အမေရိကန်ပြည်အစိုးရနဲ့  လွှတ်တော်တို့ကြား ဘတ်ဂျက်နဲ့ ကျန်းမာရေးဥပဒေဆိုင်ရာ နိုင်ငံရေးတိုက်ပွဲများ
နိုင်ငံတကာသာဂိ၊ စက်တင်ဘာ ၂၈၊ ၂၀၁၃
ဒီလကုန်မှာ အမေရိကန်ပြည်ရဲ့ အစိုးရဘတ်ဂျက် ပြဌာန်းပေးဖို့ လွှတ်တော်မှာ တာဝန်ရှိတယ်။ အတိုက်အခံ (ရီပတ်ဘလစ်ကန်) ကြီးစိုးတဲ့အောက်လွှတ်တော်က ဘတ်ဂျက်ကို အတည်ပြုပေးသော်လည်း အိုဘားမားအစိုးရကို အနိုင်ကျင့်တဲ့အနေနဲ့ အောက်တိုဘာ ၁ မှာ သက်ဝင်မယ့် နိုင်ငံသားတိုင်းကျန်းမာရေးစော
အထက်လွှတ်တော်မှာ အိုဘားမားအစိုးရရဲ့ ဒီမိုကရက်ပါတီဝင်တွေ ကြီးစိုးနေတော့ အဲသည် ဘတ်ဂျက်သဘောတူညီချက်ကို အထက်လွှတ်တော်က ပြန်လည်ပြင်ဆင်ပြီးတော့ (Obama Care – Health Care) အသုံးစာရိတ်တွေ ပြန်ထည့်ပေးပြီး အောက်လွှတ်တော်ကို ပြန်ချပေးလိုက်တယ်။ ဒီ စက်တင်ဘာ ၂၃ – ၂၇ ရက်သတ္တပတ်ဟာ အမေရိကန်ပြည်နိုင်ငံရေးမှာ ပါတီ ၂ ခုအကြား အကြီးအကျယ် နိုင်ငံရေး ကစားတဲ့ပွဲ ဖြစ်တယ်။ အဲသည်လို ဒီမိုကရက်နိုင်ထားတဲ့ အထက်လွှတ်တော်က ပြန်လည်ထည့်သွင်းပြင်ဆင်တာကို ရီပတ်ဘလစ်ကန်ပါတီက ရှေးရိုးစွဲတီးပါတီ အထက်လွှတ်တော်လူနည်းစုအမတ်တွေက အချိန်ဆွဲနည်းဗျူဟာသုံးပြီး အထက်လွှတ်တော်ကြမ်းပြင်မှာ ၂၄ နာရီနီးပါး ဟောပြောငြင်းဆိုတာတွေ လုပ်ခဲ့ကြသေးတယ်။
သူတို့သဘောကတော့ အထက်လွှတ်တော်က ပြင်ဆင်ပြဌာန်းချက် အချိန်နှောင်းပြီး အောက်လွှတ်တော်ကို ပြန်ရောက်၊ အောက်လွှတ်တော်မှာ ပြန်လည်ဆွေးနွေး ငြင်းခုန်တာ အချိန်ထပ်ကြာ၊ ဒါဆိုရင် အောက်တိုဘာ ၁ မှာ အစိုးရဘတ်ဂျက် နောက်ဆုံးရက် (Deadline) ကို ကျော်သွား။ ဒါဆိုရင် အစိုးရမှာ နောက်နှစ်အတွက် ဘတ်ဂျက်အတည်မပြုနိုင်အောင် ဖြစ်တယ်။ အစိုးရဘတ်ဂျက် အတည်မရရင် အစိုးရက Government Shutdown ဆိုတဲ့ အစိုးရဌာနတွေ အသီးသီးမှာ အလုပ်မလုပ်နိုင်၊ လစာမပေးနိုင်၊ ရသုံးငွေတွေ မချေနိုင်အောင် အစိုးရရပ်ဆိုင်းသွားအောင် လုပ်တာ ဖြစ်တယ်။ အစိုးရက လွှတ်တော် ၂ရပ် ရဲ့ အငြင်းပွားမှုတွေကြောင့် ရပ်ဆိုင်းသွားရင် ဘတ်ဂျက်လည်း ပြတ်၊ လူထုကျန်းမာရေးအာမခံချက် ဥပဒေသစ်လည်း အသက်မ၀င်ဖြစ်ပြီး ငါးပါးမှောက်အောင်လို့ အတိုက်အခံရီပတ်ဘလစ်ကန်က အကြံကြီး ကြံတာ၊ ညစ်တာ ဖြစ်ပါတယ်။
ဒီမိုကရက်ပါတီ အနိုင်ရထားတဲ့ အစိုးရသက်တမ်းမှာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ အသက်မ၀င်အောင်ကအစ ဒီမိုကရက်တွေနဲ့ အိုဘားမားအစိုးရ အသက်သွင်းဖို့ ကြိုးစားတဲ့ ဘယ်ဥပဒေကို မဆို နှောင့်နေးအောင်၊ ရပ်ဆိုင်းအောင်၊ ပျက်သွားအောင်လုပ်ဖို့ တားဆီးဖို့ ရီပတ်ဘလစ်ကန်ဟာ အတိုက်အခံ တစိုက်မတ်မတ်လုပ်ခဲ့တာ အိုဘားမားသမ္မတဖြစ်တဲ့ ၂၀၀၈ ခုနှစ်ကတည်းကပဲ။ အိုဘားမားကလည်း ပြန်ပြီး ချေပပြီးပြီ။ ၂၀၁၂ သမ္မတရွေးကောက်ပွဲမှာ သူ ပြန်နိုင်တယ် ဆိုကတည်းက ပြည်သူလူထုအများစုဟာ လက်ရှိအစိုးရရဲ့ ဥပဒေသစ်၊ ပေါ်လစီသစ်တွေကို ထောက်ခံပြီးသား ပြသတာ ဖြစ်တယ်။ အောက်လွှတ်တော်မှာ လူများစု အသာရရုံသက်သက်နဲ့ လူများစုသဘောကို ရီပတ်ဘလစ်ကန်တွေက ကျောမခိုင်းပါနဲ့လို့ ပြောထားတယ်။
သို့သော်လည်း ခေါင်းမာတဲ့ ရှေးရိုးစွဲ ရီပတ်ဘလစ်ကန်တွေနဲ့ တီးပါတီအုပ်စုတွေကတော့ သည်ဘတ်ဂျက်ပွဲမှာ အကြပ်ကိုင်ရုံတင်သာမက အောက်တိုဘာလလယ်မှာ အစိုးရများထုံးစံ နိုင်ငံတော်ရဲ့ အကြွေးယူနိုင်ခွင့်ကို တိုးမြှင့်ဖို့ (Debt Ceiling) အောက်လွှတ်တော်၊ အထက်လွှတ်တော် သဘောတူပြဌာန်းပေးရေးပွဲမှာလည်း အကြပ်ကိုင်ဦး၊ နိုင်ငံရေးအရ တိုက်ခိုက်ဦးမှာပဲလို့ ကြွေးကြော်လိုက်ပါတယ်။ ၀င်ငွေနဲ့ ထွက်ငွေ မညီမျှတဲ့အတွက် စီးပွားရေးပြန်လည်နလန်ထူကာစ အချိန်မှာ ဘတ်ဂျက်ကဘယ်လိုပဲ ခွင့်ပြုခွင့်ပြု၊ အသုံးစာရိတ်လိုသမျှကို အစိုးရကနေ ပြည်သူတွေဆီက ငွေချေးပြီးတော့ (ငွေချေးစာချုပ်ဖြစ်စေ၊ အစိုးရငွေတိုက်ကဖြစ်စေ၊ ငွေစက္ကူ တိုးရိုက်ပြီးဖြစ်စေ) တိုးမြှင့်သုံးစွဲရပါတယ်။ အဲသည်လို အကြွေး တိုးချေးခွင့်ကာလကြရင် ရီပတ်ဘလစ်ကန်တွေက ဒီမိုကရက်အစိုးရကို အကြပ်ကိုင်တဲ့အနေနဲ့ လူတိုင်းကျန်းမာရေးဥပဒေကို ရုတ်သိမ်းဖို့၊ အချိန်ရွှေ့ဆိုင်းဖို့ တောင်းဆိုဦးမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
အိုဘားမားအစိုးရဟာ အထက်လွှတ်တော်မှာ လူများစုနဲ့ အသာရသော်လည်း ဥပဒေပြုတဲ့ဆီမှာ၊ ဥပဒေအသက်သွင်းတဲ့ဆီမှာ၊ စည်းမျဉ်းနည်းလမ်းများနဲ့ အကောင်အထည်ဖော်တဲ့ဆီမှာ အောက်လွှတ်တော်ရဲ့ သဘောဆန္ဒ၊ သတ်မှတ်ချက်တွေနဲ့ ဆောင်ရွက်ရတာမို့ အတိုက်အခံရီပတ်ဘလစ်ကန် အများစုရှိတဲ့ အောက်လွှတ်တော်ရဲ့ ထိုးနှက်မှုတွေ ကန့်ကွက်မှုတွေနဲ့ တောက်လျောက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
Compromise ဆိုတဲ့ ၂ဖက်စလုံး အလျော့ပေး စေ့စပ် ညှိနှိုင်းသဘောတူမှုဆိုတာ အခုအစိုးရလက်ထက်မှာ ထင်သာ မြင်သာ မတွေ့ရသေးပါဘူး။ အိုဘားမားအစိုးရ အဓိက အပြစ်တင်တာကတော့ ရှေးရိုးစွဲ မျိုးချစ်ဝါဒီတွေ (လူဖြူအုပ်စု) ရဲ့ အိုဘားမားနဲ့ ဒီမိုကရက်တို့ အပေါ် အပြုတ်တိုက်ရေး၊ မအောင်မြင်ရေး၊ လုံးဝရှုံးနိမ့်စေရေး ပေါ်လစီအစွဲကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရီပတ်ဘလစ်ကန်တွေထဲမှာလည်း အဲသည်လို အာဃာတအားကြီးတဲ့ နိုင်ငံရေးစိတ်ပြင်းထန်သူတွေ အားကောင်းနေတာကြောင့် ညှိနှိုင်းဆွေးနွေး အလျော့ပေး အဖြေရှာမှုကို ထုတ်ဖော် မပြောဝံ့ဘဲ ရေငုံနေကြပါတယ်။ သူတို့က ဘက်လိုက်မိရင် နောင် ရွေးကောက်ပွဲမှာ သူတို့မဲဆန္ဒနယ်တွေမှာ သူတို့ ရှုံးကုန်မှာ စိုးတာကိုး။
လက်ရှိအမေရိကန်ရွေးကောက်ပွဲနို
ဥပမာ … ကျန်းမာရေးအာမခံကုမ္မဏီတွေ ဆေးကုမ္မဏီတွေက လက်ရှိ အမေရိကန်ရဲ့ ကျန်းမားရေးစောင့်ရှောက်မှုဈေး
ဒါကြောင့် လက်ရှိအမေရိကန်နိုင်ငံရေးမှာ အောက်လွှတ်တော် (၂နှစ်သက်တမ်း)၊ အထက်လွှတ်တော် (၆နှစ် သက်တမ်း)၊ သမ္မတ (၄နှစ် သက်တမ်း) တွေမှာ ပြည်သူ့မဲတွေသာမက မမြင်ရတဲ့ ကန့်လန်ကာနောက်ကွယ်က ကော်ပိုရေးရှင်းများ Special Interest လို့ခေါ်တဲ့ ကိုယ်သန်ရာသန်ရာ အားပေးသူများရဲ့ လက်မဲကြီးတွေကို နိုင်ငံရေးသမားတွေက အရင်တုန်ကထက် ပိုပြီး ကြောက်နေ ထည့်တွက်နေရပါတော့တယ်။ နိုင်ငံရေး ၂ဖက်ပါတီရဲ့ ကြားက ကွာဟမှု ခြောက်ကမ်းပါးကလည်း ပိုကျယ်လာတယ်လို့ ဆိုနိုင်ပါတယ်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး။ အိုဘာမားစောင့်ရှောက်မှုဥပဒေက အောက်တိုဘာမှာ သက်ဝင်မှာဖြစ်လို့ ခုကတည်းကစပြီ ကျန်းမာရေးအာမခံ မ၀ယ်ထားသူ မိသားစုတွေ လွတ်လပ်စွာ ၀ယ်ယူနိုင်ပါပြီ။ မ၀ယ်နိုင်သေးရင်လည်း ကိုယ့်ဝင်ငွေအခြေအနေအလိုက် အစိုးရရဲ့ စာရိတ်စိုက်ထုတ်ပေးမှုကို ရယူနိုင်ပါပြီ။ အဲသည်ခံစားခွင့် စည်းမျဉ်းတွေကို ပြည်သူတွေ နားလည်သိရှိအောင် ပြည်ထောင်စုအစိုးရက Navigator  လို့ အမည်ပေးထားတဲ့  ပညာပေးစီမံကိန်းတွေနဲ့ ပြည်နယ်တွေတိုင်းမှာ ပညာပေး စည်းရုံးရေးလုပ်ငန်းတွေ လုပ်ကိုင်နေကြပါတယ်။ အဲသည်အလုပ်တွေကို ရီပတ်ဘလစ်ကန်အားကောင်းတဲ့ ပြည်နယ်တွေက အမတ်တွေကနေ နှောင့်နှေးအောင် ကြံ့ကြာအောင် အမိန့်တွေ စည်းကြပ်တာတွေ အနှောက်အယှက်တွေ ပေးလာကြတာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် ကယ်လီဖိုးနီးယားပြီးရင် လူဦးရေ ၂၄ သန်းနဲ့ လူဦးရေအများဆုံး တက္ကဆပ်ပြည်နယ်ဟာ ရစ်ပတ်ဘလစ်ကန်အားကောင်းတဲ့ ပြည်နယ်ဖြစ်ပါတယ်။ အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အဲသည်ကနိုင်ငံရေးသမားတွေက ဆန့်ကျင်ပါတယ်။ တကယ်တန်းကျတော့ သူတို့မှာ လူ ၄ ဦးမှာ ၁ ဦးက ကျန်းမာရေးစောင့်ရှောက်မှု အာမခံချက် မရှိဘူး။ ပြည်နယ်ရဲ့ တဦးချင်း ၀င်ငွေနဲ့ မိသားစုဝင်ငွေဟာ နိုင်ငံပျမ်းမျှ အနိမ့်ဆုံးဝင်ငွေထက် အတော်လေး နိမ့်ကျတယ်။  အလုပ်လက်မဲ့နှုန်းဟာ ကယ်လီဖိုးနီးယားက ၈.၅၊ နိုင်ငံတော်ပျမ်းမျှ ၇.၅ ဆိုရင် သူက ၆.၅ မှာ ရှိတယ်။ ပြည်နယ်ဟာ အစိုးရရဲ့ (Medicare) လို့ခေါ်တဲ့ ပြည်ထောင်စု လူမှုဖူလုံရေးအဆင့် ကျန်းမာရေးစောင့်ရှောက်မှု တိုက်ရိုက် ရရှိတဲ့ အခွင့်ကို ခံစားနေရတဲ့အပြင် အိုဘားမားကျန်းမာရေး စောင့်ရှောက်မှု အခွင့်အလမ်းတွေ ရှိနေပါလျက်၊ လိုအပ်နေပါလျက်၊ ခုနင်က Navigator ပညာပေးစီမံကိန်းတွေ ရှိနေပါလျက် ရီပတ်ဘလစ်ကန်အမတ်မင်းတွေက အဲသည်ပညာပေးစီမံကိန်းသမားတွေ အလုပ်မတွင်ကျယ်အောင် စာရင်းစစ်တာတွေ စည်းမျဉ်းတွေ တင်းကြပ်တာတွေ လုပ်ပြီး အနှောက်အယှက်ပေးတာ၊ ကြန့်ကြာအောင် လုပ်နေကြပါတယ်။ 
ဆိုတော့ အခုအချိန်မှာ အမေရိကန်ပြည်ထောင်စု ပြည်တွင်းရေးမှာ ပါတီ ၂ ခု ရဲ့ နိုင်ငံရေးတိုက်ပွဲဟာ ပြင်းထန်တယ်၊ ခါးသီးတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိ ဘတ်ဂျက်ကို အတည်ပြုပေးဖို့၊ နိုင်ငံတော်နဲ့ ပြည်ထောင်စုတရားရုံးတော်ကိုယ်တိုင်က အတည်ပြုပေးထားတဲ့ အိုဘားမားကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို သက်ဝင်လည်ပတ်ဖို့၊ နိုင်ငံတော်က ငွေချေးငှားပြီး ဆက်လက် လည်ပတ်နေဖို့ စတဲ့ အရေးကိစ္စတွေကို ဒီမိုကရက်ပါတီအထက်လွှတ်တော်နဲ့ အိုဘားမားအစိုးရတို့ တင်ပြတောင်းဆိုတဲ့အတိုင်း မဖြစ်စေအောင် အတိုက်အခံ ရီပတ်ဘလစ်ကန် အောက်လွှတ်တော်က ခြေကန်ပြီး ဆန့်ကျင်နေတော့တာ အခုလက်ရှိ အမြင်အတိုင်းပါပဲ ခင်ဗျား။
မပြောကောင်း ပြောကောင်း … လာမည့် ၂၀၁၅ မှာ ဒေါ်အောင်ဆန်းစုကြည်က သမ္မတကြီး ဖြစ်။ အထက်လွှတ်တော်မှာက NLD တွေက အမတ်တွေ တိုင်းရင်းသားပြည်နယ်တွေက အမတ်တွေက အများစုဖြစ်။ အောက်လွှတ်တော်မှာက ကြံ့ဖွတ်တွေ၊ စစ်သားအမတ်တွေက အားကောင်း (အတင်းနေရာတွေယူထား)။ အဲသည်မှာ သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၈ အခြေခံဥပဒေက အချက်တချို့ကို ပြင်မယ်လို့ တင်ပြလိုက်တဲ့ဆီမှာ အောက်လွှတ်တော်က ကြံ့ဖွတ်အမတ်တွေ၊ စစ်သားအမတ်တွေက အုပ်စုဖွဲ့ပြီး ကန့်ကွက်၊ ပယ်ချ၊ မဖြစ်နိုင်တဲ့ အဆိုပြုချက်တွေ အတည်ပြုပြီး ပြန်လည်တင်ပြတာတွေ လုပ်လို့ သမ္မတကြီး ဒေါ်စုလည်း မျက်မှောက်ကြုတ်ရ၊ အထက်လွှတ်တော်က NLD  အမတ်တွေ၊ တိုင်းရင်းသားပြည်နယ်တွေက အထက်လွှတ်တော်အမတ်တွေ စိတ်ပျက် လက်ပျက် ဖြစ်ရပုံမျိုးနဲ့များ အနာဂတ်ကို စိတ်ကူးယဉ်ပြပြီး နှိုင်းယှဉ်ပြရင် ကောင်းမလား တွေးနေမိပါတယ်။
Photo Credit – http://www.salon.com/2010/02/23/healthcare_preview/
		