ကဗျာ

ဝမ်းတွင်းရူး

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles


KT#

ဝမ်းတွင်းရူး

သျှီသူအောင်

(မိုးမခ)  ဇွန် ၈၊ ၂၀၁၈

ဝမ်းတွင်းရူးတွေက
ဘယ်လိုမှကုမရဘူး။
မထူးခြားတာတွေလုပ်တဲ့
အရူးပါးလိုလည်းမဟုတ်ခဲ့။

မျက်နှာမှာ သေနပ်ခါး
ပေါင်ကြားမှာ သေးကြောင်း
ခေတ်မီဖွံ့ဖြိုးတိုးတက်တယ်လို့ စာလုံးပေါင်းပြတာပဲ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ
လက်နက်ကိုင်ဆောင်ရပါတယ်ဆိုရင်
လူတိုင်းမှာလည်း အသွေးအသားနဲ့ အသည်းနှလုံးနဲ့ ခံစားချက်နဲ့ပဲ။

ဘယ်အရူးကိုမှ
လူကောင်းက မလုပ်ကြံဘူး
လူကို လူလိုမသိတာ
အရူးတွေသာ ရှိတယ်။

သူတို့ဟာ ဝမ်းတွင်းရူးတွေပါဆိုတာ
သူတို့ကိုယ်တိုင်လည်း မသိကြ
သိနေရင်လည်း ဝန်မခံကြ
ဝန်မခံပေမယ့် ဆက်ရူးကြ။

သမိုင်းတခေတ်မှာ
လိုင်းညစ်တွေမသန့်ရှင်းတာလည်း
ဝမ်းတွင်းရူးတွေကြောင့်ပါပဲ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts