ဇင်လင်း – သတင်းမီဒီယာများ၏ ဗဟုသဘောထား အမြင်များကို လမ်းဖွင့်ပေးဖို့လိုသည်

သတင်းမီဒီယာများ၏ဗဟုသဘောထားအမြင်များကို လမ်းဖွင့်ပေးဖို့ လိုသည်
ဇင်လင်း 
(မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၈
သတင်းစာလွတ်လပ်ခွင့်နှင့်ပတ်သက် ယေဘုယျအခြေအနေကို ဖော်ညွှန်းပြသသည့်  နယ်စည်းမခြား သတင်းသမားများအဖွဲ့ (RSF) ၏ ၂၀၁၈ ခုနှစ်ညွှန်းကိန်း(Index) အရဆိုလျှင် နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံ၏အဆင့်သည် ၁၃၇ တွင် ရှိနေသည်။ ၂၀၁၇ ခုနှစ်က မြန်မာ့သတင်းလွတ်လပ်ခွင့်သည် အဆင့် ၁၃၁ ဖြစ်သဖြင့် ယခုနှစ်တွင် ၆ ဆင့် ကျဆင်းသွားသည်။ 
အထူးသဖြင့် စက်တင်ဘာ ၃ ရက်နေ့က ရိုက်တာသတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် နိုင်ငံ၏သတင်းလွတ်လပ်ခွင့် ပုံရိပ်ကို အကြီးအကျယ်ထိခိုက်စေသည်။ ရိုက်တာသတင်းထောက် (၂)ဦး ကို ထောင်ဒဏ်ချမှတ်လိုက်ခြင်းနှင့်ပတ်သက် ရိုက်တာသတင်းဌာန အယ်ဒီတာချုပ် စတီဖင် အက်ဒလာ (Stephen J. Adler) က ယခုကိစ္စသည် မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်ကို အကြီးအကျယ် နောက်ပြန်ဆုတ်သွား သည့်လက္ခဏာဖြစ်သည်ဟုဆိုသည်။ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာပြောဆိုခွင့် စသည်တို့နှင့် လွဲချော်နေ အစိုးရအနေဖြင့် အမြန်ဆုံးပြန်လည်ပြင်ဆင်သင့်ကြောင်း က တိုက် တွန်းထားသည်။

သတင်းသမားများ/သတင်းမီဒီယာအဖွဲ့အစည်းများနှင့် အစိုးရ/တပ်မတော်အာဏာပိုင်တို့အကြား တင်းမာမှုအခြေအနေ များဖြစ်လာခြင်းသည် မြန်မာသတင်းမီဒီယာလွတ်လပ်ခွင့်ဆုတ်ယုတ်မှုကို ပြသနေခြင်းဖြစ်သည်။ ပွင့်လင်းမြင်သာမှုမရှိတာဝန်ခံမှုမရှိဘဲ သတင်းသမားများကို
ဖမ်းဆီးချုပ်နှောင်ခြင်းသည် အရပ်သားအစိုးရ၏ မူဝါဒဖြစ်သော အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အယုံအကြည်ကင်းမဲ့စေသည်။ 

ရိုက်တာသတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ထောင်ဒဏ် ၇ နှစ်စီ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းသည် သတင်းထောက်များအား စံနမူနာပြ ခြိမ်းခြောက်မှုဟု ဆိုနိုင်သည်။ တနည်းအားဖြင့် တပ်မတော်နှင့်အစိုးရအနေဖြင့် နိုင်ငံ၏ပုံရိပ်ကိုကျဆင်းအောင်လုပ်သလို ဖြစ်နေသည်။
မကြာသေးမီနှစ်များအတွင်းက နိုင်ငံတကာတွင် သတင်းထောက်နှင့်မီဒီယာလုပ်သားများအား ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု အရေအတွက်နှုန်းထားသာဓကများသည် စိုးရိမ်ဖွယ်ရာကောင်းလှ သည်ဟု “ကုလသမဂပညာရေး
သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့” (UNESCO) က ဆိုသည်။
ထို့ပြင် သတင်းလွတ်လပ်ခွင့်ကိုကျင့်သုံးဆောင်ရွက်သည့် သူတို့၏အရည်အချင်းများကိုထိခိုက်နစ်နာစေသည့်အဖြစ်အပျက်များလည်း ဖြစ်ပွားခဲ့သည်ဟု ]ဆိုသည်။ ထို့ပြင် တရားစွဲဆိုခြိမ်းခြောက်မှုများ၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ သတင်းလိုက်ခွင့် ပိတ်ပင်ဟန့်တားခြင်း၊ တိုက်ခိုက်သူတို့အား ရာဇဝတ်ကြောင်းအရ စုံစမ်းစစ် ဆေးအရေးယူယူရန် ကြိုးပမ်းမှုများအရေးနိမ့်ခြင်း စသည့်အကြောင်းများကြောင့် လွတ်လပ်စွာသတင်းရယူမှုကို ထိခိုက်ကျဆင်းစေခဲ့ကြောင်းလည်း
ဖော်ပြသည်။
သက်သေအထောက်အထားများသည် ထပ်ခါထပ်ခါ သတိပြုမိစရာဖြစ်လာသည်။
နိုင်ငံတကာမိသားစု၊ အစိုးရပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ(NGOs) နှင့် အခြား တာဝန်ရှိ အဖွဲ့အစည်းများက သတင်းလွတ်လပ်ခွင့်အတွက်စိုးရိမ်စရာအခြေအနေများကို ထပ်တလဲလဲတွေ့ရှိနေရကြောင်း အစီရင်ခံခဲ့ကြသည်။
ကုလသမဂ ပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာ
အဖွဲ့(
UNESCO)သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့(CPJ)နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) နိုင်ငံ တကာသတင်းဘေးကင်းရေးအဖွဲ့ (INSI)နိုင်ငံတကာ လွတ်လပ်စွာ အမြင်ဖလှယ်ရေးအဖွဲ့ (IFEX) နှင့် အမေရိကတိုက် သတင်းစာအဖွဲ့ (IAPA) အစရှိသော သတင်းအဖွဲ့အစည်း အားလုံးက သတင်းထောက်တာဝန်ထမ်းဆောင်စဉ် သေဆုံးခဲ့ရသောသတင်းသမားများအရေအတွက် ကိန်းဂဏန်းများကို စုဆောင်းခဲ့ကြသည်။ အရေအတွက်မှာ
ထိတ်လန့်စရာဖြစ်သည်။ နယ်စည်းမခြားသတင်းသမားများအဖွဲ့(
RSF)၏အစီရင်ခံစာအရ ၂၀၁၅ ခုနှစ်အတွင်း သတင်းထောက်နှင့်သတင်းစာဆရာ စုစုပေါင်း ၁၁၀ လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည်။ ၂၀၀၅ မှ ၂၀၁၅ ဆယ်စုနှစ်တစ်ခုအတွင်း သတင်းသမားပေါင်း ၇၅၀ ခန့်သတ်ဖြတ်ခံခဲ့ရသည်ဟု RSF က အစီရင်ခံတင်ပြထားသည်။ ၂၀၁၈ ခုနှစ် ပထမ ၆ လအတွင်း
ကမ္ဘာတဝှမ်း၌ သတင်းမီဒီယာသမား ၄၇ ယောက် အသတ်ခံခဲ့ရသည်ဟု
RSF)၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အပြင် (IFEX) အဆိုအရ ထိုပြစ်မှုများကိုကျူးလွန်သူများ၏ရာဇ၀တ်မှု
(၁၀)မှုတွင် (၉)မှုသည် ရုံးတင်တရားစွဲဆိုခြင်းမခံရချေ။ ဥပဒေ၏အပြစ်ပေးခြင်းမှ ကင်းလွတ်ခွင့်ရရှိနေခြင်း
(Impunity) ကြောင့် သတင်းထောက်များအား အကြမ်းဖက်တိုက်ခိုက်မှုသံသရာကို သက်ဆိုးရှည်လျက် ရှိနေစေ သည်။ ထို့ကြောင့် တိုက်ခိုက်သူတို့အား တရားဥပဒေ၏ရှေ့မှောက်သို့ရောက်ရှိအာင် ဆောင်ရွက်နိုင်ခြင်းမရှိဟုဆိုရပေမည်။တိုက်ခိုက်မှုများကိုကျူးလွန်သည့် ရာဇဝတ်ကောင်များသည် စင်စစ် လူ့ အခွင့်အရေး ချိုးဖော်က်သူများဖြစ်သည်။
သတင်းထောက်များ‘ဘေး အန္တရာယ်ကင်းရှင်းလုံခြုံရေး’နှင့် သတင်းသမားများကိုသတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရရှိနေသည့်ကိစ္စကို တိုက်ဖျက်ရေး’ တို့သည် အရေးတကြီးလုပ်ဆောင်ရမည့်အလုပ်များဖြစ်သည်ဟု UNESCO က ဆိုသည်။  ထိုသို့လုပ်ဆောင်မှသာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၉ က အာမခံထား သော ‘လွတ်လပ်စွာဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်’(freedom of expression) ကို အရှည်တည်တန့်နိုင်စေမည်ဖြစ်သည်။ ‘လွတ်လပ်စွာဖွင့်ဟထုတ် ဖော်ပြောဆိုခွင့်’ သည် တစ်ဦးချင်းအတွက် ရပိုင်ခွင့်အခွင့်အရေးဖြစ်ပြီး၊ ကိစ္စအတွက် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ရန်အကြောင်းမရှိချေ။ ထို့ပြင် ‘လွတ်လပ်စွာ ဖွင့်ဟထုတ် ဖော်ပြောဆိုခွင့်’ သည် လူအများ၏စုပေါင်းကျင့်သုံးနိုင်သည့် အခွင့်အရေးလည်း ဖြစ်သည်။ ထိုအခွင့်အရေးက လူထုအားစကားပြောဆိုဆွေးနွေးခြင်း၊  ဒီမိုကရေစီအရေးအရာများတွင် ပါဝင်စေ ခြင်း စသဖြင့်ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် အားပေးခွင့်ပြုသည်။ ထို့ကြောင့် ကိုယ်တိုင်ဆုံးဖြတ်ဆောင် ရွက်ခွင့် နှင့်ရေရှည်တည်တန့်နိုင်သော ဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်နိုင်စေမည် ဖြစ်သည်။
‘လွတ်လပ်စွာ ဖွင့်ဟထုတ်ဖော် ပြောဆိုခွင့်’ (freedom of expression)  နှင့် သတင်းစာလွတ်လပ်ခွင့်(Freedom of the Press) မရှိပါက သတင်းအချက်အလက်များရရှိလျက် တက်ကြွစွာပါဝင်ပတ် သက်ပြောဆိုဆွေးနွေးနိုင်သောနိုင်ငံသားများ ပေါ်ပေါက်ရန် မဖြစ်နိုင်ဟုလည်း ယူနက်စကိုက ဖော်ပြသည်။
သတင်းထောက်များဘေးအန္တရာယ် ကင်းရှင်းလုံခြုံသည့်ပတ်ဝန်းကျင်မျိုးတွင် နိုင်ငံသားများအဖို့ ယုံကြည်အားထားလောက်သောသတင်းအချက်အလက်များ
လွယ်ကူစွာရရှိနိုင်သည်။ 
အကျိုးဆက်အဖြစ်(လွတ်လပ်မျှ တသော စီမံအုပ်ချုပ်ရေးနှင့်ဆင်းရဲမွဲတေမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ကျား/မ-တန်းတူရေးနှင့် အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး၊   တရားမျှတမှုနှင့် လူ့အခွင့်အရေးဆိုင်ရာ ယဉ်ကျေးမှု အစရှိသော) ရည်ရွယ်ချက်အများအပြားကို အကောင်အထည်ဖော်ရန် ဖြစ်နိုင်သည်ဟုလည်း  UNESCO က ဆိုသည်။ 
သို့ဖြစ် ဥပဒေအရ အရေးယူခံရမည့်ကိစ္စမှ
ကင်းလွတ်ခွင့်ရနေခြင်း (
impunity) အား ထိန်းချုပ်မှုမလုပ်နိုင်ပါက၊ သတင်းထောက်နှင့် မီဒီယာသမားများသတ်ဖြတ်ခံရမှုများကို စုံစမ်းစစ်ဆေးနိုင်ခွင့် ဆုံးရှုံးနေဦးမည်ဖြစ်သည်။ 
သတင်းထောက်များ၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်ကန့်သတ်ဟန့်တားခံရခြင်းသည် လူ့အဖွဲ့အစည်းတခုလုံးအဖို့ သတင်း အချက်အလက်ပါဝင်ဖြန့်ဝေနိုင်ခွင့်ကို ရုပ်သိမ်းခံရခြင်းဖြစ်သည်။
ထိုအချက်သည် သတင်းစာလွတ်လပ်ခွင့်အပေါ် ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုဖြစ်စေသည်။ ယင်းသက်ရောက်မှုကြောင့် ခြိမ်းခြောက်မှုနှင့် အကြမ်းဖက်မှုပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေပြီး ကိုယ်တိုင်သတင်းဆင်ဆာလုပ်ရမည့် အခြေအနေဆီသို့ တွန်းပို့သလို ဖြစ်စေသည်ဟု
UNESCO က ဆိုသည်။    
ထိုကဲ့သို့သော ပတ်ဝန်းကျင် အခြေအနေမျိုးဖြစ်ပေါ်လာပါက လူ့အဖွဲ့အစည်းများကို ထိခိုက်နစ်နာမှု ဖြစ်စေသည်။ 
အဘယ်ကြောင့်ဆိုသော် သတင်း အချက်အလက်ပြည့်စုံစွာမရရှိသည့် လူ့အသိုင်းအဝိုင်းအနေနှင့် သူတို့၏အစွမ်းအစများကို မသိရှိနိုင် ဖြစ်သည်။ ဥပဒေအရအရေးယူခံရမည့် အမှုကိစ္စမှကင်းလွတ်ခွင့်ရနေခြင်း (impunity)ကိုအဆုံးသတ်ပစ်နိုင်ရန် အားထုတ်ဆောင်ရွက်ရာတွင် သတင်းထောက်များအားတိုက်ခိုက်သည့် ရာဇဝတ်မှုများကိုလည်း အလေးထားစဉ်းစားရမည်ဖြစ် သည်။
ကိစ္စသည် ယေဘုယျအားဖြင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ (human rights defenders) ကို အကာအကွယ်ပေးရေးနှင့်လည်း တဆက်တစပ်တည်း ဖြစ်သည်။
ပြင် သတင်းထောက်များအား ကာကွယ်စောင့်ရှောက်ခြင်းသည် သာမန်သတင်းထောက်အဖြစ် အသိအမှတ်ပြုထားသူများကိုသာမက၊ အခြားရပ်ရွာအခြေပြု မီဒီယာ လုပ်သားများ၊ ရပ်ရွာအခြေပြု အပျော်တမ်းသတင်းထောက်များ (citizen journalists)နှင့် အခြားမီဒီယာအသစ်ကိုအသုံးပြု လူထုထံ သတင်းဖြန့်ဝေသူများအားလည်း ကာကွယ်စောင့်ရှောက် သင့်သည်ဟုUNESCO က အစီရင်ခံတင်ပြထားသည်။ 
သတင်းထောက်များ‘ဘေးအန္တ ရာယ် ကင်းရှင်းလုံခြုံရေး’နှင့် သတင်းသမားများကိုသတ်ဖြတ်သူများ ‘ဥပဒေမှ ကင်းလွတ်ခွင့်ရ ရှိနေသည့်ကိစ္စကိုတိုက်ဖျက်ရေး’ တို့ သည် ပြနာ ဖြစ်ပြီးမှ ထိန်းထိန်းသိမ်းသိမ်းအရေးယူရမည့်ကိစ္စမျိုးမဟုတ်ပေ။ 
ထိုသို့လုပ်ရမည့်အစား၊ ကြိုတင် ကာကွယ်သည့်အစီအစဉ်များချမှတ်လုပ်ဆောင်ထားရန် လိုအပ်သည်။ ပြင် သတင်းထောက်များအားအကြမ်းဖက်ခြင်းနှင့် ဥပဒေအရအရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရနေခြင်းတို့၏ မူလဘူတ အကြောင်းရင်းများကိုဖြေရှင်းရန် လိုပေသည်။ သို့မှသာ အကျင့်ပျက်ခြစားခြင်း၊ ကြိုတင်ပြင်ဆင်ရာဇဝတ်မှုကျူးလွန်ခြင်းကဲ့သို့သောပြနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ပေမည်။ ဒုစရိုက်အခြေခံ အစိတ်အပိုင်းများကိုလည်း ထိရောက်သော တရားဥပဒေစိုးမိုးရေးဖွဲ့စည်းပုံဖြင့် တုံ့ပြန်နိုင်ပေသည်။
ထို့ပြင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို ပိတ်ပင်ဟန့်တားသည့် ဥပဒေများကိုလည်း ဖျက်သိမ်းပစ်ရပေမည်။ (ဥပမာ– အလွန်အကျွံ ကန့်သတ်ချုပ်ချယ် သည့် အသရေဖျက်မှု ဥပဒေများ)။
မီဒီယာလုပ်ငန်းဌာနများအနေဖြင့် သတင်းထောက်များ၏လုပ်ခလစာနိမ့်ကျမှုနှင့် လုပ်ငန်းကျွမ်းကျင်မှု တိုးတက်ကောင်းမွန်ရေးကိစ္စတို့ကိုလည်း ဖြေရှင်းပေးရမည် ဖြစ်သည်။
စိန်ခေါ်မှုများကို ဖြစ်နိုင်သမျှအတိုင်းအတာဖြင့် လူအများသတိပြုသိရှိလာစေရန် လုပ်ဆောင်ရမည်။
ထိုကိစ္စကို အရေးယူဆောင်ရွက်ရန်ပျက်ကွက်မှု၏နောက်ဆက်တွဲပေါ်ပေါက်လာမည့်အကျိုးဆက်များကိုလည်း လူထုအများသိရှိအောင် ဆောင်ရွက်ရမည်။
သတင်းထောက်များအား အကာအကွယ်ပေးရေးကိစ္စကို ဒေသအလိုက် အမှန်တကယ်ထိခိုက်နစ်နာခဲ့သည့်သတင်းထောက်များလက်ခံလာအောင် ဆောင်ရွက်ရ မည်။ ဥပမာ အကျင့်ပျက်ခြစားခြင်းနှင့် ကြိုတင်ပြင်ဆင်ရာဇဝတ်မှုကျူးလွန်ခြင်းအကြောင်းအရာများကို သတင်းပို့သည့်သတင်းထောက်များသည် ဒုစရိုက်ဂိုဏ်း များ၏ပစ်မှတ်ဖြစ်လာမှုများပိုများလာနေသည်။ ဒေသခံများ၏လိုအပ်ချက်များနှင့်အညီ ပုံစံချမှတ်ဆောင်ရွက်သည့်နည်းလမ်းများကို အားပေးသင့်ကြောင်း
UNESCO က အကြံပြုထားသည်။ 
အထက်ပါအချက်များကို ထည့်သွင်းစဉ်းစားလျက်၊ စစ်မက်ဖြစ်ပွားနေသည့် ဒေသများနှင့်စစ်မဲ့ဇုံများတွင်ပါ၊ သတင်းထောက်များ ဘေးကင်းလုံခြုံမှုသေချာစေရန် ဥပဒေဖွဲ့စည်းချမှတ်ခြင်းနှင့် ကျင့်သုံးခြင်းဆိုင်ရာနည်းလမ်းအချို့ကို ကုလသမဂအနေဖြင့် လက်ခံထားပေသည်။ လွတ်လပ် အမှီအခိုကင်းပြီး ဗဟုသဘောထားအမြင်များကိုလက်ခံသောမီဒီယာအဖွဲ့များအပေါ်တွင် ကုလသမဂ၏အင်အားနှင့်အခွင့်အလမ်းများ တည်မှီပေသည်။ ထို့ပြင် ဥပဒေဖွဲ့စည်းထားရှိမှုများနှင့် လွတ်လပ်သည့် ဒီမိုကရေစီအဖွဲ့အစည်းများကလည်း ထောက်ကူမှုပြုပေသည်။
နိုင်ငံတကာအဆင့်တွင် ကုလသမဂ လုံခြုံရေးကောင်စီသည် ဆုံးဖြတ်ချက်အမှတ် S/RES/1738 ကို ၂၀၀၆ ခုနှစ်တွင် လက်ခံအတည်ပြုခဲ့သည်။ ထိုဆုံးဖြတ်ချက်အရ စစ်ပွဲများအတွင်း၌ သတင်းထောက်များ၏လုံခြုံရေးအတွက် ရှင်းလင်း လက်တွေ့ကျသောနည်းလမ်းကို အတည်ပြုခဲ့သည်။ ကုလသမဂ အထွေထွေအတွင်းရေးမှူးချုပ်က ထိုစဉ်ကပင် ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် နှစ်ပတ်လည်အစီရင်ခံစာတွင်ထည့်သွင်း အထွေထွေညီလာခံသို့တင်သွင်းခဲ့သည်။
အပြင် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်း ကြီးရုံး (OHCHR) ကလည်း ကိစ္စနှင့် စပ်လျဉ်း၍ အလေးဂရုပြုကြစေရန် နှိုးဆော်လျက် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သည်။ လူ့အခွင့်အရေးကောင်စီ (HRC)သို့(OHCHR) က အစီရင်ခံစာများတင်သွင်းရာတွင် ကိစ္စကို ထည့်သွင်းတင်ပြခဲ့သည်။ ကိစ္စအတွက် ‘လွတ်လပ်စွာထင်မြင် ယူဆချက် ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်ကို မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာကုလသမဂအထူးကိုယ်စားလှယ်’ (Special Rapporteur on the promotion and
protection of the right to freedom of opinion and expression)
နှင့် OHCHR က နီးကပ်စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ထို့ပြင် လွတ်လပ်စွာ ထင်မြင် ယူဆချက် ဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်မှုနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များစုဆောင်းရန်၊ အစိုးရ၊NGOs နှင့် အခြားအဖွဲ့အစည်းများထံမှ ဆက်စပ်ပတ်သက်သည့် သတင်းအချက်အလက်များရှာဖွေ ရယူခွင့် လက်ခံခွင့်နှင့် တုံ့ပြန်ခွင့်ရှိရန်၊ လွတ်လပ်စွာဖွင့်ဟထုတ်ဖော်ပြောဆိုခွင့်ကို မည်သို့ အကောင်း ဆုံးမြှင့်တင်သင့်ကြောင်း ထောက်ခံချက်များပေးရန် OHCHR အား လုပ်ပိုင်ခွင့်ပေးထားသည်။ အခြားကုလသမဂအထူးသံတမန်များဖြစ်သည့် ဥပဒေပြင်ပအကျဉ်းရုံးတရားစီရင်ခြင်းဆိုင်ရာ စုံစမ်းစစ် ဆေးရေး ကုလသမဂအထူးကိုယ်စားလှယ်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကုလသမဂအထူးကိုယ်စားလှယ်၊ နှိပ်စက်ညှဉ်းပမ်းမှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးကုလသမဂ အထူးကိုယ်စားလှယ်နှင့် စုံစမ်းစစ်ဆေးရေး ကုလသမဂအထူးကိုယ်စားလှယ်၊ အဓမ္မဖျောက်ဖျက်ခြင်းနှင့် ဥပဒေမဲ့ဖမ်းဆီးချုပ်နှောင်ခြင်းဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကုလသမဂ အထူးကိုယ်စားလှယ်တို့တွင်လည်း ကိစ္စနှင့်ပတ်သက် လုံးဝတာဝန်ရှိပေ သည်။
“အကြမ်းဖက်မှုကြောင့် အသက် ဆုံးရှုံးရသော သတင်းထောက်(သို့မဟုတ်) ခြိမ်းခြောက်ခံရသဖြင့် သတင်းမလိုက်ဝံ့သည့်သတင်းထောက်မှန်သမျှသည် စိတ်ပိုင်းဆိုင်ရာ ထိခိုက်ရသည့်လူသား သက်သေဖြစ်သည်။ ထိုးနှက်တိုက်ခိုက်မှုတိုင်းသည် အမှန်တရားကိုပျက်စီးယိုယွင်းစေသည်။
တိုက်ခိုက်မှုကြောင့် ထိတ်လန့်ကြောက်ရွံ့မှုပတ်ဝန်းကျင်နှင့် ကိုယ်တိုင် သတင်းဆင် ဆာဖြတ်တောက်မှုတို့ကို ဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။ ” 
(Barry
James in Press Freedom: Safety of Journalists and Impunity. UNESCO
Publications: 2002)
သို့ဖြစ် ကုလသမဂအဖွဲ့ဝင်နိုင်ငံဖြစ်သော မြန်မာနိုင်ငံအနေနှင့်လည်း ကုလသမဂကချမှတ်လက်ခံထားသည့် သတင်းစာ လွတ် လပ်ခွင့်နှင့် သတင်းသမားများဘေးကင်းလုံခြုံရေးဆိုင်ရာ အခြေခံမူများနှင့်အညီ၊ စစ်မက်ဖြစ်ပွားနေသည့်ဒေသများနှင့် စစ်မဲ့ဇုံများတွင်ပါ၊ သတင်းထောက်များဘေးကင်းလုံခြုံမှုသေချာစေရန် ဥပဒေဖွဲ့စည်းချမှတ်ကျင့်သုံးရန် စတင်သင့်ပြီ ဖြစ်သည်။ 
လွတ်လပ် အမှီအခိုကင်းသော သတင်းမီဒီယာများ၏ ဗဟုသဘောထားအမြင်များကို ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက လက်ခံခြင်းအားဖြင့် နိုင်ငံ၏အသိာဏ်ပညာအင်အားနှင့် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိ လာနိုင်မည်ဟု ယုံကြည်ပါသည်။
 Reference:    
UN
PLAN OF ACTION ON THE SAFETY OF JOURNALISTS AND THE ISSUE OF IMPUNITY