ဂျုနီယာဝင်း လောကဓာတ်ခန်း

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဂျူနီယာဝင်း ဗိုင်းရပ်စ်ဆိုတာ ဘာလဲ

(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈

ဗိုင်းရပ်စ် (virus) ဆိုသည်မှာ ကလာပ်စည်းတွေထဲမှာ နေထိုင်ကြသော သေးငယ်သည့် အစိတ်အပိုင်း အုပ်စုဖြစ်သည်။ သိပ္ပံပညာရှင်များသည်။ ထို သေးငယ်လွန်းလှသည့် ဗိုင်းရပ်စ်အုပ်စုများကို အလွန်ခွန်အားကြီး သည့် အဏုကြည့်မှန်ပြောင်းများသုံးကာ လေ့လာကြရပါသည်။ ဗိုင်းရပ်စ်များသည် သက်ရှိသတ္တဝါများနှင့် အသက်မရှိသည့် အရာများကြားတွင် သူတို့ ထပ်မံ၍ မပွားနိုင်သည်အထိ နေထိုင်ကြသည့် ခန့်မှန်းရခတ်သော သက်ရှိအစိတ်အပိုင်းအုပ်စုဖြစ်သည်။ ပုံတွင် ဗိုင်းရပ်စ်များက ကလပ်စည်း (cell) များကို မည်သို့ စားသောက် ဖျက်ဆီးသည်ကို ပြသထားပုံ။

လေ့လာကြည့်ပါက ဗိုင်းရပ်စ်သည် သူ့ဘာသာသူ အသက်မရှင်နိုင်ပါ။ သူတို့နေထိုင်သည့် အသက်ရှိ သည့် ကလပ်စည်းထဲမှာ ရာချီပြီး ထပ်မံပွားနိုင်ကြကာ နံဘေးက ကလပ်စည်းများဆီကိုပါ ကူးဆက်ပြန့်ပွားနိုင် ကြပါသည်။ ပုံတွင် ကလပ်စည်းတွင် ရှင်သန်နေသော ဗိုင်းရပ်စ်များ။ တချို့သော ဗိုင်းရပ်စ်များသည် ဘက်တီးရီးယားပိုးမွှားများကို တိုက်ခိုက်ပေးတာကြောင့် သူတို့ကို ကျေးဇူးတင်ရမလိုဖြစ်သောလည်း တခြားသော ဗိုင်းရပ်စ်တွေက မတိုက်ခိုက်နိုင်သည့် ကလာပ်စည်းများကို ဖျက်ဆီးသလိုဖြစ်တာကတော့ မကောင်းပါ။

ပုံတွင် ဘက်တီးရီးယားများ။ လူတွေမှာဖြစ်ပွားသော ရောဂါများသည် ဗိုင်းရပ်စ်များကြောင့်လည်း ဖြစ်နိုင်သလို ဘက်တီးရီးယားများကြောင့်လည်း ဖြစ်နိုင်တာကြောင့် သိပ္ပံပညာရှင်များအတွက် စမ်းသပ်မှုများ လုပ်နေရဆဲ ဖြစ်ပါသည်။ ပုံတွင် ဘက်တီးရီးယားများနှင့် ဗိုင်းရပ်စ်များ ကလာပ်စည်းထဲ ရှိနေကြပုံ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts