မိုးမခရုပ်သံ

ကေဇွန်နွေး (MyanmarNow) ● ကချင်ပြည်နယ် ဝါရှောင်ဆရာတော် မိန့်ကြားသည့် ငြိမ်းချမ်းရေးနည်းနာ (ရုပ်သံ)

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ကေဇွန်နွေး (MyanmarNow) ကချင်ပြည်နယ် ဝါရှောင်ဆရာတော် မိန့်ကြားသည့် ငြိမ်းချမ်းရေးနည်းနာ (ရုပ်သံ)
(မိုးမခ) စက်တင်ဘာ ၂၇၊ ၂၀၁၈
လက်နက်ကိုင်ပဋိပက္ခနောက်ဆက်တွဲ ဖြစ်ပေါ်လာသည့်
ဒေသခံအချင်းချင်း အထင်မှားမှု၊ အဆင်မပြေမှုများ လျော့နည်းပပျောက်ရေးအတွက် ကြိုးပမ်းနေသူများထဲတွင်  ဝိုင်းမော်မြို့နယ်မှ ဆရာတော်ဦးဝိဇယလည်း ပါဝင်သည်။

 

ကချင်ပြည်နယ်၊
ဝိုင်းမော်မြို့နယ် ဝါရှောင်ကျောင်းတိုက်မှ ဦးဝိဇယသည် ငယ်ရွယ်စဉ်က ဗိုလ်ချုပ်ဂွန်မော်
အပါအဝင် ကချင်လက်နက်ကိုင်အဖွဲ့  (KIA)  ၏ ခေါင်းဆောင်ဖြစ်လာမည့်သူတချို့နှင့် ရင်းနှီးခဲ့သည်။

ထိုရင်းနှီးမှုသည်
ဆရာတော်၏ ဒေသတွင်း ငြိမ်းချမ်းရေး လုပ်ရှားမှုတွင် အထောက်အကူဖြစ်နေသည်ကို တွေ့ရသည်။ 

ဒေသတွင်း
ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲတို့ကြောင့် ပေါ်ပေါက်လာသည့် ကချင်၊ ရှမ်းနီ
ဒေသခံ အချင်းချင်း နားလည်မှုလွဲခြင်း၊ ပဋိပက္ခဖြစ်ခြင်းတို့ လျော့နည်း ပပျောက်သွားစေရန်လည်း
အများအပြားက ကြိုးပမ်း ထိန်းသိမ်းနေကြသည်။
ထိုအခြေအနေနှင့်
ပတ်သက်ပြီး မကြာသေးခင်က ဦးဝိဇယနှင့် တွေ့ဆုံမေးမြန်းထားသည်များထဲမှ တချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts