အောင်ဝေး

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )

အောင်ဝေး – ချ စ် လို့ေ ရး တဲ့ က ဗျာ ( ၁ ၅ )

(မိုးမခ) စက်တင်ဘာ ၁၅၊ ၂ဝ၁၈

တစ်အချက်- ဆန့်ကျင်တယ်။

နှစ်အချက်- မကြောက်ဘူး။

သူတို့

သူမရဲ့ဓာတ်ပုံတွေ ပြန်ဖြုတ်ချကြ

သူတို့

သူမရဲ့ဆုတံဆိပ်တွေ ပြန်ရုပ်သိမ်းကြ

သူတို့။

ငါတို့

တစ်အချက်- ဆန့်ကျင်တယ်

ငါတို့

နှစ်အချက်- မကြောက်ဘူး

ငါတို့။

သူတို့

သူမကို လည်ပင်းကြိုးကွင်းစွပ်ဖို့ ကြံစည်ကြ

သူတို့

သူမကို ရာထူးက နုတ်ထွက်ဖို့ ဖိအားပေးကြ

သူတို့။

ငါတို့

တစ်အချက်- ဆန့်ကျင်တယ်

ငါတို့

နှစ်အချက်- မကြောက်ဘူး

ငါတို့။

သူတို့

တချို့က ပြည်တွင်းက အမျိုးသားသစ္စာဖောက်

သူတို့

တချို့က ပြည်ပက လစ်ဘရယ်ဒီမိုကရေစီနောက်မြီးဆွဲ

သူတို့။

ငါတို့

တချို့က သူမရဲ့သစ္စာခံနောက်လိုက်

ငါတို့

တချို့က သူမရဲ့ မဟာမိတ်အတိုက်အခံ

ငါတို့။

(ဥပဒေသ)

ယနေ့ သူမအား ပြစ်တင် ရှုတ်ချ တိုက်ခိုက်နေသူအားလုံးသည် စစ်သွေးကြွ အစွန်းရောက် အကြမ်းဖက်ဝါဒအား တိုက်ရိုက်တစ်ဖုံ သွယ်ဝိုက်တစ်နည်း ထောက်ခံအားပေးနေသူများသာဖြစ်သည်။

တစ်အချက်- ဆန့်ကျင်တယ်။

နှစ်အချက်- မကြောက်ဘူး။ ။

သူ မ ၏ က ဗျာ ဆ ရာ တ စ် ဦး

(စက်တင်ဘာ ၁၁- ၂ဝ၁၈)

photo -Thar Byaw

ကဗျာ- Aung Way


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts