ကဗျာ မြန်မာပြည်တွင်း

ကိုပွေး – သွေးစာ

သွေးစာ

ကိုပွေး
(မိုးမခ) မတ် ၁၊ ၂၀၁၈

နှလုံးသားနဲ့ မဆန့်ရင်

ပါးစပ်က လျှံကျလာမယ် ထင်တာ

မုဒိမ်းကျင့်တယ်

လူသတ်တယ်  
ခိုးတယ် လုတယ်
မီးရှို့တယ်  ဗုံးခွဲတယ်
ဒီလောက်ဖျက်နေတာတောင်
ပျက်ကျမသွားဘူး မပြောပါနဲ့
စိတ်ပျက်တာက
သွေးပျက်တာထက် ဆိုးပါတယ်

အိုးကို ရိုက်ခွဲကြတယ်

ပြီးမှ ပြန်ဆက်ပေးမယ်ဆိုတဲ့အချိုးနဲ့
ပြည်သူထည့်ထားတဲ့ နိုင်ငံတော်က  
အိုးမှ  မဟုတ်တာ

ရောင်းစရာ သိပ်မကျန်တော့တဲ့အခါ

အာဏာကို တဆာဆာ တောင်းဦးမှာလား
မြေကိုလှန်တိုင်း မြစ်ကိုတွေ့ပါစေ    ။  ။  ။

ကိုပွေး
 
၂၈.၂.၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts