စာအုပ်စင် မြန်မာပြည်တွင်း

Poetry Wave စာစဉ်အမှတ် ၂ လာပြီ

Poetry Wave စာစဉ်အမှတ် ၂ လာပြီ
(မိုးမခ) မေ ၂၄၊ ၂၀၁၈

ကဗျာဆရာတွေဖြစ်တဲ့ကေဇော်မိုးနဲ့ ရိုးခက်တို့ရဲ့ Poetry Wave Group ကစီစဉ်တဲ့ ၂ လ တကြိမ်ထုတ် Poetry Wave ဆိုတဲ့ ကဗျာရေးရာသီးသန့် စာစောင်အမှတ် ၂ ကို မေလ ၃၁ ရက်နေ့မှ ဓူဝံစာအုပ်တိုက်ကနေ တပြည်လုံးကို ထုတ်ဝေဖြန့်ချိတော့မယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတဝန်းလုံးက ကဗျာဆရာတွေအပြင် ပြည်ပရောက်ကဗျာဆရာတွေရဲ့ လက်ရာ ကဗျာပေါင်း ၂၈ ပုဒ်ပါဝင်ပြီး ခေတ်အဆက်အဆက်က စိုက်လိုက်မတ်တပ်ကဗျာရေးလာတဲ့ ဝါရင့်ကဗျာကလောင်ကြီးတွေသာမက ဒီနေ့ခေတ်ပြိုင် ကဗျာရေစီးထဲက ကြယ်ပွင့် ကဗျာဆရာလေးတွေလည်း ပါဝင်ရေးဖွဲ့ ထွန်းညှိထားတယ်လို့သိရတဲ့အတွက် ကဗျာချစ်သူတွေ အမြတ်တနိုးသိမ်းထားရမယ့် စာအုပ်တအုပ်အဖြစ် မိုးမခကသတင်းစကား ပါးလိုက်တာပါ။
ကဗျာတွေအပြင် ကဗျာရေးရာဆောင်းပါး ၃ ပုဒ်နဲ့ ကဗျာ့စကားတပုဒ်ပါ ပါဝင်တယ်လို့ စီစဉ်သူတွေက ဆိုပါတယ်။
Art Paper 4 C နဲ့မျက်နှာဖုံးနဲ့ အတွင်းအပြင်အဆင်တွေကို ရဲရင့်လင်္ကာက
ဖန်တီးအားထုတ်ထားကြောင်း သိရပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts