ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ

ဇော်အောင် (မုံရွာ) ● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈


မော်သာထွေး (မန္တလေး) ပြုစုတဲ့ “စနစ်မတူသောနိုင်ငံများနှင့် မြန်မာ” စာအုပ်ကို မိတ်ဆွေကိုကျော်ငြိမ်းအေးဆီကတဆင့် ရရှိပြီး ဖတ်ရပါတယ်။

ဆရာဦးမော်သာထွေးကတော့ လျှပ်စစ်ဒုဝန်ကြီးအဖြစ် ၂၀၁၃-၂၀၁၆ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ မြို့ပြအင်ဂျင်နီယာ RIT ဘွဲ့ရ (ယခုYTU) အဖြစ် ရေအားလျှပ်စစ်ဌာနမှာ ရေအားလျှပ်စစ်တာတမန်များဆောက်လုပ်ရင်း ၂၀၁၁ မှာ ညွန်ကြား ရေးမှုးချုပ် DG ဖြစ်လာခဲ့သူပါ။ ကိုကျော်ငြိမ်းအေးကတော့ ကျနော်တို့မုံရွာမြို့က ဓာတုအင်ဂျင်နီယာ RIT ဘွဲ့ရဖြစ်ပြီး စစ် အစိုးရကာလမှာ မြန်မာလူငယ်အမြောက်အများ ပည်ပထွက်ပညာသင်အလုပ်လုပ်ခဲ့စဉ်က ထိုင်းနိုင်ငံဘန်ကောက်မြို့ AIT တက္ကသိုလ်မှာ မာစတာနဲ့ ပီအိတ်ဒီ (Ph.D) ပါရဂူဘွဲ့ရရှိခဲ့တယ်။ ဘွဲ့ရပြီး မြန်မာပြည်နည်းပညာတက္ကသိုလ်မှာ အလုပ်ဝင်ရင်း အခု ရန်ကုန် YTU ဧည့်ပါမောက္ခဖြစ်ပါတယ်။ သူတို့ ၂ ဦးစလုံးမြန်မာပြည်ရဲ့အဓိကအကျဆုံးဖြစ်တဲ့ လျှပ်စစ်ကဏ္ဍကို တိုး တက်အောင်မြင်စေချင်သူများဖြစ်ပါတယ်။

ဆရာဦးမော်သာထွေးရေးတဲ့စာအုပ်များက “မှန်ကန်သောရွေးချယ်မှုမှသည် တောက်ပသောအနာဂါတ်ဆီသို့ … Right Choice & Bright Night” စာအုပ်က မြန်မာပြည်လျှပ်စစ်ကဏ္ဍအတွက် အလွန်ကောင်းတဲ့စာအုပ်ဖြစ်ပါတယ်။ ဒီလိုသမ္မတ ဦးသိန်းစိန်လက်ထက်က အဆင့်မြင့်ရာထူးထမ်းဆောင်ခဲ့သူများ ပြန်လည်ဝေငှရေးသားတဲ့စာအုပ်ဟာ အနာဂါတ်မျိုးဆက်သစ်ခေါင်းဆောင်ပျိုးထောင်ရေးအတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။

● စနစ်မတူသောနိုင်ငံများနှင့် မြန်မာ
ယနေ့ အမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့ စင်ကာပူမှာတွေ့ဆုံတဲ့ မြောက်ကိုးရီးယားခေါင်းဆောင် လူငယ်အာဏာရှင် မစ္စ တာကင်မ် (Kim Jong Un) ရဲ့မြောက်ကိုးရီးယားအကြောင်း၊ မြန်မာသမ္မတဟောင်း ဦးသိန်းစိန်အရမ်းလေးစားအားကျတဲ့ တောင်ကိုးရီးယားသမ္မတဟောင်း ပတ်ချုံဟီးရဲ့တောင်ကိုးရီးယားအကြောင်းတွေနဲ့ စတင်ပါတယ်။

ကမ္ဘာ့ဆင်းရဲမွဲတေဆုံးဖြစ်နေတဲ့ အာဏာရှင်မြောက်ကိုးရီးယားနဲ့ ကမ္ဘာ့ထိတ်တန်း တိုးတက်အောင်မြင်နေတဲ့ တောင်ကိုးရီး ယား၊ နှစ်နိုင်ငံအကြောင်းက အလွန်စိတ်ဝင်စားစရာပါ။ မြန်မာတွေပါဝင်ပတ်သတ်မှုများစွာရှိပါတယ်။ တောင်ကိုးရီးယားမှာမြန် မာအမြောက်အများ အလုပ်လုပ်နေပြီး၊ ဦးသိန်းစိန်ခေတ်မှာ မြန်မာအစိုးရဌာနအရာရှိကြီး အမြောက်အများကိုဖိတ်ခေါ်လေ့လာစေပါတယ်။ မြန်မာစစ်အစိုးရလက်ထက်ကတည်းက MRTV ကိုးရီးယားရုပ်သံများလွှင့်ထုတ်ပြီး အတုယူစေခဲ့ပါတယ်။

သမ္မတပတ်ချုံဟီး (၁၉၆၁ – ၁၉၇၉) အလွန်တော်ပြီး၊ ခေါင်းဆောင်ကောင်းဖြစ်ပေမဲ့ ၁၅ နှစ်ကျော်သမ္မတအာဏာရှင်လိုဖြစ်လာချိန်၊ သူ့အတွင်းလူ ထောက်လှမ်းအကြီးကဲကပဲ လုပ်ကြံတာခံရပါတယ်။ ပတ်ချုံဟီးပြုပြင်ပြောင်းလဲမှုတွေက အလွန် ကောင်းမွန်ခဲ့ပြီး၊ သူနှိပ်ကွပ်ခဲ့တဲ့ အတိုက်အခံခေါင်းဆောင် ကင်ဒေဂျုံ (Kim Dae Jung 1998-2003) လက်ထက်မှာ ခေါင်း ဆောင်ပျိုးထောင်ရေးစနစ် မှန်ကန်သွားပါတယ်။ တိုင်းပြည်တဟုန်ထိုး တိုးတက်သွားပါတော့တယ်။

တောင်ကိုးရီးယားအခြေခံဥပဒေအရ ပထမဆုံးအမျိုးသမီးသမ္မတပတ်ဂွမ်ဟီး (Park Guen Hye2013-2017) ကို အဂတိမှု နဲ့ဖမ်းဆီးသလို၊ ယခင်သမ္မတ (၂) ဦး (ဗိုလ်ချုပ်ကြီးဟောင်း ချွန်ဒူးဝမ်နဲ့ နိုတေဝူး) တို့ကိုလည်း အဂတိနဲ့ထောင်ကျ၊ လွတ်ငြိမ်း ချမ်းသာခွင်နဲ့ ပြန်လွတ်လာသူများဖြစ်ပါတယ်။ ယခုသမ္မတ မွန်ဂျေအင်း (Mon Jae In) လက်ထက်မှာ အမေရိကန်-မြောက် ကိုးရီးယား (တရုတ်နောက်ခံ) ငြိမ်းချမ်းရေး စတင်နိုင်ပါပြီ။

ဆရာမော်သာထွေးက အင်္ဂလန်၊ မက္ကဆီကို၊ အမေရိကန်၊ တရုတ်၊ ဇင်ဘာဘွေ၊ ရုရှား၊ စင်ကာပူ၊ မြန်မာ စတဲ့ နိုင်ငံပေါင်း ၁၀ ခုရဲ့ စနစ်မတူမှုတွေကို မြန်မာစရိုက်နဲ့ကိုက်အောင် အသုံးချဖို့ရေးပါတယ်။ တနည်းအားဖြင့် ပိုင်းခြေညှိခြင်းပါပဲ။ 1/2+1/3 = 5/6 လိုမျိုး ပိုင်းခြေညှိတတ်သူများက နိုင်ငံခြားရဲ့စရိုက်ကောင်း၊ စနစ်ကောင်းကို မြန်မာနိုင်ငံအတွက် အကျိုးရှိအောင် သုံးနိုင်နေပါပြီ။

● စာအုပ်ရဲ့နောက်ဆုံးအခန်း
မြန်မာအခန်းကဏ္ဍမှာ တောင်ကိုးရီးယားသမ္မတပတ်ချုံဟီးပြုပြင်ပြောင်းလဲမှုကို ထပ်ရေးပြပါတယ်။ အထူးသဖြင့် သစ် တောတွေမကျန်အောင်ပြုန်းတီးသွားတာကို အလွန်အားကြိုးမာန်အပြည့် သစ်တောပြန်လည်စိုက်ပျိုးမှုများက မြန်မာပြည် အတွက် အလွန်အတုယူရပါမယ်။

မြန်မာ့ရေချိုပိုင်ဆိုင်မှု အရှေ့တောင်အာရှရဲ့ ၁၆.၇ ရာခိုင်နှုန်းရှိပြီး ရေအားလျှပ်စစ်နဲ့ စိုက်ပျိုးရေးအလွန်ကြီးမားတဲ့ သယံဇာ တ အရင်းအမြစ်ကြီးဖြစ်ကြောင်း ခဏ ခဏ ရေးပြပါတယ်။ စာတတ်မြောက်မှု ၈၉.၅ ရာခိုင်နှုန်းလည်း မဆိုးလှပါ။

ကျန်းမာရေးကတော့ လူ့သက်တမ်း အာစီယံမှာ အနိမ့်ဆုံး ၆၆.၈ နှစ်က ဆိုးဝါးပါတယ်။ မွေးစကလေးသေမှုအများဆုံး၊ အ ရက် မူးယစ်နဲ့ ပြည်တွင်းစစ်ပွဲများကြောင့် သက် ၃၀ အောက် သေဆုံးလူလုံးမလှတာတွေ ထည့်တွက်ရင် လူ့သက်တမ်းပိုနိမ့် ကျမှာပါ။ အစားအသောက် ဆေးထိုး၊ ဆေးဖြန်း၊ အချိုမှုန့် အသားမှုန့်၊ ဓာတုဆိုးဆေး၊ လူသေမပုပ်ဆေးတွေ သုံးစွဲနေတာ ကို အစိုးရစတင်ထိမ်းချုပ်နေပါတယ်။ (စကားချပ်..FDA အစားသောက်ညွန်ချုပ် ပာရနူဘွဲ့ရဆရာဝန် စစ်ဗိုလ်ဟောင်း ကို အဂတိမှုနဲ့ဖမ်းဆီးခြင်းက ကျန်းမာရေးအဆင့်မြှင့်ရာမှာ အများကြီးအကျိုးရှိမှာပါ)

သယံဇာတအထူးသဖြင့်ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ကြေးနီ၊ နစ်ကယ်၊ တွင်းထွက်များကို အကျိုးရှိအောင်လုပ်နေပါတယ်။ ယ ခင်အစိုးရများက မတရားစာချုပ်များကို ပြင်ဆင်အသစ်ချုပ်ရမယ်။ လယ်ယာ သားငါးကဏ္ဍကို စက်မှုကုန်ထုတ်လုပ်ငန်းအ ဖြစ်ပြောင်းလဲဖို့ ရေးထားပါတယ်။ (စကားချပ်၊ မြန်မာ့လယ်ယာ သားငါးတိုးတက်နေပါတယ်။ စိုက်သမျှ မွေးသမျှ ဝယ်ယူစား သုံးမယ့် တရုတ်၊ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာ အသင့်ရှိနေပါတယ်)

လျှပ်စစ်ကဏ္ဍကတော့ အာစီယံမှာ ကာဗွန်ထုတ်မှုအနည်းဆုံး မြန်မာပြည်မှာ ရေအား ကျောက်မီးသွေးအား မသုံးနိုင်ဖြစ် နေကြောင်း။ ပညာပေးဖို့ကလည်း မလွယ်၊ လက်ရှိလျှပ်စစ်တပ်ဆင်အား ၃၈၀၀ မဂ္ဂါဝပ် (၂၀၁၅) က မြန်မာ ၃၂ ရာခိုင်နှုန်း လူထုကိုပဲ မီးပေးနိုင်သေးကြောင်း၊ ရေအားလျှပ်စစ်ကို လာအို၊ ထိုင်းနိုင်ငံများအကြောင်း ရေးပြထားပါတယ်။ LNG ရေတိုစီမံ ကိန်းကလည်း တယူနစ် ၁၅၀ ဝန်းကျင် (us$12cents) လောက်ကျသင့်မှာမို့ ဈေးချိုတဲ့ ရေအားလျှပ်စစ် အမြန်ဆုံးအကောင် ထည်ဖော်သင့်ကြောင်း၊ အားမရမချင့်မရဲ ရေးသားထားပါတယ်။ (စကားချပ်။ ရန်ကုန်လူထုဆူပူမှာစိုးလို့ ရေအားလျှပ်စစ် ကျောက်မီးသွေး လျှပ်စစ်မလုပ်နိုင်သေးပေမဲ့ လာအိုကလျှပ်စစ်ဝယ်ယူရေး MoU အမြန်ဆုံးအကောင်ထည်ဖော်ရပါမယ်)

မြန်မာငွေကြေးဖောင်းပွမှုနဲ့ ကုန်ထုတ်လုပ်ငန်း GDP တိုးတက်ဖို့၊ အခွန်ကောက်ခြင်း၊ နိုင်ငံဝင်ငွေတိုးဖို့ သားငါးကဏ္ဍ (ရေလုပ်ငန်း၊ ကြက် ဝက် နွား သိုး ဆိတ် မွေးရေး တနိုင်တပိုင် + စီးပွားဖြစ်လုပ်ငန်းများ) ရေးသားအကြံပြုထားပါတယ်။

● ငြိမ်းချမ်းရေး
မြန်မာရှေးဘုရင်များက စစ်တိုက်အခွန်တုတ်ကော်က်တဲ့စနစ်မှာ မင်းကောင်းဘုရင်စနစ် အလွန်ရှားပါးကြောင်း၊ ညီညွတ် အောင်လုပ်နိုင်တဲ့မင်းများလက်ထက်မှာ တိုးတက်စည်ပင်သာယာခဲ့ကြောင်း၊ ဗိုလ်ချုပ်အောင်ဆန်းပေါ်ထွန်းခဲ့ပေမဲ့ လုပ်ကြံခံ ရပြီး၊ ပည်တွင်းစစ်ကြောင့် စစ်တပ်အင်အား ကြီးလာကြောင်း၊ နောက်ဆုံးစစ်အာဏာသိမ်း တိုင်းပြည်ဆင်းရဲမွဲတေရခြင်းကမညီညွတ်လို့၊ ခေါင်းဆောင်ကောင်းမရှိလို့ဖြစ်ကြောင်း၊ သမ္မတဦးသိန်းစိန်လက်ထက် ၄ နှစ်ကြာ NCA – Nation wide Ceasefire Agreement အပစ်ခတ်ရပ်စဲစာချုပ် စတင်နိုင်ခဲ့ကြောင်း၊ တပ်မတော်က ဖက်ဒရယ်စကားလုံး လက်ခံလာ တာ ဝမ်းသာဖွယ်တွေ့ရှိကြောင်း ရေးထားပါတယ်။

● လူမွေးပါ (ခေါင်းဆောင်ပျိုးထောင်ခြင်းစနစ်)

တပည့်မွေးခြင်းမဟုတ်ကြောင်း၊ နိုင်ငံခေါင်းဆောင်ရပ်ကျေးမှ ပြည်ထောင်စုအဆင့်ထိ …
– စိတ်စေတနာကောင်းပြီး ဆင်ခြင်တုံတရားရှိသူ
– ကိုယ်ကျင့်တရားကောင်းသူ
– အတတ်ပညာ၊ အသိပညာပါသူ
– လုပ်ငန်းအတွေ့အကြုံရှိသူ
– အသက်ရွယ် မငယ်လွန်း မကြီးလွန်းသူ
ရွေးချယ်စနစ်တခု အလွန်လိုအပ်ကြောင်း၊ သမိုင်းကို မအရန် သင်ယူလေ့လာဖို့ သမိုင်းပညာရှင်ကြီး ဒေါက်တာသန်းထွန်းကို ကိုးကားရေးသား ဆန္ဒပြု နိဂုံးချုပ်သွားပါတယ်။

မော်သာထွေး (မန္တလေး)

● သုံးသပ်ချက် (ပုဂ္ဂလိကဏ္ဍ)

၁။ ရေးသားသူက ပြည်ထောင်စုအဆင့် အစိုးရဒုဝန်ကြီးနဲ့ဌာနဆိုင်ရာ အဆင့်ဆင့်တက်လာသူပညာရှင်ဖြစ်ပြီး၊ နိုင်ငံများစွာ ရောက်ဖူးသူဖြစ်တဲ့အပြင် မေတ္တာစေတနာကြီးမားစွာနဲ့ရေးသားထားလို့ ဒီစာအုပ်ကို မြန်မာပြည်ကျောင်းဆရာပေါင်းအတွက် ဆရာလက်စွဲအဖြစ်တောင် ထုတ်ဝေသင့်တယ်ဆိုရင်လွန်အံ့မထင်လို့ သုံးသပ်ချင်ပါတယ်။

၂။ မိမိကတော့ အစိုးရဝန်ထမ်း (ပြန်တမ်းဝင်အရာရှိ အငယ်တန်း) ၅ နှစ်လုပ်ပြီး စင်ကာပူနိုင်ငံအစိုးရ (အများပိုင်) နဲ့ ပုဂ္ဂလိ က ကော်ပိုရိတ်ကုမ္ပဏီကြီးများမှာ ၂၆ နှစ်ကြာလုပ်ကိုင်ရင်း နိုင်ငံတကာက အထူးသဖြင့် ဂျပန်၊ အမေရိကန်၊ ထိုင်း၊ မလေး ရှား၊ သြစတြေးယားများက မြန်မာဒုက္ခသည်၊ ရွှေ့ပြောင်းလုပ်သားများအကြား ရောက်ရှိကျင်လည်ခဲ့ပါတယ်။ မြန်မာ့စရိုက် တွေ အတော်နားလည်ပြီလို့ ထင်မိခဲ့တာပါ။ မှားပါတယ်။

၃။ မြန်မာပြည်ကျေးလက်မြို့များကို ၂၀၁၆ နောက်ပိုင်းသွားရောက်ခံစားကြည့်မိပြီးတဲ့နောက်ပိုင်း အလွန်နက်ရှိုင်းလှတဲ့ ၉၅ ရာခိုင်နှုန်းအခြေခံလူတန်းစားများ၊ တောင်သူများ၊ ဝန်ထမ်းများ ဘဝနဲ့ စရိုက်များကို ပိုမိုနားလည်လာပါတယ်။

အားနာတတ်မှု၊ လှူဒါန်းဒါနပြုလိုခြင်း၊ ဆင်းရဲမွဲတေမှန်းသတိမပြုခြင်း၊ စားသောက်ပျော်ရွှင်မှုများနဲ့ ဘဝကျေနပ်နေခြင်း၊ သည်းခံအားကြီးပေမဲ့ ထစ်ကနဲဒေါသဖြစ်လွယ်ခြင်း၊ အစိုးရဌာနများကို နာခံကြောက်ရွံ့တတ်ခြင်း၊ စုပေါင်းလုပ်ဆောင်မှု အားနည်းခြင်းတွေကိုတွေ့ရပါတယ်။

ထွေအုပ်ကောင်းတဲ့ ကျေးရွာတိုးတက်ပါတယ်။ စုပေါင်းညီညွတ်ကြပါတယ်။

၎။ အခု လူထုရွေးကောက်တဲ့ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ပြည်သူ ၇၅ ရာခိုင်နှုန်း + စစ်တပ် ၂၅ ရာခိုင်နှုန်း အစိုးရက …
– နိုင်ငံရေးအားကောင်းလှပါတယ်
– ခေတ်ပညာတတ်များစွာပါဝင်တယ်
– သို့သော် စီမံခန့်ခွဲမှုအားနည်းတယ်။ ယခုလ သမ္မတဦးဝင်းမြင့် ပုသိမ်မြို့ရောက်လာပြီး ဧရာဝတီတိုင်းအစိုးရနဲ့ဌာနတာဝန်ခံများကိုတွေ့ဆုံပြီး ဆူပူသွားပါတယ်။ ဝန်ကြီးချုပ်က စာတင်လာရင် သေချာမဖတ်ပဲ လက်မှတ်ထိုးပေးတယ်။ ဌာနဆိုင်ရာ များကခိုင်းတာကို အစိုးရဝန်ကြီးတွေကလုပ်ပေးနေတယ်။ ဒါတွေပြောင်းလဲချိန်တန်ပြီလို့ ပြောသွားပါတယ်။

၅။ အတိုင်ပင်ခံပုဂ္ဂိုလ်က သကြားလုံးပေးပါတယ်။ သမ္မတကတော့ ကြိမ်လုံးပေးဖို့ပြောနေပါပြီ။ တပ်မတော်ခေါင်းဆောင်များက ငြိမ်းချမ်းရေးရရင်၂၅ ရာခိုင်နှုန်း တပ်မတော်အမတ်တွေထွက်ခွာမယ်လို့ ကာချုပ်ပြောစကားရှိပါတယ်။

ဆရာမော်သာထွေးက အစိုးရဝန်ထမ်းဟောင်းဖြစ်တော့ သူ့စာအုပ်မှာ စစ်တပ်အရာရှိများဝန်ကြီးဌာနအားလုံးနဲ့ အစိုးရအဖွဲ့ ရဲ့ ၂၅ ရာခိုင်နှုန်း သြဇာအာဏာရှိနေတာ ထည့်မရေးပါဘူး။ သူတို့ ဘယ်လိုပြောင်းလဲမလဲ မေးခွန်းအဖြေက Good Question လို့ ပြောရမလိုပါပဲ။
.
၅။ ကျနော်ကတော့ အစိုးရ ၅ နှစ်၊ ပုဂ္ဂလိကနဲ့ အများပိုင်ကုမ္ပဏီတွေမှာ အောက်ခြေကနေ စီမံခန့်ခွဲရေး Senior Management ၂၆ နှစ်လုပ်ခဲ့ဖူးတော့ မိမိရဲ့အဖြေရေးပါမယ်။

အစိုးရလုပ်ငန်းတွေကို အများပိုင်လုပ်ဖို့ မာစတာပလ္လင် MasterPlan ဥပဒေရှိရပါမယ်။ အခု တလုံးတခဲဝင်လာတော့မဲ့ PPP/BOT တွေအတွက် ဥပဒေရေးဆွဲနေပြီလို့ အရမ်းကောင်းပါတယ်။ BOT လမ်းတွေ ကိုယ်ကျိုးရှာကုမ္ပဏီများကို အရေးယူမလို့ နိုင်ငံတော်ရင်းနှီးမြှုတ်နှံဥပဒေကြီးက ကာကွယ်ထားတယ်လို့ ဆောက်လုပ်ရေးဒုဝန်ကြီးက လွှတ်တော်မှာဖွင့်ပြောတယ်။ ခရိုနီတွေရဲ့ဥပဒေကြီးစိုးထားမှု ချေဖျက်ရပါမယ်။

၆။ နောက်ဆုံးသုံးသပ်ချက်ပါ
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဖြိုးမင်းသိန်း မနှစ်သက်သူများအတွက်တော့ အားနာပါတယ်။ စီးပွားရေးလက်တွေ့အကောင်ထည်ဖော်နေတာ နိုင်ငံစီးပွားတိုင်ကွန်းများရဲ့ရန်ကုန်တိုင်းဖြစ်တော့၊ ဝိသမစီးပွားတိုင်ကွန်းတွေ ကြပ်ကြပ်လာပြီး၊ သမရိုးကျ လုပ်ငန်းရှင်တွေလဲ ကြပ်ကြပ်လာပါတယ်။ ထိုးဖောက်စွန့်ဦးလုပ်ငန်းရှင်များကတော့ တိုးတက်လာပါတယ်။ ပေါ်လစီနဲ့ ဥပဒေ နည်းဥပဒေများကလွှတ်တော်မှာ အားကြီးလာတော့ အစိုးရက များစွာခက်ခဲတွေ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးနဲ့ စီးပွားရေးအားနည်းပေမဲ့ ခေါင်းဆောင်ပျိုးထောင်မှုမှာ အားကောင်းပါ တယ်။ တခေတ်တယောက်ပေါ်ထွန်းလာတဲ့ ခေါင်းဆောင်ဆိုတာ အားလုံးလက်ခံရပါမယ်။ မြန်မာ့စရိုက်နဲ့ယဉ်ကျေးမှုကို စစ်ဗိုလ်ချုပ်ကြီးများလို နားလည်တယ်။ သကြားလုံး အချိုကြွေးပြီး ၂၀၂၀ မှာ ရွေးကောက်ပွဲနိုင်အောင်လုပ်မယ်ဖြစ်ပါတယ်။ကြိမ်လုံးပေးမဲ့ အဂတိကော်မရှင်နဲ့ဝန်ထမ်းစည်းကမ်းကိုတော့ သမတအာဏာနဲ့ အရေးယူမဲ့အခြေအနေရောက်လာပါပြီ။

ဆရာမော်သာထွေးက မြန်မာ ၄ သန်းအလုပ်လုပ်နေတဲ့ ထိုင်းနိုင်ငံစနစ်မရေးထားသလို၊ စစ်တပ်ကအုပ်ချုပ်ရေးက ထွက် သွားရတဲ့ ယခုတဟုန်ထိုးတိုးတက်နေတဲ့ အင်ဒိုနီးရှားကိုရေးမထားပါ။ ဗီယက်နမ်ကိုလဲ ရေးမထားပါ။ မြန်မာပညာရှင်များ အလုပ်လုပ်ကြတဲ့စင်ကာပူတော့ လေးစားစွာရေးထားပါတယ်။

အကောင်းမြင်ပြီး ပကတိမြေပြင်အခြေအနေကို သုံးသပ်ခြင်းဖြစ်ပါတယ်။

ဖြောင့်မတ်.ပညာတတ်များပြားလာမဲ့ခေါင်းဆောင်ပျိုးထောင်ခြင်းစနစ်သစ်မှာ ဆရာမော်သာထွေးမျှော်မှန်းတဲ့ ခေါင်းဆောင် ကောင်းတွေများပြားလာပါမယ်။ လက်ရှိ ၂၅ ရာခိုင်နှုန်း တပ်မတော်နဲ့အရေးပါဌာန ဝန်ထမ်းရာထူးရောက်နေတဲ့ မိုးကျဆိုတဲ့စစ်ဗိုလ်ငြိမ်းများကလည်း၊ အင်ဒိုနီးရှားနိုင်ငံလို ပြောင်းလဲ (သို့မဟုတ်) ပုဂ္ဂလိကကဏ္ဍကိုရောက်သွားကြမယ် မျှော်လင့်ပါတယ်။

ပုဂ္ဂလိကကဏ္ဍကို အခွင့်လမ်းပိုပြီးပေးလိုက်ပါ။ ကြိမ်လုံးအဂတိကော်မရှင် အလုပ်လုပ်ပါစေ။ အစိုးရလုပ်ငန်းကြီးတွေလဲ အများပိုင်မြန်မြန်လုပ်ဖို့ကြိုးစားပါ။ အစိုးရပုဂ္ဂလိကနဲ့ တပ်မတော်စီးပွားတွေ အောင်မြင်လာပြီး လက်နက်ကိုင်များငြိမ်းချမ်း ရေးလဲ ဆရာမော်သာထွေးရေးတဲ့ NCA ပါဝင်အောင်မြင်လာပါမယ်။

ဇော်အောင် (မုံရွာ)
၃၁ အောက်တိုဘာ၊ ၂၀၁၈

ဆက်စပ်ဆောင်းပါး
POSH မလေးရှားတိုင်ကွန်း၊ အရှေ့တောင်အာရှ အချမ်းသာဆုံးဘီလျံနာ ရောဘတ်ကွပ် ရှယ်ယာအများဆုံးပိုင်တဲ့ ကမ်းလွန် ရေနံသင်္ဘောကုမ္ပဏီ..

Link..
https://m.facebook.com/story.php?story_fbid=10155439567583472&id=755653471


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts