News မြန်မာပြည်တွင်း

မောင်သော်တာရဲ့ ကိုယ်ရောင်ဖျောက်ထားတဲ့ကြယ် ကဗျာစုစည်းမှု ထွက်ပြီ

မောင်သော်တာရဲ့ ကိုယ်ရောင်ဖျောက်ထားတဲ့ကြယ် ကဗျာစုစည်းမှု ထွက်ပြီ
MTD
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၈ 

မောင်သော်တာရဲ့ကိုယ်ရောင်ဖျောက်ထားတဲ့ ကြယ်အမည်ရှိတဲ့ ကဗျာစုစည်းမှုစာအုပ်ကို မြန်မာ့ခြေရာ စာပေ(၀၁၄၄၁) မှ ၂၀၁၈ အောက်တိုဘာလမှ ပထမအကြိမ်အဖြစ် စတင်ထုတ်ဝေဖြန့်ချိမှာ ဖြစ်ပါတယ်။

၂၀၁၃ မှ၂၀၁၇ အထိရေးသားခဲ့တဲ့ကဗျာတွေထဲမှ (၄၁) ပုဒ်ကို စုစည်းထားတာဖြစ်တယ်လို့ သိရပါတယ်။
အဆင်ပြေလားသူငယ်ချင်း (ခေတ်ရနံ့မဂ္ဂဇင်း၂၀၁၅နိုဝင်ဘာ) နဲ့ ငါ့ရင်ဘတ်မှာထိုးထားတဲ့ တက်တူးဟာ မင်းပဲမိုင်ဂျာယန် (ဒီလှိုင်းဂျာနယ် ၂၀၁၆) ကလွဲလို့ ကျန်တဲ့ကဗျာတွေဟာ မဂ္ဂဇင်းစာမျက်နှာပေါ် မရောက်သေးတဲ့ကဗျာတွေဖြစ်တယ်လို့ သိရပါတယ်။ 
တရားမျှတမှု၊
လူမှုဘဝငြိမ်းချမ်းရေးနဲ့ ပုဂ္ဂလိကအတွေးအမြင်များကိုရေးဖွဲ့ထားတဲ့ကဗျာများဖြစ်ပါတယ်။




စာအုပ်မျက်နှာဖုံးကို ပန်းချီဝင်းတင့်က ရေးဆွဲသရုပ်ဖော်ပေးထားပြီး စာအုပ်တန်ဖိုး ၁၅၀၀ ကျပ်၊ တဦးချင်းမှာယူလိုပါက # မိုင်ဂျာယန်စာပေ ဖုန်း ၀၉
၇၆၂၂ ၀၀၄၅၄ ဆက်သွယ်မှာယူနိုင်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts