K ငြိမ်းချမ်း လူများ၊ ရုပ်ပုံလွှာများ သတင်းပဒေသာ

မိုးဝေမဂ္ဂဇင်း မာလိန်မှူး ကဗျာဆရာ ညိုသစ် ကွယ်လွန်

မိုးဝေမဂ္ဂဇင်း မာလိန်မှူး ကဗျာဆရာ ညိုသစ် ကွယ်လွန်

K (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

မိုးဝေမဂ္ဂဇင်းအယ်ဒီတာ(၁၉၇၅-၈၁) ကဗျာဆရာ၊ စာရေးဆရာ၊ ဘာသာပြန်ဆရာ ဆရာညိုသစ် ဇူလိုင်၂၆ ညနေ ၆နာရီ ၃၀ မိနစ်က ကွယ်လွန်သွားကြောင်းသိရလို့ မိသားစုနဲ့ထပ်တူ ၀မ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်။

ဆရာညိုသစ်ဟာ ကဗျာ၊ကဗျာဆိုင်ရာဆောင်းပါးများ၊ ၀တ္ထု၊ ဆောင်းပါးများကိုရေးသားခဲ့ပြီး အရက်မူးနေတဲ့လှေ ကဗျာဘာ သာပြန်၊၊ (ပ။ဒုနှစ်ကြိမ်) ရာဇ၀င်မှာ နွေဦးကျန်ခဲ့တယ်(၁၉၉၈)။ တိုက်၃တိုက်က စာ။ အရိုင်းမိစ္ဆာနှင့် ဘာသာပြန် ၀တ္ထုတို များ(၂၀၁၄ ခု၊ ဇူလိုင်လ) အစရှိတဲ့စာအုပ်များကို ရေးသားခဲ့ပါတယ်။

ဆရာကွယ်လွန်ခြင်း အမှတ်တရအနေနဲ့ ၂၀၁၃ ။ အောက်တိုဘာလ ရတီမဂ္ဂဇင်းမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ကဗျာနဲ့ မိုးမခမဂ္ဂဇင်း ၀ိုင်းတော်သားများက ပြန်လည်ဂုဏ်ပြုဖော်ပြလိုက်ရပါတယ်။ (ဓာတ်ပုံ- ကဗျာဆရာ ဘုန်းသက်ပိုင်)

အနုပညာနဲ့ ဆင်းရဲခြင်း 
ညိုသစ်

ကိုလံဘတ်
ခင်ဗျားမှာ မြေပုံအညွန်းမရှိဘဲ
ကမ္ဘာမြေသစ်ကြီးတစ်ခုကို
တွေ့အောင်ရှာခဲ့တယ်။

ပန်းဥယျာဉ်ဟာ
ဥယျာဉ်မှူးအရင်ဖြစ်ပေါ်တယ်
သစ်ပင်သစ်တောနေရာကို
ပေါင်းပင် မြက်ပင်တွေက
နေရာဝင်လုယူဖို့ စောင့်နေကြပြီ။

အလျင်အမြန်
ခံစားသင်ယူရတဲ့
အရာတချို့ရှိတယ်

အနုပညာနဲ့ဆင်းရဲခြင်းကို
သင်ယူဖို့
ရှိစုမဲ့စုပစ္စည်းဖြစ်တဲ့
သမိုင်းခေတ်အချိန်ကာလများစွာနဲ့
လဲလှယ်ယူရတယ်။

အနုပညာနဲ့ဆင်းရဲခြင်းဟာ
ကမ္ဘာပေါ်က ပျောက်ကွယ်သွားနိုင်သလား။

ငါတို့အကျီင်္အဟောင်းကြီးကို
ပြန်ပြီး မ၀တ်ချင်တော့ဘူး
အနုပညာစစ်စစ်ပဲ
လိုချင်လို့ မရဘူး
ဆင်းရဲခြင်းစစ်စစ်ချည်းပဲ
ကမ္ဘာပေါ်က မောင်းထုတ်
သုတ်သင်ရှင်းလင်းပစ်လို့မရဘူး
အနုပညာဆင်းရဲခြင်းအတွက်
နောက်ဆုတ်ခုခံရပ်တည်ရာ
နေရာမရှိဘူး ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts