ဆင်ခြင်တုံတရားကင်းမဲ့သော ဗိုလ်ချုပ်ကြီးနေဝင်းသည် သူလုပ်ချင်တာတွေကို စိတ်စေစားရာအတိုင်းလုပ်နိုင်ဖို့အတွက် သူ့ရှေ့မှာ ခလုတ်ကန်သင်းသဖွယ်တည်ရှိနေခဲ့သောသတင်းစာဆရာတွေကို ထောင်ထဲသို့ ထည့်သည်။ သတင်းစာတိုက်တွေကို ပိတ်ပစ်သည်။
အဲဒီလို ပိတ်သိမ်းသည့်သတင်းစာတိုက်တွေထဲမှာ ဖေဖေ့၏နေးရှင်းသတင်းစာတိုက်က ရှေ့ဆုံးက ပါနေခဲ့သည်။
ကစ်တီဘသန်း(ဒေါ်ခင်မေသန်း) နှင့် သူ့မင်္ဂလာပွဲသတင်းကို နေးရှင်းသတင်းစာက ဓာတ်ပုံနှင့် ဖော်ပြလိုက်သည့်အချိန်ကစ၍ အရှုပ်အထွေးတွေ ဖြစ်ခဲ့ရတာကို ဗိုလ်ချုပ်ကြီး ဘယ်လို မေ့ပျောက်နိုင်လိမ့်မလဲ။
ထိုစဉ်က ကျွန်တော်နှင့်အတူ သွားလေသူစာရေးဆရာ နိုင်ဝင်းဆွေ၊ သွားလေသူကဗျာဆရာမောင်ရန်ပိုင်တို့လည်း
နိုင်ဝင်းဆွေက သူ၏ရေငုပ်ပညာစွမ်းကို အံ့မခန်း ပြသခဲ့ပါသည်။
ကျွန်တော်တို ရေကူး ရေဆော့ခဲ့ကြသည့်နေရာမှာ အင်းလျားကန်ပေါင် အနောက်ဘက်ခြမ်း။ နောက်ဆယ်လအကြာမှာ တံတားနီဟု အုတ်အော်သောင်းနင်း နာမည်တွင်လာမည့် တံတားဖြူမှတ်တိုင်နှင့်တည့်
ငါတို့သည် အလံကိုင်ပြီးချီတက်လာသော အလုပ်သမားများဆီသို့ ရောက်အောင်ပြေးနေကြသည်။
ထိုအချိန်မှာပင် စစ်သားများက တဒိုင်းဒိုင်းပစ်ချလိုက်သည်။
ရှေ့ဆုံးမှ အလံကိုင်ပြီးချီတက်လာသော အလုပ်သမား၏ဗိုက်သည် စစ်သား၏ကျည်ဆန်ဖြင့် ပွင့်ထွက်သွားခဲ့ပြီ။
မောင်ကိုကို( အမရပူရ )
အင်းလျားလှေလှော်အသင်းမဝင်ဘဲနှင့်လည်း အပျော်တမ်း လှေလှော်စရာ ရှိသေးသည်။ တစ်နာရီကို တစ်ကျပ်ဟု ထင်ပါသည်။
ချစ်သူစုံတွဲ နှစ်ယောက်တည်း နှစ်ကျပ်ဖိုးလောက်အကုန်ခံ
တစ်နေ့။ ဆရာငြိမ်းကျော်ခေါ်လို့ တက္ကသိုလ်ကျောင်းဝင်းထဲ ရောက်ခဲ့တယ်။
အဓိပတိလမ်းပေါ်ရောက်တော့ မိုးတွေသည်းလာခဲ့တယ်။ နှစ်ယောက်သား မိုးခိုရင်း”အဓိပတိလမ်းမှာ မိုးတွေရွာ” သီချင်းခေါင်းစဉ်ကို မမျှော်လင့်ဘဲနဲ့ ရခဲ့တယ်။
( အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော )
အခန်းမှာ ဂစ်တာနှစ်လက်ရှိသည်။
တလက်မှာ ထူးအိမ်သင်ဖြစ်လာမည့်ပရီထူးအိမ်သင်တီးသည်။( နောင်အခါ ထိုဂစ်တာ လူအခိုးခံရသည်) နောက်တစ်လက်ကို ကျန်သည့်ကြုံရာလူ ကောက်တီးသည်။
(ထိုအချိန် ခိုင်ထူးခေတ်၊မိုးကျော်တို
ထိုစဉ်က ဘယ်သူတွေ ဘာတီးလိုက် တီးလိုက်နေ့နေ့ ညည၊ မွန်းလွဲ၊ သန်ခေါင်၊ အရုဏ်၊ ညနေ ကိုခင်ဝမ်းသီချင်းတွေချည်း ဖြစ်လို့နေခဲ့သည်မှာ …
တကယ်တော့စံရိပ်ငြိမ်ဆိုတာ ရွာသစ်( ၆ ) လမ်းထိပ်က တစ်ထပ်အိမ်ကလေးရဲ့နာမည်ပါ။
ကျွန်တော်တို့ ငယ်စဉ်က ကျောင်းသွားရင် အဲဒီစံရိပ်ငြိမ်ဆိုတဲ့ ဆေးအဖြူနဲ့ရေးထားတဲ့ သစ်သားဆိုင်းဘုတ်လေးကို မှတ်မိနေခဲ့ပါတယ်။
အင်းလျားသည် လှသည်ဆိုခဲ့ကြပြီ။ မည်သို့သော အလှJဖစ်မည်နည်း။
‘အလှသည် သစ္စာ၊ သစ္စာသည် အလှ’ ဟူ၍ ကဗျာဆရာ ‘ ဂျွန်ကိ ‘ က ဆိုခဲ့သည်။
အင်းလျားသည် ထိုကဲ့သို့သော အလှမျိုးသာဖြစ်ပါလိမ့်မည်။
( ထွန်းဝေမြင့် )
ဂစ်တာကို ကောက်ကိုင်လိုက်လေတိုင်း ” ၈ / ၈၂ အင်းလျား ” ကို အင်းလျားမရှိတဲ့ မြို့မှာ ဆိုမိဆဲ။
အပေါင်းအသင်းတွေ၊စာပေ
ဂီတ အနုပညာသမားတွေ၊ကွဲကွာခဲ့ကြ၊ေ
ဘာပဲဖြစ်ဖြစ် အင်းလျားကိုတော့ လူငယ်တွေလည်း ရင်ခုန်ကြဟန် တူပါသည်။ ၈ / ၈၂
အင်းလျားသီချင်းက ဂန္ထဝင်စာရင်းထဲတောင် ရောက်နေပါပြီ။
အင်းလျားရှေ့ ပြည်လမ်းမကြီးဘေးရှိ ခရမ်းပြာလက်ဖက်ရည်ဆိုင်ကို ကိုယ်တို့ရင်ခုန်စွာ ထိုင်ခဲ့ဖူးကြသည်။
ဆိုင်အနောက်ဖက်မှာ အဆောင်ရှိသည်။
မဇ္ဈိမလှိုင်းအုပ်စုမှ တေးရေးဆရာများ ဒီအဆောင်တွင် နေကြသည်။
လက်ဖက်ရည်ဆိုင်ထိုင်ရင်း ကိုနေဝင်း တွေ့ရနိုးနိုး၊ ကိုမောင်မောင် တွေ့ရနိုးနိုး ကိုယ်တို့ စောင့်ကြည့်ခဲ့ဖူးသည်။
ကျွန်မတို့နှစ်ယောက် ငြိမ်သက်နေသောရေပြင်ကျယ်ကို အချိန်အတော်ကြာ ငေးမောနေ ခဲ့ကြသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် နှစ်ငါးဆယ်မြောက် တက္ကသိုလ်ရွှေရတုသဘင်နှင့် ကြုံတောင့်ကြုံခဲကြုံကြိုက်ခဲ့ပါလျက် ဆယ်တန်းလည်း အောင်ပါလျက်
တက္ကသိုလ်ကျောင်းသားလည်း ဖြစ်ခွင့်မကြုံ၊ ကောလိပ်ကျောင်းသားလည်း ဖြစ်ခွင့်မရသည့် ကျွန်တော်၏တက္ကသိုလ်ကျောင်းသားရူး ရူးခဲ့ပုံကိုလည်း ရင်ဖွင့်ချင်မိပါသည်။
တက္ကသိုလ်စိတ္တဇ သို့မဟုတ် ကောလိပ်စိတ္တဇဟုလည်း ပြောနိုင်မည်လားမသိပါ။
( မြေလတ်မောင်မြင့်သူ )
ဘုတ်ကလပ်ထဲကနေ လှမ်းကြည့်လိုက်ရင် ကြယ်ပွင့်တွေသီးထနေတဲ့ အင်းလျားဟာ အမှောင်ထဲမှာ တဖျပ်ဖျပ်။ တိတ်ဆိတ်နေတဲ့ ညဟာ
အသက်ဇီဝဓာတ်တစ်ခုခုကို ခုန်ဟပ်ဖို့ ချောင်းလို့ မြောင်းလို့။ မြို့ပြဝံပုလွေတွေဟာ လရောင်ဖြူကို မော့ကြည့်ရင်းက ဆွဲဆွဲငင်ငင် ပျစ်ပျစ်ချွဲချွဲ အူလို့။
ဒီလို
အချိန်မျိုးဆိုရင် လမ်းနီလေးနဲ့ သိပ်မဝေးတဲ့ အင်းလျားလိတ်ဟိုတယ်ရဲ့ ဒိုမီနိုခန်းမထဲမှာ Samba pati လား။ ဒါမှမဟုတ် Besame Mucho လား။ ကနွဲ့ကလျ လိဒ်ဂစ်တာသံအောက်မှာ ကကြိုးကကွက်တွေဟာ နုသွဲ့ညင်းပျောင်းနေပြီပေါ့။
မီးရောင်မှုန်ရီအောက်က မျက်ဝန်းတွေဟာ မှေးစင်းရီဝေနေပြီပေါ့။
သူတို့၊ ကျွန်တော်တို့၊ ကိုအောင်ဝေးတို့၊ မင်းညိုစင်တို့ စံရိပ်ငြိမ်( ၆ ) လမ်းက အဆောင်တခုမှာ အတူတူနေခဲ့စဉ်က ကျွန်တော်တို့ချင်းသာ သိသော နာမည်ဝှက်ကိုယ်စီနှင့် ဖြစ်သည်။
အဲဒီတုန်းက သူက ထူးအိမ်သင်ဖြစ်ဖို့ ကြိုးစားနေဆဲ လူငယ်တစ်ယောက်။ ကျွန်တော်တို့က သူ့ကို ” သျှပ်မှူးကျော် ” ဟုခေါ်သည်။
ငါ့ကို မိုးစင်စင် လင်းခွင့်ပေးစမ်းပါ။ ငါ့ရဲ့ညတွေကို ငါကိုယ်တိုင်လှေလုပ်ပြီး အိပ်မက်မြစ်ကို ဖြတ်ကူးဖို့ကြိုးစားနေတာ အတော်ကြာပါပြီကွယ်။ သူမထွက်သွားခဲ့ပြီပဲ။ အော်ဖို့ ကြိုးစားလိုက်တိုင်း အသံမထွက်ခဲ့။ ငါ လှုပ်လို့မရတော့ဘူး။
ခဏနေစမ်းပါဗျာ။ ဒါဟာ အိပ်မက်မဟုတ်တော့ဘူး။ မြူတွေဆိုင်းနေတုန်
( ဇော်ဇော်ထွန်း )
ကျွန်တော်တို့ မသိလိုက်မသိဘာသာ ဖြတ်ကျော်ခဲ့တဲ့အဖြစ်သနစ်တွေဟာ အင်းလျားရေပြင်ထဲ ဝဲဂယက်ထလို့။ ကျွန်တော်တို့ မသီဖြစ်လိုက်တဲ့
တေးသီချင်းတွေဟာလည်း အင်းလျ
( လက်ျာလင်းနိုင် )
အင်းလျားဟာ တည်ဆောက်မှုဖြစ်စဉ်ဖြစ်သလို ပြိုကွဲမှုဖြစ်စဉ်လည်း ဟုတ်နိုင်ပါတယ်။
ပျော်ရွှင်မှုများရဲ့အထွတ်အခေါင်ဖြစ်သလိုကြေကွဲဝမ်းနည်းမှု များရဲ့ ချောင်တစ်ချောင်လည်း ဖြစ်တယ်။
“ကျွန်တော် ဘယ်မှ မပြေးပါဘူးဗျာ။ ခင်ဗျားတို့လာဖမ်းရင် လိုက်ခဲ့မလို့ဆိုပြီး လိုအပ်တာတွေအဆင်သင့်ပြင်ပြီး စောင့်နေတာပါ။ ခင်ဗျားတို့က အဆောင်မှာတော့လာမဖမ်းဘဲ နေ့လယ်ကောင်ကြီး ဘတ်စ်ကားပေါ်မှာ ဖမ်းရတယ်ဆိုလို့ဗျာ “
စိတ်ကူးထဲ အင်းလျားကန်ကြီးနဲ့ တက္ကသိုလ်ကို လက်ပြနှုတ်ဆက်ရတော့မယ်လို့
ထင်ရခါနီးမှာပဲ စားသောက်ဆိုင်တခုမှာ ဂစ်တာသမားအဖြစ် အလုပ်ရခဲ့လို့ အသက်ရှူချောင်ပြီး လစဉ်ပုံမှန်ဝင်ငွေရတဲ့ ဂီတသမားဘဝစပြီး လျှောက်လှမ်းခွင့် ရခဲ့ပါတယ်။
နိုင်ဇော် ( Lazy Club )
မင်္ဂလာပါ အင်းလျားရေ။
လက်ဆွဲနှုတ်ဆက်ဖို့မလိုအပ်လှပေမယ့် ကျွန်မတစ်ယောက်တည်းအတွက် လက်ဆွဲနှုတ်ဆက်ဖို့ လိုအပ်လာပြီမို့ ကဗျာရွတ်သံ ကြားနေရတဲ့ဘက်ဆီ ဦးလှည့်လိုက်တယ်။ ဒါပေမဲ့ အဲဒီအချိန် ကျွန်မဘေးမှာ ဘယ်သူမှမရှိတော့ပါဘူး။
ရွှေပိုးအိမ် ( ပဲခူး )
မာလာဆောင်ကို ဖြတ်ကျော်လာခဲ့တော့ အင်းလျားကို မြင်ရတယ်။ ညဟာ ချုံခိုတိုက်ခိုက်ဖို့ အကောင်းဆုံး အချိန်တွေပေါ့။
အင်းလျားရေ …ခင်ဗျားက ဘာမှမသိသလို နေနေတာ။ခင်ဗျားရေးတဲ့ဒိုင်ယာ
( သင်းရည်လွင် )
အဲဒီအချိန်က လူကုံထံအသိုင်းအဝိုင်းက သုံးနိုင်းဖြုန်းနိုင်သူတွေ ညနေဘက် စုစည်းရာနေရာလေးကတော့ အင်းလျားကန်ဟိုတယ် ( Inya Lake Hotel ) ဖြစ်ပါတယ်။ တီးဝိုင်းနဲ့ အက ကြမ်းပြင်(Dance Floor ) လည်းရှိ၊ ဘားကလည်း အဆင်သင့်ဆိုတော့ ဆိုကြ ကကြ မူးကြပေါ့။ ဒိုမီနိုလို့လည်း သိကြပါတယ်။ အင်းလျားကန်ဟိုတယ်ရဲ့ ဒိုမီနိုညတွေဟာ သောကြာ စနေညတွေဆို ပိုပြီး စည်ပါတယ်။
( ရဲရင့်ဘုန်း )
ထို့နောက် စာမျက်နှာကို ကျော်လိုက်သည်။ အဖြစ်အပျက်တွေကို ကျော်လိုက်သည်။သတိရခြင်းေ
အင်းလျားစောင်းမှာ မနက်စောစောဝေတဲ့ နှင်းတွေ ရှိသေးသည်။
သစ်ရိပ်အုပ်အုပ်တို
( လွင်မောင်မောင် )
ပြီးတော့ ချော်တွင်းကုန်းရပ်ကွက်ထဲ
အဲဒီနေရာက AD လမ်းထဲကနေ ဝင်ရတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းနေတဲ့အိမ်နဲ့သိပ်မဝေးဘူး။ ကျွန်တော်တို့က မိဘမသိအောင်ကျောင်းပြေးပြီး အင်းလျားကန်ကို ရေသွားကူးနေတဲ့ လူမမည် ချာတိတ်လေးတွေ ဆိုပေမယ့် ဗိုလ်ချုပ်ကြီးနေဝင်းအကြောင်း ကောင်းကောင်းသိနေကြတယ်။
အင်းလျားခံစားမှု အရေးအသားတွေဆိုသော်ငြားလည်းပဲ အရေးအသားတွေထဲကနေပြီး ခေတ်အဆက်ဆက်ကို ထိစမ်းပွတ်သပ်ခွင့် အသေအချာ ရပါလိမ့်မယ်။
ခေတ်ထဲမှာ ဖြစ်တည်ခဲ့ရတဲ့ လူတန်းစားဘဝမျိုးစုံကိုလည်း ရှုမြင်သုံးသပ်ခွင့်ရပါလိမ့်
မျက်နှာဖုံးပန်းချီကို ထွန်းဝေမြင့်က ခံစားရေးဆွဲပေးထားပြီး အတွင်းသရုပ်ဖော်ပုံတွေကိုတော့ ထွန်းဝေမြင့်၊ ခင်လွန်း၊ သင်
မေတ္တာပေါင်းကူးစာပေကနေ ထုတ်ဝေပြီး စိုင်းဝင်းမြင့်ရဲ့ ကျော်မွှေးစာပေကနေဖြန့်ချိပေးထားပါတယ်။
စာအုပ်တန်ဖိုး ၄၀၀၀ ကျပ်နဲ့ ၂၀၁၈ခုနှစ် ဇွန်လထဲမှာ စတင်ဖြန့်ချိခဲ့ပါတယ်။
တစ်ဦးချင်း အိမ်အရောက်မှာယူလိုသူများအတွက်တော့ WE ကနေ ဆက်သွယ်မှာယူနိုင်ပါတယ်ဆို