နွေဦးခေါ်သံ
မြတ်လှိုင်း
(မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၈
ပြောကြပါစို့။
နွေဦးမှာ၊လမ်းလျှောက်လာတယ်
နွေဦးခေါ်သံကိုပထမဦးဆုံးကြား
အကြိမ်ကြိမ်ကြားခဲ့ရတာလား
ဒါတွေထားလိုက်၊ ဒါတွေတွေးမနေနဲ့
နွေဦးထဲကို ငါရောက်လာခဲ့ပြီ။
နွေဦးရဲ့ခေါ်သံ
စိန်ပန်းတွေကိုနီရဲစေလိုက်တယ်၊
သစ်ရွက်စိမ်းတွေခြွေပစ်လိုက်တယ်
နေပူပူထဲ၊ ဝေရဲလိုက်ကြတယ်၊ ရဲရဲနီ
အဲဒီလို ငါတို့ဝေရဲခဲ့ကြတယ်။
ဒါသဘာဝလား
ဝေတဲ့အချိန်မှာ ရဲရဲ၊ ကြွေချိန်မှ
အတွေးရဲရဲ၊ သွေးရဲရဲနဲ့
ငါတို့ နွေဦးရဲရဲထဲမှာ လမ်းလျှေ
သင်္ခါရဆိုတာ မေ့ထားလိုက်
ဝေချိန်တန်ဝေ ကြွေချိန်တန်ကြွေမှာပဲ
သေရဲဖို့အတွက် ဒီနွေဦးကိုရဲရြဲ
နွေဦးခေါ်သံထဲ
ငါတွေ လမ်းလျှောက်နေတယ်။
မြတ်လှိုင်း
		