ရသဆောင်းပါးစုံ ခေတ်ပြိုင်အတွေ့အကြုံ

ဥုံဖွ – “ဗိုက်​ပူ ဆိုသူတ​ယောက်​အ​ကြောင်း”

ဥုံဖွ – “ဗိုက်​ပူ ဆိုသူတ​ယောက်​အ​ကြောင်း”

(မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၈

နှစ်​လုံးထီ​လောင်းကစားမှုနဲ့​ တောင်​ငူ​ထောင်​ထဲ​ရောက်​ခဲ့စဉ်​ကအ​တွေ့အကြုံ​လေး​တွေရယ်​ပါ။

ထောင်​ကျတယ်​ဆိုရင်​ ​ယေဘုယျအားဖြင့်​ဆိုးလို့၊ မိုက်​လို့၊အပြစ်​ကျူးလွန်​ကြလို့ကျတယ်​ဆိုပြီး​ တော်​​တော်​များများ လက်​ခံထား​လေ့ရှိကြပါတယ်​။ ​ယေဘုယျအားဖြင့်​ ​မှန်​​ပေမယ့်​ အလုံးစုံ​တော့ မှန်​ကန်​မှုမရှိပါဘူး။ အချုပ်​သားဘ၀က​နေ အမိန်​ချလို့​ ထောင်​ကျအကျဉ်းသားဘ၀ ​ရောက်​သွားပြီဆိုရင်​ အလုပ်​ မလုပ်​ချင်​တဲ့သူ​တွေ၊ ရဲဘက်​စခန်း​တွေ ပို့လိုရှိရင်​ တအား​ဝေးတဲ့​နေရာ​တွေမှာ အပို့မခံချင့်​တဲ့သူ​တွေဟာ​ ထောင်​ကျ
ရုံးကိုင်​တဲ့​ ထောင်​မှူးဆီမှာ ပိုက်​ဆံ​ပေးရတယ်​။ အဲဒါကို “​ထောင်​ဇယားခင်းတယ်​”လို့​ ခေါ်တယ်​။

တရားရုံးက​နေ အမိန့်​ချလိုက်​ပြီဆိုတာနဲ့ ပထမဆုံး ပုံစံသင်​​ပေးတဲ့ပုံစံ​ဆောင်​ကို ပို့လိုက်​တယ်​။ ပထမဦးဆုံး တန်းစီးနဲ့​ တွေ့ရတယ်​၊ ​ထောင်​ငူ​ထောင်​မှာ​တော့ အ​ဆောင် ​၆ ​ဆောင်​ပဲရှိလို့ အကြီးဆုံးတန်းစီးကို ၆ ​ဆောင်​ပိုင်​ တန်းစီး လို့​ ခေါ်တယ်​။ ကျန်​တဲ့အ​ဆောင် ​၅ ​ဆောင်​မှာလဲ သူ့တန်းစီးနဲ့သူ၊ ဒါ​ပေမယ့်​ ၆ ​ဆောင်​ပိုင်​တန်းစီးရဲ့​အောက်​က လုပ်​ပိုင်​ခွင့်​ သိပ်​မရှိ။ ညပိုင်း​ရောက်​တာနဲ့ ပုံစံ စသင်​ရတယ်​။ ပုံစံသင်​ တဲ့​နေရာမှာ သူများ​တွေလို မသင်​ချင်​ဘူး၊ ​ဘေးကပဲ သက်​သက်​သာသာသင်​ချင်​တယ် ​ဆိုရင်​​တော့ ပုံစံပြတဲ့ ပုံစံမှူး
“စည်းကမ်းထိန်း”ကို နတ်​တင်​ထား​ပေ​ရော။

ပြစ်​မှု​တွေကလဲ မျိုးစုံ၊ လူ​တွေကလဲ မျိုးစုံ၊ စရိုက်​​တွေကလဲ မျိုးစုံ။ ​ထောင်​ထဲကို လုံးဝ မ​ရောက်​ဘူးကြ​သေးတဲ့၊​ ထောင်​အ​ကြောင်း​တွေကို ကြားဖူးနားဝမရှိကြ​သေးတဲ့၊​ ထောင်အ​ကြောင်း​တွေ ​ရေးတဲ့စာ​တွေကို လုံးဝမဖတ်​ဘူးကြ​သေးတဲ့ လူ​တွေအတွက်​​တော့ ​ထောင်​ထဲ​ရောက်​တာနဲ့ ရင်​တုန်​ ပန်းတုန်​ဖြစ်​ချင်​စရာ၊ ထိတ်​လန့်​ချင်​စရာ​ပေါ့။ တချို့များဆို ပုံစံသင်​ရင်း မရိုက်​မနှက်​ရပဲ ​သေး​တွေ ထွက်​ကျကြတာကိုလဲ မြင်​​တွေ့ခဲ့ရဲ့။

မနက်​မိုးလင်းတာနဲ့​ ထောင်​ကျရုံးက ​ခေါ်ပြီး အချက်​အလက်​​တွေယူကြတယ်​။ အဲလို အချက်​အလက်​ယူ
တာကို ​ထောင်​ပုံစံ 32” သာတီတူး ယူတယ်​ လို့ ​ခေါ်တယ်​။ ပုံစံယူ၊ ပုံစံသင်​တဲ့​နေရာမှာ ​မေးတဲ့​မေခွန်း တခု တခု ဆုံးတိုင်းမှာ “ခင်​ဗျာ” ဆိုတဲ့စကားနဲ့ အဆုံးသတ်​ရတယ်​။ အဲ့​နေမှာ အရက်​​သောက်​လို့ ဆိုပြီး သာသနာညှိုးနွမ်းမှုနဲ့ ကျလာတဲ့သူကို စ စစ်​ပြီး မှတ်​ပုံတင်​တယ်​။

နာမည်​ … သန်း​ရွှေပါခင်​ဗျ။
အသက်​ …
လိပ်​စာ …
ဘာမှုဖြစ်​လဲ … သာသနာညိုးနွမ်းမှုဖြစ်​ပါတယ် ​ခင်​ဗျ။
စာတတ်​လား …  တတ်​၊ ပထမလတ်​တန်းပါ ခင်​ဗျ။

အဲလိုလဲ​ဖြေ​ရော ဇယားကွက်​ထဲမှာ ​ရေးတတ်​ ဖတ်​တတ်​ဆိုပြီး ဖြည့်​လိုက်​တယ်​။
“ဘုရား ဘုရား… ။ အလတ်​တန်း ​အောင်​တာ​တောင်​ ​ရေးတတ် ​ဖတ်​တတ် ​အဆင့်​ပဲ သတ်​မှတ်​ခံရပါလား၊ ငါ့အလှည့်​ ​ရောက်​ရင်​ဘယ်​လို​​ဖြေရမလဲ” ​တွေးရင်း ဆုံးဖြတ်​ချက် ​အမြန်​ ချလိုက်​ရတယ်​။

ကိုယ့်​အလှည့်​လဲ​ရောက်​​ရော –
စာတတ်​လား … တတ်​။ ၄ တန်းပါခင်​ဗျ … လို့ ​ဖြေလိုက်​တယ်​။

အခန်းလဲပြန်​​ရောက်​​ရော ကိုယ့်​စားအိုးတွဲ​တွေက – “​ဟေ့​ကောင်​ကြီး၊ စာတတ်​လားဆို​တော့ မင်း ဘယ်​လို
ဖြေခဲ့လဲ​ မေး​တော့။ ‘တတ်၊ ​၄ တန်း’ လို့​ဖြေခဲ့တယ်​ဆိုတာလဲ သိ​ရော … “မင်းကွာ အမှန်​အတိုင်း ဓမ္မာစရိယ လို့​ဖြေခဲ့ရမှာ၊ ဒါမှ ဘုရားရှိခိုးအဖွဲ့​ခေါင်း​ဆောင်​​နေရာ​လေး ဘာ​လေးရမှာလို့ ၀ိုင်းပြီး ပြစ်တင် ​​ပြောဆိုကြချိန်​မှာ “ဘုရားရှိခိုး​ခေါင်း​ဆောင်​​နေရာ မရရင် ​​နေပ​စေကွာ။ ​ခေါင်းကို ​ခြေ​ထောက်​နဲ့ ထပ်​တလဲလဲ အကန်​ခံရပြီးမှ ရထားတဲ့ ဓမ္မာစရိယဘွဲ့ကို​တော့ ​ရေးတတ်​ဖတ်​တတ်​စာရင်း အသွင်းမခံနိုင်​ဘူး​ဟေ့” လို့ ပြန်​​ပြောပစ်​လိုက်​တယ်​။

ပြစ်​မှုပြစ်​ဒဏ်​တွေက မျိုးစုံ။ စက်​ဘီး အစီး​ရေ​ပေါင်း ၉၀ ​ကျော် ​ခိုးတဲ့လူနဲ့။ ဒီ စက်​ဘီးခိုးတဲ့​ကောင် ကြတမျိုး။ သူခိုးတာက ​သော့မခတ်​ပဲ ရပ်​ထားတဲ့စက်​ဘီး​တွေကိုပဲ ​ပေါ့​ပေါ့ပါးပါးနဲ့ ခိုးတာ၊ သူခိုးခဲ့သမျှ ​သော့ရိုက်​ဖွင့်​ပြီး ခိုးတဲ့ဘီးရယ်​လို့ မရှိဘူးတဲ့။ ​နောက်​တ​ယောက်​ ထက်​ကို ဆိုတဲ့​ကောင်​ကြ ဒိုတို့ D T တို့လို  ဘီးအကြီးကြီး​တွေ မြင်​ရင် ​ဘယ့်​​လောက်​​သော့ခပ်​ထားထား မရ ရ​အောင် ​ခိုးတာ တဲ့။ သူခိုးလေသမျှ ဘီး​တွေထဲမှာ ဘီးအ​သေး​လေး​တွေ တစီးမှမပါဘူး … တဲ့။

နောက်​ပြီး ထက်​ထက်​မိုးဦးအိမ်​ကို ​ဖောက်​ထွင်းတဲ့ ​ကျော်​ထိုက်​တို့အဖွဲ့၊ ဒီ​ကောင်​​တွေကြ စည်းမ​စောင့်​လို့
မိတာ၊  ကြည့်​​လေ ခိုးပြီးပြီး၊ ပစ္စည်း​တွေအားလုံးလဲ ယူပြီး ကား​ပေါ်တင်​ပြီးပြီ၊ ​မောင်းသွားရင်​ လွတ်​မယ်​ဆို လွတ်​​လောက်​ပြီ၊ ဒါကို​မောင်းမ​ပြေးပဲ ညဉ့်​နက်​သန်း​ခေါင်​ ​ရေထချိုးတဲ့ ထက်​ထက်​ရဲ့ အလှမှာ ယစ်​မူးပြီး မ​တော်​ရာကြံမိလို့ အိမ်​သား​တွေသိပြီး ဖမ်းမိသွားတဲ့အဖြစ်​။

လူသတ်​မှု၊ မုဒိန်းမှု၊ လုယက်​မှု၊ ၂လုံး ၃ လုံး လူစားဝင်​မှု၊ ၁၀ နှစ်​ကျမယ့်သစ်​မှုကို သိန်း ၁၀၀ နဲ့ အစားထိုး
ဝင်​​ရောက်​မှု၊ အမှုစစ်​ရင်း လက်​လွန်​သွားလို့ ရဲ​တွေပြန်​အဖမ်းခံရမှု ၊ ​ဆေးထိုးမှားလို့ ဆရာဝန်​​တွေ၊ နပ်စိပ်​​တွေ အဖမ်းခံရမှု အို … စုံ​နေတာပဲ။

ထောင်​ထဲ​ရောက်​လာကြတဲ့လူ​တွေ အားလုံးက​တော့ “​နေတတ်​ရင်​ ​ကျေနပ်​စရာပါ” ဆိုတဲ့ စကားလုံး​လေးကို ကိုင်​ပြီး၊ တ​နေ့တ​နေ့ ‘ နိုင်​ငံ​တော်​’အ​ကြောင်း ​ပြောလိုက်​၊ စာအုပ်​ဖတ်​လိုက်​၊ တီဗွီကြည့်​လိုက်​၊ ​ရောက်​တတ်​ရာရာ ​ပြောလိုက်​၊ မုဒိန်းမှု​နဲ့ ကျလာကြတဲ့ အသက်​ ၆၀၊ ၇၀ အဘိုးကြီး​တွေကို ဗျူးလိုက်​နဲ့ အချိန်​​တွေကုန်​​အောင် ​ဖြုန်း​နေကြရတာပါ။

မကျသင့်​ပဲ ကျလာကြတဲ့လူ​တွေအ​ကြောင်း ​ပြောချင်​လို့ ​ရေးမိတာပါ။ ​ကျောက်​ကြီး ၅၈၉ စစ်​တပ်​ကို သူပုန်​​တွေက ၀င်​ပြီးပစ်​ခတ်​တာကို ပြန်​ပြီး မခုခံလို့ဆိုပြီး ဗိုလ်​မှူး​တွေ​ရော၊ ဗိုလ်​ကြီး​တွေ​ရော၊ အရာခံကြီး​တွေ​ရော၊ ဂန်း​ရှော့​တွေ​ရော ​ထောင်​ချလိုက်​တဲ့အမှု။

ဖြစ်​ပုံက အဲဒီ​နေ့မှာ တိုင်းမှူးကိုယ်​တိုင်​ ​ကျောက်​ကြီး သွား​ရောက်​စစ်​​ဆေးမှာမို့ ​ကျောက်​ကြီးတပ်​မှာ
ရှိတဲ့လက်​နက်​မှန်​သမျှကို ဘယ်​အရာရှိ၊ အရာခံ၊ အကြပ်​၊ တပ်​သားမှ ကိုင်​ခွင့်​မ​ပေးပဲ လက်​နက်​တိုက်​ထဲမှာ
ထည့်​သွင်း ပိတ်​သိမ်​ထားရမယ်​လို့ အမိန့်​ချထားတဲ့အတိုင်း သိမ်းဆည်းထားချိန်​မှာ ၀င်​ပစ်​တာဆို​တော့ ဘာ​တွေနဲ့ ခုခံရမလဲ။ ​နောက်​ပြီး သူ့ရဲ့လက်​​အောက်​ခံတပ်​ကို မယုံမကြည်​နဲ့။ အဲ … အထဲမှာ သနားစရာအ​ကောင်းဆုံးက ဂန်း​ရှော့စစ်​သား​လေး၊ သူ့ခမျာ ​နေ့ခင်း​နေ့လယ်​သာ ဂျိုင်း
ထောက်​နဲ့ သွားရပြီး၊ ညဘက်​​တွေကြ ကိုင်​ခွင့်​မ​ပေးပဲ သက်​ဆိုင်​ရာ တာဝန်​ကျ​ထောင်​မှူးက သိမ်းထားတယ်​။ ဒီဂျိုင်း​ထောက်​ အ​ဆောင်​ထဲမှာရှိရင်​ အခြားအကျဉ်းသား​တွေကယူပြီး အန္တရာယ်​ပြုမှာစိုးလို့တဲ့။
ညဘက်​ အ​ပေါ့ အ​လေးသွားရင်​ ​သေး​ပေါက်​ခြံ အိမ်​သာ​ရောက်​​အောင်​ ​ခြေ​ထောက်​တဘက်​ထဲနဲ့ ခုန်​ဆွ
ခုန်​ဆွလုပ်​ပြီး သွားရရှာတာ၊ သူသွားတဲ့ပုံစံကိုကြည့်​ပြီး အားလုံးက သူ့ကို “ဆက်​ရက်​”တဲ့။

နောက်​တ​ယောက်​က ဗိုက်​ပူ လို့​ခေါ်တဲ့ ​ရေတာရှည်​မြို့နယ်​က ရွာသား။ လူရိုး၊ မဟုတ်​မခံ၊ သွက်​သွက်​လက်​လက်​၊ ဆိုက္ကားနင်းတယ်​။ ​ဆေးရုံ ​ဆေးခန်း​တွေကို လိုက်​ပို့ရရင် ဆိုက္ကားခ ​တောင်း​လေ့မရှိဘူး။ ​ဆေးရုံမှာ ​သေသွားလို့ ပြန်​သယ်​ဘို့အတွက်​ အခက်​အခဲရှိရင်​​တောင် ​ဆိုက္ကားနဲ့ ​ပေးချင်​သ​လောက်​သာ​ပေးပါ ဆိုပြီး လိုက်​ပို့တတ်​တဲ့​ကောင်​။ လူ​သေအ​လောင်းဆို ​တော်​​တော်​များများ တင်​ချင်​ကြတာမဟုတ်​ဘူး။ ​နောက်​ပြီး မ​အေအိုကြီးကို လုပ်​​ကြွေး​နေတဲ့​ကောင်​။ တ​နေ့​တော့ ဒီ​ကောင်​နင်းတဲ့ဆိုက္ကားကို ခရီး​ဆောင်​အိပ်​​တွေနဲ့ လူတ​ယောက်​က ငှါးစီးတယ်​။ ခဏ​နေ
တော့ အဲဒီလူက ရပ်​ခိုင်းတယ်​၊ သူဝင်​စရာရှိလို့ ဘယ်​နားက ​စောင့်​​နေပါ၊ သူ လိုက်​လာခဲ့မယ်​ဆိုပြီး ဆိုက္ကားခရှင်းပြီး ထွက်​သွားတယ်​။ ဘယ်​​လောက်​မှ မနင်းရ​သေးဘူးတဲ့ ​ရှေမှာရဲ​တွေ တားပြီးစစ်​​တော့ ခရီး​ဆောင်​အိတ်ထဲမှာ ​ဆေးပြား​တွေ ​တွေ့​ရောတဲ့။ သက်​ရှိဆိုလို့ ဆိုက္ကား​ပေါ်မှာ သူတ​ယောက်​ပဲ ရှိတာ ဆို​တော့ ရဲကဖမ်းပြီး တရားရုံး တင် ​လိုက်​တယ်​။  တရားရုံးမှာ ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြပြီး ငြင်းတယ်​။ သူငယ်​ချင်း​ဆိုက္ကားသမား​တွေ​ရော၊ သူနဲ့ သိသူ​တွေပါ တရားရုံးမှာ သူ့ပစ္စည်း​တွေမဟုတ်​​ကြောင်း ၀ိုင်းပြီး
ထွက်​ဆို​ပေးကြတယ်​။ ဒါ​ပေမယ့်ပြစ်​မှုထင်​ရှားတယ်​ဆိုပြီး လက်​၀ယ်​​တွေ့ရှိမှုနဲ့ ​ထောင်​ထဲပို့လိုက်​တယ်​။ ​ထောင်​ထဲက​နေ ရဲဘက်​ ပို့လိုက်​တယ်​။ ဘယ်​​လောက်​နာကျည်းစရာ​ကောင်း လိုက်​သလဲ။

ဖြစ်​ချင်​​တော့ ရဲဘက်​မှာ ပညာရှင်​တ​ယောက်​နဲ့ သွား​တွေ့တယ်​။ ​ကောင်းတဲ့ပညာရှင်​​တော့ မဟုတ်​ဘူး၊။ ဖောက်​ထွင်းဝိဇ္ဇာ ပညာရှင်​အကြီးစား။ ဒီ​ကောင်​ကလဲ ဒီပညာရှင်​ကြီးဆီက ပညာတွေကို နာကျည်းမုန်းတီးစိတ်​အပြည့်​နဲ့​ လေ့လာသင်​ယူပြီး ရဲဘက်​က​နေထွက်​​ပြေးတယ်​။

အပြင်​​ရောက်​​တော့ ဒီ​ကောင်​စဉ်းစားတယ်​။ “ငါ​တော့အပြင်​​ရောက်​လာပြီ၊ ပညာရပ်​အသစ်​​တွေလဲ တတ်
မြောက်​ထားပြီ၊ ဒီပညာ​တွေနဲ့ ငါ့ကို ဒုက္ခ​ရောက်​​အောင်​ မိသားစုနဲ့ ​ကွေကွင်း​အောင်​လုပ်တဲ့ ​ကောင်​​တွေကို ပြန်​ပြီး ပညာပြမယ်​” လို့ စိတ်​ပိုင်းဖြတ်​လိုက်​တယ်​။ စိတ်​ပိုင်းဖြတ်​လိုက်​တဲ့အတိုင်း ​တောင်​ငူ၊ ​ရေတာ
ရှည်​ စတဲ့ အနီးအနားမြို့​တွေက ဒုရဲအုပ်​၊ စခန်းမှူး၊ မြို့နယ်​မှူး၊ တရားသူကြီးစတဲ့ အရာရှိလို့ ဆိုတဲ့လူ​တွေရဲ့
ဘီး​တွေကို ခိုးလိုက်​၊ ​ရောင်း​လိုက်​၊ ​ရောင်းလို့မရတဲ့ဘီး​တွေကိုကြ​တော့ ​ရေတာရှည်​က ကန်​ထဲ ပစ်​ချလိုက်
လုပ်​လာလိုက်​တာ အစီး ၇၀ ​ကျော်​ သွားတယ်​ တဲ့။

သူ့ကို ပြန်​မိပြီး ခိုးထားတဲ့ဘီး​တွေ ဘယ်​မှာလဲ စစ်​​ဆေး​တော့အမှန်​အတိုင်း ​​ပြောပြလိုက်​တယ်​၊ ​ပြောတဲ့အတိုင်း ကန်​ထဲကို ​ရေငုတ်​ကြည့်​ခိုင်း​တွေ့​တော့ ကရိန်းနဲ့ ဆယ်​တာ မနဲမ​နောပဲလို့ ပြန်​​ပြောပြတယ်​။ ​ထောင်​ထဲ ပြန်​​ရောက်​​တော့ ​ထောင်​ပိုင်​​တွေ ​ထောင်​မှူး​တွေက သူ့ကို ​ထောင်​တံခါး​တွေနား မသွားဘို့နဲ့ သွားမိခဲ့ရင်​ ထပ်​တိုးပြစ်​ဒဏ်​နဲ့ သံ​ခြေချင်းစာ မိမယ်​ လို့ ရာဇသံ ​ပေးထားရတဲ့အထိပဲ။

တ​နေ့​တော့ ကိုယ့်​ရဲ့စားစရာ​တွေ ထည့်​ထားတဲ့ အိတ်က​လေးကို ​သော့ခတ်​​နေတုန်း ဗိုက်​ပူ​ရောက်​လာ
ပြီး “ဦး​လေး … ဦး​လေးခတ်​ထားတဲ့​သော့ကို ကျွန်​​တော်​ ၃ မိနစ်​နဲ့ ပွင့်​​အောင် ​ဖွင့်​ပြမယ်၊ ​သော့လဲ မပျက်​​စေရဘူး။ ဖွင့်​လို့ရရင် ​ကျွန်​​တော့်​ကို ဟင်းတတုံးပဲ ​ကျွေး” ပါလို့ ​ပြောလာ​တော့ ကိုယ်​လဲ စူးစမ်းချင်​တာနဲ့ ခွင့်​ပြု​ပေးလိုက်​တယ်​။ အပ်​ချိပ်​က​လေးနဲ့ ဟိုကလိ၊ ဒီကလိ လုပ်​လိုက်တာ ​သော့က ပွင့်​သွားတယ်​။ ပြန်​ခတ်​ကြည့်​​တော့ ​သော့က အ​ကောင်း​ပကတိ။ ဒါနဲ့ ဟင်းတင်​မက ​လေးစားတဲ့အ​နေနဲ့ ကွမ်းယာပါ ​ကျွေးလိုက်​ပါတယ်​။

သူက​ပြောလိုက်​ပါ​သေးတယ်​”ဘယ်​​သော့လာလာ၊ ဘယ်​​လောက်​ အာမခံပါတယ်​ဆိုတဲ့​သော့ဖြစ်​ဖြစ် ​ကျွန်
တော် ​ရ​အောင် ​ဖွင့်​နိုင်​တယ်​၊ ဒါကို သိလို့ ​ထောင်​မှူး​တွေက တခါးနား လုံးဝ မကပ်​ခိုင်းတာ”တဲ့။ ​ထောင်​ထဲမှာ​တော့ လုံးဝ ခိုးမစားဘူး၊ အိပ်​ယာလိပ် ချုပ်​စားတယ်​၊ ​ကော်​ဖီမစ်​အိတ်​ခွံ​တွေနဲ့ အခင်းတို့၊ လက်
ဆွဲခြင်းတို့၊ ပတ္တာအိတ်တို့ မျိုးစုံလုပ်​​ရောင်းတယ်​။ ဒါက ကိုယ်​နဲ့ခင်​ခဲ့ဘူးတဲ့ သူတ​ယောက်​အ​ကြောင်းပဲ ရှိ​သေးတယ်​၊။

ကိုယ်​​နေခဲ့ဘူးတဲ့ နှစ်​ကြီးသမား​တွေ ​ပြော​လေ့ရှိတဲ့ … “မင်းတို့ ၂ လုံး၊ ၃ လုံးသမား​တွေ ကျတဲ့နှစ်​က ငါတို့ အုတ်​ရိုး ​သေးပန်းသ​လောက်​ပဲ ရှိပါတယ်​ကွာ …” တဲ့။ သူတို့ကသာ အဲလို​ပြောတာ ကိုယ်​​တွေမှာ​တော့ လိမ့်
နေတာပဲ။ ခံရချင်​​တော့လဲ ဘာမှမဟုတ်​၊ လွတ်​ချင်​​တော့လဲ ဘာမှမဟုတ်​ဘူးလို့ ​ပြောရမလားပဲ။ ​မောင်​ခင်​ညွန့်​အဖွဲ့ အဖမ်းခံရပြီး မကြာခင်​မှာ လွတ်​ငြိမ်းချမ်းသာခွင့်​ ​ကြေငြာလိုက်​တယ်​။ “​ထောက်​လှမ်း​ရေးအဖွဲ့ကြီးရဲ့ မှားယွင်းစွာ ဖမ်းဆီး စီရင်​ခဲ့မှုများ​ကြောင့်​ …” တဲ့ အ​ကြောင်းပြချက်​က။

အဲ့တုန်း ​တောင်​ငူ​ထောင်​က လွှတ်​​ပေးလိုက်​သူ​တွေကြည့်​လိုက်​​တော့ နိုင်​ငံ​ရေးအကျဉ်းသား​တွေ လုံးဝ မပါ
ပဲ ကျွန်​​တော်​တို့လို​ လောင်းကစားမှုနဲ့ ကျခဲ့ရတဲ့သူ​တွေသာ အများဆုံးဖြစ်​ပါ​ကြောင်း။

ဥုံဖွ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts