Han Thit Naing ဓာတ်ပုံသတင်း

(AAPP) နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ ဓါတ်ပုံပြခန်းဖွင့်ပွဲနှင့် (၁၈)နှစ်ပြည့်ပြုလုပ်

 

(AAPP) နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ ဓါတ်ပုံပြခန်းဖွင့်ပွဲနှင့် (၁၈)နှစ်ပြည့်ပြုလုပ်

ဟန်သစ်နိုင် (မိုးမခ) မတ် ၂၄၊ ၂၀၁၈

(AAPP) နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းမှ “MEMORY OF THE PAST” ဟုအမည်ပေးထားသည့် အကျဉ်းထောင်၊ နိုင်ငံရေးအကျဉ်းသားများနှင့် အကျဉ်းသားများ၏ဘဝကို ထင်ဟပ်စေသည့် ဓါတ်ပုံပြခန်းဖွင့်ပွဲနှင့် အေအေပီပီတည်ထောင်ခြင်း (၁၈)ပြည့်ပွဲကို မတ်လ၂၃ရက်၊ မြောက်ဒဂုံမြို့နယ် ၃၃ တိုးချဲ့ရပ်ကွက် ဥသဖုရားလမ်း အမှတ် (၇၅) တွင်ပြုလုပ်ခဲ့သည်။

ယခုပြသထားသည့်ဓါတ်ပုံများသည် မြန်မာနိုင်ငံ၏ အတိတ်မှဆိုး ဝါးသည့် ဖြစ်ရပ်ဆိုးများနှင့် လက်ရှိ ဖြစ်နေဆဲ ပုံရိပ်များကို ပြည်သူ များနှင့် နိုင်ငံတကာမှသူတွေကို သိစေချင်ကြောင်း၊ ၄င်းဓါတ်ပုံများထဲတွင် ၁၉၆၂ ဆဲဗင်းဇူလှိုင်၊ ဦးသန့်အရေးအခင်း၊ ရှစ်လေးလုံးအရေးအခင်း၊ ၉၆-၉၇-၉၈ ကျောင်းသားလှုပ်ရှား မှု၊ ရွှေဝါရောင် တော်လှန်ရေးလှုပ်ရှားမှု၊ ၂၀၁၅လက်ပံတန်းကျောင်းသားလှုပ်ရှားမှု စသည့် မြန်မာနိုင်ငံ၏မျိုး ဆက်အဆင့် ဆင့်ဓါတ်ပုံများပြထားကြောင်း၊ ထောင်ထဲတွင် ကျရောက်နေသည့်သူများကို စိတ်ဓါတ်နှင့် အသိဥာဏ်ပါချိုး နှိပ်ခြင်း များရှိသည့်အတွက် စိတ်ဓါတ်ခွန်အားကိုတွန်းလှန်ခြင်း ပုံများကိုလည်းပြသထားကြောင်း AAPP ကိုစတင်တည်ထောင်သူ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်မှပြောသည်။

“မြန်မာနိုင်ငံရဲ့သမိုင်းလေးပေါ့၊ နိုင်ငံခြားသားတွေလာရင် မြန်မာနိုင်ငံရဲ့သမိုင်းလေးကိုသိဖို့လိုမယ်၊ နိုင်ငံရေးလှုပ်ရှားသူတွေ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်သောင်းပတ်ဝန်းကျင်လောက်ရှိသည့် တချို့ဓာတ်ပုံတွေကို ပြထားတယ်၊ ဒီလိုလူတွေက အပြောင်းအ လဲတစ်ခုဖြစ်အောင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ တဲ့သူတွေပေါ့၊ နောက် မျိုးဆက်သစ်တွေကိုလဲ ဒါတွေသိစေချင်တယ်၊ အဲလိုသိတဲ့အခါကျမှ လူ့အခွင့်အရေးချိုး ဖောက်မှုတွေ ဆိုးဝါးတဲ့ဖြစ်ရပ်တွေကို အနာဂတ်မှာမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်တယ်၊ ဒါကြောင့် ဒီလိုဓါတ်ပုံပြ ခန်းကိုဖွင့်ရခြင်းဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။

၎င်းဓါတ်ပုံပြခန်းသည် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဒဂုံမြို့နယ်၊ ၃၃တိုးချဲ့ရပ်ကွက်၊ ဥသဖုရားလမ်း၊ အမှတ်(၇၅)တွင်ရှိပြီး ပြခန်းဖွင့်ချိန်ကို တနင်္လာမှသောကြာအထိ နံနက်၉နာရီခွဲမှ ညနေ ၅နာရီအထိဖွင့်လှစ် မည်ဖြစ်သည်။ စနေ၊ တနင်္ဂနွေတွင် အချို့ကြည့်ချင်သူများကိုလည်း စီစဉ်ပေးသွားမည်ဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts