K ငြိမ်းချမ်း စာအုပ်စင်

မက်ခီယာဗယ်လီ၏ မင်းသား (သို့မဟုတ်) အာဏာရှင်လောင်းလျာများအတွက် မဟာဗျူဟာ ဘာသာပြန်စာအုပ် ထွက်ရှိ

မက်ခီယာဗယ်လီ၏ မင်းသား (သို့မဟုတ်) အာဏာရှင်လောင်းလျာများအတွက် မဟာဗျူဟာ ဘာသာပြန်စာအုပ် ထွက်ရှိ
K (မိုးမခ) မေ ၂၃၊ ၂၀၁၈

ကျော်ထက်ထွန်း မြန်မာဘာသာပြန်ဆိုတဲ့ မက်ခီယာဗယ်လီ၏ မင်းသား(သို့မဟုတ်) အာဏာရှင်လောင်းလျာများအတွက် မဟာဗျူဟာ အမည်ရတဲ့ဘာသာပြန်စာအုပ်ထွက်ရှိလာပါတယ်။ မူရင်းရေးသားသူ မက်ခီယာဗယ်လင်ရဲ့The Princeဆိုတဲ့ စာအုပ်ကို မြန်မာဘာသာပြန်ဆိုထားတာဖြစ်ပြီး ယဉ်မျိုးစာပေကနေ ထုတ်ဝေထားပါတယ်။

စာအုပ်မှာ အခန်း(၂၆) ခန်းပါရှိပြီး အခန်း၁- နယ်မြေဒေသကြီး အမျိုးအစားမည်မျှ များများစားစားရှိသနည်း၊ သည်နယ်မြေ ဒေသကြီးများအား ဘယ်ပုံဘယ်နည်းဖြင့်ရခဲ့ကြသနည်း အခန်း၂- မျိုးရိုးစဉ်ဆက် အုပ်ချုပ်ခံနယ်မြေဒေသကြီးများနှင့် စပ် လျဉ်း၍…. အခန်း၃- ပူးပေါင်းနယ်မြေဒေသကြီးများနှင့်စပ်လျဉ်း၍……. အခန်း၎- “ဒါးရီးယပ်စ် ဘုရင့်နိုင်ငံတော်”ကို “အ လက်ဇန္ဒား”ဘာကြောင့်အောင်နိုင်ခဲ့သနည်။ “အလက်ဇန္ဒား”နတ်ရွာစံပြီးနောက် အရိုက်အရာဆက်ခံသူများအား ဘာ ကြောင့် မပုန်ကန်ခဲ့သနည်း အခန်း၅- မြို့ကြီးပြကြီးများ သို့မဟုတ် နယ်မြေဒေသများအား အုပ်ချုပ်ခြင်းနှင့် စပ်လျဉ်း၍ သိမ်းပိုက်မခံရမီက မိမိတို့ ကိုယ်ပိုင်ဥပဒေနှင့် အုပ်ချုပ်ခဲ့သောနယ်မြေများ အခန်း၆- တကိုယ်တော်၏ လက်နက်အင် အား နှင့် အစွမ်းအစများဖြင့် သိမ်းပိုက်ရယုခဲ့သော နယ်မြေဒေသများနှင့်စပ်လျဉ်း၍ အခန်း၇- အခြားသူများ အင်အားသုံး တိုက်ခိုက်ခြင်း(သို့) မိမိကံတရားကြောင့် သိမ်းပိုက်ရယူ နယ်မြေဒေသကြီးများနှင့်စပ်လျဉ်း၍ အခန်း၈- ကလိမ်ကကျစ် နည်းဖြင့် နယ်မြေရရှိသူများနှင့်ပတ်သက်၍ အခန်း-၉ အရပ်ဘက်နယ်မြေဒေသနှင့်ပတ်သက်၍ အခန်း၁၀နယ်မြေဒေသ အားလုံး၏ အင်အားကိုချိန်ဆနိုင်သည့်နှင့်ပတ်သက်၍ အခန်း-၁၁-သာသနာပိုင်များနှင့်ပတ်သက်၍ အခန်း၁၂-စစ်သည် အမျိုးအစား၊ ကြေးစားစစ်သည်များနှင့်စပ်လျဉ်း၍ အခန်း၁၃- အပျော်တမ်းတပ်များ။ နှစ်ရပ်ပေါင်းတပ်များ၊ ကိုယ်ပိုင်တပ် များ နှင့်စပ်လျဉ်း၍ အခန်း၁၄-အုပ်စိုးသူ(မင်းသား)နှင့် စစ်ပညာ၊ အခန်း၁၆- လူပုဂ္ဂိုလ်များနှင့်မင်းသားများ၊ ချီးကျူး (သို့) ကဲ့ရဲ့ပြစ်တင်ခံရမည့် အမှုကိစ္စများ၊ အခန်း၁၆-“မလျော့မတင်းအယူအဆ”(လစ်ဘရယ်နှင့် တကိုယ်ကောင်းဆန်ခြင်း အယူ အဆများနှင့် စပ်လျဉ်း၍ အစရှိတဲ့အခန်းများအပြင် အခန်းပေါင်း(၂၆)ခန်းကို ဖတ်ရှုရမှာဖြစ်ပါတယ်။

စာအုပ်ကို ဘာသာပြန်ဆိုသူရဲ့စာအုပ်နဲ့ပတ်သက်ပြီး အမှာစာမှာ “အာဏာရူးဆိုသည်မှာ တစ်ထောင်မှာ တစ်ယောက်၊ တစ်သောင်းမှာ တစ်ယောက်၊ တစ်သိန်းမှာ တစ်ယောက်၊ တစ်သန်းမှာ တစ်ယောက်ရှိတာမှ မဟုတ်တာပဲ။ လက်လုပ် လက်စားမှ အစ သာမန်အများပြည်သူများက အုပ်စိုးသူ(မင်းသား)တစ်ဦး၏ ထွင်သောအကွက် ဘယ်ကိုဦးတည်သည်ကို မစဉ်းစားသင့်ဖူးလား။ မသိသင့်ဘူးလား။ ဘယ်အချိုးချိုးသည်ဆိုလျှင် ဘယ်ကို မြားဦးလှည့်ကို မသိသင့်ဘူးလား။ သည် ဒုတိယအတွေးကြောင့် သည်စာအုပ်ကို လက်ခံရေးဖြစ်တာပါ”လို့ ရေးသားထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts