K ငြိမ်းချမ်း သတင်းပဒေသာ

လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်

 


လူထု နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော် ဇူလိုင် ၁၅ရက်
K (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

စာရေးဆရာ၊သတင်းစာဆရာ လူထုဦးလှနဲ့ စာရေးဆရာမကြီး လူထုဒေါ်အမာတို့ ထူထောင်ခဲ့ပြီး မန္တလေးမြို့ရဲ့အသည်း နှလုံးတခုဖြစ်တဲ့ လူထုစာအုပ်တိုက် နှစ် ၈၀ ပြည့်အထိမ်းအမှတ်ပွဲနဲ့ စာအုပ်ဈေးရောင်းပွဲတော်ကို မန္တလေးမြို့ဗိုလ်ချုပ် အောင်ဆန်းလမ်း (၈၄လမ်း)နှင့် ၃၃လမ်းဒေါင့်၊ လက်ဆည်ကန်ရပ် အမှတ် ၂၂၁ရှိ လူထုစာအုပ်တိုက်မှာ ပြုလုပ်သွား မယ်လို့သိရပါတယ်။

ဇူလိုင် ၁၅ ရက်ကနေ ၁၇ ရက်နေ့အထိ လူထုတိုက်တည်ရှိရာ အမှတ် ၂၂၁၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း (၈၄လမ်း) နှင့် ၃၃ လမ်းဒေါင့်၊ လက်ဆည်ကန်ရပ်နဲ့ ဇူလိုင် ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ရွှေမန်းလမ်းနှင့် ရူပလမ်းထောင့်၊ မန္တလေးတက္ကသိုလ် ၀င်းအတွင်းမှာရှိတဲ့ လူထုစာအုပ်တိုက်ဆိုင်ခွဲမှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

လူထုကြီးပွားရေး စာအုပ်တိုက် နှစ် ၈၀ပြည့်နဲ့ပတ်သက်ပြီး လူထုမျိုးဆက်တယောက်ဖြစ်တဲ့ အမျိုးသားစာပေဆုရ စာရေး ဆရာ (ဦး)ညီပုလေးက “ကျနော်တို့ အဖေတို့အမေတို့ထားခဲ့တဲ့ ကောင်းမွေပါဗျ။ အဲဒီကောင်းမွေကို ဆက်ခံရတာပါ။ မြန် မာအမျိုးသားပိုင်လုပ်ငန်းတခု ဒီနိုင်ငံရေး ရေစီးကြောင်းထဲဖြတ်သန်းရတာ မလွယ်ပါဘူး။ အဖေတို့အမေတို့က ဇွဲရှိရှိ ခိုင်ခိုင် မာမာလုပ်ခဲ့ကြလို့ ကျနော်တို့ ဒီဟာ တည်တံ့တာပါ။ အဖေတို့အမေတို့အပြင် ၀န်းကြရံကြတဲ့ ဆရာသမားတွေ ဆရာမတွေ လည်း ပါပါတယ်။ အဲဒါနဲ့အတူ အလုပ်သမားတွေ အလုပ်သမတွေလည်း ပါပါတယ်။ ကျနော်တို့မိသားစုတင် လုပ်ကြကိုင် ကြလို့ ဒီ လုပ်ငန်း နှစ် ၈၀ တိုင်ခဲ့တာ မဟုတ်ဘူးဗျ။ ကျနော်တို့က သူတို့ရဲ့ကျေးဇူးတရားလည်း အောက်မေ့ပါတယ်။ နောက်ပြီး အဖေတို့အမေတို့သွားခဲ့တဲ့ ထုတ်ဝေရေးလုပ်ငန်းပုံနှိပ်လုပ်ငန်း လက်ဆင့်ကမ်းဆက်ပြီး သယ်မှာပါ။ ခု နောက် မျိုးဆက်တွေဖြစ်တဲ့ ကျနော့်သားတွေသမီးတွေ ကျနော့်တူတွေ မျိုးဆက်ကို ဆက် လက်ဆင့်ကမ်းနေပါပြီ” လို့ ပြောပြပါ တယ်။

လူထုစာအုပ်တိုက် နှစ် ၈၀ပြည့်အထိမ်းအမှတ်အနေနဲ့ စာအုပ်ဈေးရောင်းပွဲတော်မှာ လူထုကြီးပွားရေးတိုက်ထုတ်စာအုပ် တွေကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ရောင်းချပေးသွားမှာဖြစ်ပြီး စာအုပ်အသစ်ဖြစ်တဲ့ ငါဆိုတဲ့တေး (ကဗျာများ) – ဖိုးသံ (လူ ထု) ၊မြန်မာ့ခေတ်သစ်ပန်းချီ – လူထုဒေါ်အမာ၊ သာသနာရောင်ဝါ နေသို့ထွန်းပါစေ – လူထုဒေါ်အမာ၊ မွှေးပျံ့တဲ့နှင်းဆီ ရောင်စုံ ဝတ္ထုတိုများ – ညီပုလေး၊ လူထုအတွက် လူထု – လူထုမိသားစု အစရှိတဲ့ စာအုပ် ၅အုပ်ကိုပါထုတ်ဝေရောင်းချပေး သွားမယ်လို့သိရပါတယ်။

လူထုကြီးပွားရေးစာအုပ်တိုက်ကို ၁၉၃၈ခုနှစ်ဇူလိုင်လမှာ စာရေးဆရာ၊ သတင်းစာဆရာကြီး လူထုဦးလှနှင့် စာရေးဆရာမ ကြီး လူထုဒေါ်အမာတို့မှ စတင်ထူထောင်ခဲ့ပြီး နှစ် ၈၀ သက်တမ်းအတွင်း နိုင်ငံရေးဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင် ရာ၊ ၀တ္ထု၊ ဆောင်းပါး၊ စာတမ်းအစရှိတဲ့ စာအုပ်ပေါင်း ၃၀၀ ကျော်ထုတ်ဝေခဲ့ပြီးဖြစ်ပါတယ်။

သတင်းစာဆရာစာရေးဆရာ လူထုဦးလှနဲ့စာရေးဆရာမကြီး လူထုဒေါ်အမာတို့မှ ဦးစိုးဝင်း၊(ကွယ်လွန်)၊ ဒေါ်သန်းရင်မာ (ဒေါက်တာ မြမဉ္ဖူ)၊ (ဦး)ဖိုးသံချောင်း(ဖိုးသံ- လူထု)၊ ဒေါ်တင်တင်ဝင်း၊ ဦးငြိမ်းချမ်း(စာရေးဆရာ-ညီပုလေး)တို့ကို ဖွားမြင်ခဲ့ ပါတယ်။

သတင်းစာဆရာ၊ စာရေးဆရာကြီး လူထုဦးလှဟာ ၁၉၈၂သြဂုတ်လ ၇ရက်နေ့တွင် ကွယ်လွန်ပြီး ဇနီးဖြစ်သူ စာရေးဆရာ မကြီး လူထုဒေါ်အမာကတော့ ၂၀၀၈ ဧပြီလ ၇ရက် မနက် ၈နာရီ ၃၇မိနစ် အသက် ၉၃ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာဖြစ် ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts