မိုးမခကို ပေးတဲ့စာ

ဆန်နီ – ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မယ့် ရန်ကုန်အမှိုက်မီး

Photo from Facebook page

ဆန်နီ – ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရတော့မယ့် ရန်ကုန်အမှိုက်မီး
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁

မနေ့က တောင်ငူမြို့ရောက်နေတုန်း ဖေ့ဘုတ်ဖွင့်လိုက်တော့ ဖေ့ဘုတ်တခုလုံး ရန်ကုန် ထိန်ပင်အမှိုက်ပုံ  မီးလောင်တဲ့ မီးခိုးတွေနဲ့ မွှန်ထူနေတဲ့အနံ့တွေ ရှုလိုက်ရတယ်။ ဒါကြောင့် လွန်ခဲ့တဲ့လတွေက ကြားထားတဲ့သတင်းတွေလည်း ရှိနေတာမို့ စိတ်မကောင်းပေမယ့် မပြောဘူးနေခဲ့တယ်။

မီးခိုး တဖြေးဖြေးပါးသွားမယ်ပဲ ထင်မိတယ်။ အခု ဒီနေ့ ရန်ကုန်ပြန်ရောက်လာတော့ ပထမမနက်ပိုင်း မီးခိုးနံ မရသေးဘူး။ အခု ညနေလည်းကျရော ဒီမီးခိုးနံ့က မြို့ထဲမှာပါ ပြန့်နှံပြီးတော်တော်မွှန်ပြီး နံလာတယ်။ ဒါကြောင့် ဆက်စပ်တွေးမိတာက အဲဒီအနီးနားမှာနေကြတဲ့ ပြည်သူတွေဆို ဘယ်လောက်များ အနံဆိုးတွေနဲ့ အခံရခက်လိုက်မလဲလို့၊ ပြီးတော့ အဲ့ပြည်သူတွေရဲ့ ကျန်းမာရေး ထိခိုက်မှု သက်ရောက်ဆိုးကျိုးတွေကိုလည်း တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။

ဒါကြောင့် အခုပို့စ်ကို မဖြစ်မနေ ရေးလိုက်ရပါတယ်။

ဒီအဖြစ်ကို ခံစားခဲ့ရတဲ့ပြည်သူတွေကိုယ်စား ပြည်သူတွေရဲ့ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေက ပြည်သူတွေကိုယ်စား မေးမြန်းပေးဖို့ ဒီလိုနစ်နာမူအပေါ် ရန်ကုန်တိုင်းအစိုးရကို မေးမြန်းတာဝန်ခံခိုင်းဖို့ ရှင်ြး ပစေဖို့ တာဝန်ယူ လုပ်ဆောင်ပေးသင့်တယ်လို့ထင်ပါတယ်။အဓိကကတော့ ဒီအမှိုက်မီးရဲ့ အဓိကစဖြစ်ရတဲ့ အကြောင်း တာဝန်ရှိသူတွေ၊ နောက်ပြီးတော့ ဘာကြောင့် ဘယ်လို ရည်ရွယ်ချက်၊ ဘယ်လိုအစီစဉ်တွေရှိလည်း ဆိုတာတွေကို ပြည်သူ့ကိုယ်စား မေးမြန်းဖြေရှင်းပေးဖို့ လိုမယ်ထင်ပါတယ်။

လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက ဒီအမှိုက်ပုံနေရာကို ရှင်းပြီး ခရိုနီကုမ္ပဏီတစ်ခုကို စီမံကိန်းတစ်ခုအတွက် ရောင်းဖို့စီစဉ်နေတယ်။ အမှိုက်ပုံကို တခြားနေရာကိုရွှေ့ဖို့ စီစဉ်နေတယ်ဆိုတာ၊ တိုင်းအာဏာရှိသူတွေကို ညှိနှိုင်းနေတယ်ဆိုတာတွေကိုလည်း သဲ့သဲ့ကြားထားတဲ့အတွက် အခု အမှိုက်ပုံမီးက အဲ့ဒါတွေနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်နေတာတွေကို စဉ်းစားမိတယ်။ ဒီမီးနဲ့ ဆက်စပ်နေတာ၊ ပတ်သက်သူတွေ ရှိနေတာကြောင့် အဖြစ်မှန်ကိုဖော်ထုတ်ဖို့ လိုနေပြီလို့ ထင်မြင်မိလို့ ဒီပို့စ်ကို မရေးချင်ပေမယ့်လည်း ရေးလိုက်ရပါတယ်။

ခေတ်အဆက်ဆက် အစိုးရတိုင်းက မြေအသုံးချချင်ရင် (ကျူးကျော်မြေတွေ၊ ဈေးဟောင်းတွေ၊ အစိုးရအဆောက်အုံဟောင်းတွေကို) မီးလောင်မှုဖြစ်စေပြီး ရောင်းစား အသုံးချခဲ့ကြတာမို့၊ ခုလည်း အဲ့ဒီလို နည်းဟောင်းကြီးအတိုင်းများ လုပ်ခဲ့တာလားလို့ သံသယဖြစ်စရာ မေးခွန်းတွေ ပေါ်ထွက်လာနေပါပြီ။ ဒီကိစ္စကို အဖြစ်မှန်တိုင်း တိုင်းအစိုးရက ဖြေရှင်းဖို့၊ ပြည်သူ့ကိုယ်စားလှယ်တွေကလည်း အဖြစ်မှန်ကို ပြည်သူ့ကိုယ်စား အစိုးရကိုမေးမြန်းပြီး ပြည်သူထံ တင်ပြပေးနိုင်ဖို့ ဆောင်ရွက်ပေးဖို့ နှိုးဆော်အပ်ပါတယ်။
မီဒီယာသမားများကလည်း ဒီမီးရော၊ အမှိုက်ပုံမြေနေရာနဲ့ ပတ်သက်မှုတွေကိုပါ စုံစမ်းဖော်ထုတ် စောင့်ကြည့်ပေးဖို့ လိုတယ်လို့ ထင်ပါတယ်။

လေးစားစွာဖြင့်။
ဆန်နီ

(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts