ဖြစ်ရပ်များ၊ အမှတ်တရများ

ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း (၁၀) နှစ်မြောက်

 

 

ဖဒိုမန်းရှာ လုပ်ကြံသတ်ဖြတ်ခံရခြင်း (၁၀) နှစ်မြောက်
(မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈


တဲ အိုအို ပျက်မယ်ဆို
အထင်မသေးပါနဲ့
ဟို အရင်းရှင်လူသတ်သမားကို
အသွင်တမျိုးငယ်နှင့်
သက်မဲ့က ဆန္ဒပြသည်
တွေ့ကြရဲ့လား။

ရေဆန် (၂၅၊ ၁၀၊ ၆၅)
———————————————————————————

 
၃၀၊ ၁၊ ၆၆

လူသည် လူ၏အကျိုးကို သယ်ပိုးတော့မည်ဆိုလျှင် မိမိအကျိုး ထိခိုက်နစ်နာရမည်ဖြစ်ပေသည်။ မိမိအကျိုးကိုသာ တွယ်ထားသူတယောက်ဆိုလျင် သူတပါးအကျိုးကို ထမ်းဆောင်ဖို့ဆိုသည်မှာ အဓိပ္ပာယ် ကင်းမဲ့လှချေသည်။

ကျနော်သည် ကမ္ဘာ့အဖိခံလူသားအားလုံးကိုချစ်သည်။ သူတို့အားချစ်သောစိတ်နှင့် သူတို့အကျိုးအတွက် ဘာမျှ မယ်မယ်ရရ မလုပ်ရသေးမီမှာပင် ကျနော့် ကိုယ်ကျိုးကို အထိုက်အလျောက် စွန့်ထားရပြီးဖြစ်သည်။ ကျနော့်တွင် ဘာများ ဆုံးရှုံးနေရပြီနည်း ဆိုသောအချက်ကို မကြည့်တတ်သူတို့ မမြင်နိုင်ချေ။

ကျနော်သည် ကျနော့်ပညာအရည်အချင်း အဆင့်အတန်းနှင့် အထက်လွှာသို့ဝင်ဆန့်နိုင်ရန်မကြိုးစား။ ကျနော်သည် လူ့အလွှာ၏ အောက်ဆုံးအထစ်မှဆင်း၍ ကျနော်ချစ်သော ဆင်းရဲသားများနှင့်အတူ တိုးတက်သော လူ့ဘောင်သို့ လှမ်းတက်လာမည်သာဖြစ်သည်။

ကျနော့်အသိဉာဏ်ကို ကျနော်သည် ပဲလှော်နှင့် လုံးဝမလဲစားနိုင်။

အိမ်ထောင်ရေးနှင့် ပတ်သက်လာလျင် အယူအဆ လုံးဝဆန့်ကျင်ခြားနားသောသူနှင့် လုံးဝ လက်မတွဲနိုင်။ ကျနော်နှင့် လက်တွဲနိုင်မည့်သူသည် အနိမ့်ဆုံး ကျနော်ချစ်သောအမျိုးနှင့် အတန်းအစားကို ချစ်ရမည်။ နားလည်သဘောပေါက်အောင်လည်း ကြိုးစားမည့်အလားအလာရှိသူ ဖြစ်ရမည်။

မေတ္တာကို ဘောင်မခတ်လိုသော်လည်း ဘောင်ခတ်သူ အဆင့်ဆင့်နှင့်တွေ့ရတော့လည်း ဘောင်လောကသို့ဝင်၍ ကိုယ့်ဘ၀အတွက် ဘောင်ခတ်ပေးရတော့မည်။

ရေဆန်နီ (၃၀၊ ၁၊ ၆၆)

——————————————————————————————————————

ဖဒိုမန်းရှာ (၁၉၄၃-၂၀၀၈)ရဲ့ အမှတ်တရစကား
“အပင်တပင်ကို သတ်မယ်ဆိုရင် အကိုင်းအခက်တွေကို ခုတ်ချရုံနဲ့ မရဘူး။ ပြန်ထွက်လာတဲ့ အတက်အလက်တွေဟာ ပိုပြီးတော့တောင် ဝေဖြာတယ်။ မြေလှန်ပြီး အမြစ်ပါမကျန် ခုတ်ဖြတ်ပစ်မှ အဲဒီအပင်သေတယ်။”

လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ဆယ်နှစ်မြောက်၊ မန်းရှာရဲ့ တောကျောင်းရွာက ရုပ်ထုရှေ့မှာ ဦးညွှတ်ဂုဏ်ပြုအပ်ပါတယ်။

မာနယ်ပလောမှာ အနေချစ်ခဲ့၊ နေဖြစ်ခဲ့တုန်းက
မန်းရှာရဲ့ တိုက်ဖေါ်တိုက်ဖက်၊ ရေးဖေါ်ရဲဘက် အိမ်နီးချင်းတဦး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts