ဂျုနီယာဝင်း လောကဓာတ်ခန်း

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)

ဂျူနီယာဝင်း – အာဟာရဆိုတာ ဘာလဲ (nutrition)
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၈

အာဟာရဆိုသည်မှာ အမှန်တော့ ကျွန်ုပ်တို့ နေ့စဉ် စည်းကမ်းတကျ စားသောက်နေသမျှ ဖြစ်ပါသည်။ ပုံတွင် အသား အသီးအရွက် စသည်ဖြင့် နေ့စဉ် စည်းကမ်းတကျ စားသောက်သင့်သော အစားများ။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာထဲက အစိတ်အပိုင်းများ သူ့နေရာနဲ့သူ အစာအာဟာရ ရရှိအောင် စားသောက်နေထိုင်ဖို့ လိုပါသည်။ ကိုယ်ခန္ဓာက လိုအပ်သော စွမ်းရည်ပမာဏကို ထုတ်လုပ်ပေးနေရပါသည်။ ထိုစွမ်းရည်သည် ကျွန်ုပ်တို့စား သောက်သော အစာပမာဏကနေ ရရှိပါသည်။ အကယ်၍ ကိုယ်စားသောက်ထားတာထက် အလုပ်ပိုလုပ်မိခြင်း ၊ တောင်တက်တာ များသွားခြင်းတို့ ကြုံရလျှင် စွမ်းရည်လျော့ကျကာ ခံနိုင်ရည်ကျဆင်းပြီး ကိုယ်တွင်းအပူချိန် ကျသွားကာ ဒုက္ခတွေ့ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts