်တိုက်