သံလွင်ရေကား စီးမြဲပင်

သံလွင်ရေကား စီးမြဲပင်

(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၈

ရဲထွဋ်ဆိုတာ ဟိုးအရင် ၉၀ ပြည့် ရွေးကောက်ပွဲတွေရဲ့အလွန် ရဲထွဋ်၊ သန်းထွဋ်၊ ဇီဝဇိုး၊ မြင်းရည်တက်ဦးသာ စတဲ့ ကလောင်တွေနဲ့ သံလွင်တဘက်ကမ်း ထိုင်း – မြန်မာနယ်စပ်မှာ မင်းဆိုးကို မိုးကြိုးပစ်မည် ဆောင်ပုဒ်ကို ကိုင်စွဲခဲ့တဲ့  မြန်မာနိုင်ငံလွတ်လပ်သော သတင်းအေဂျင်စီ (Burma Independent News Agency – BINA) ရဲ့သတင်းစဉ်  မိုးကြိုးရဲ့ အယ်ဒီတာချုပ်။

 

မြောက်များလှစွာသော အာဘော်၊ ဆောင်းပါး၊ သုံးသပ်ချက်၊ နိုင်ငံရေးစစ်တမ်း၊ စာတမ်း၊ ဘာသာပြန်တွေများစွာထဲက တော်လှန်ရေးသမားရေးတဲ့ အက်ဆေးများဆိုတဲ့ ရသတွေကို ထုတ်နုတ်လိုက်ပါတယ်။

 

ဒေါက်တာစိန်ဝင်းဦးဆောင်တဲ့ အဝေးရောက်ညွှန့်ပေါင်းအစိုးပေါ်ပေါက်ရေးအတွက် တဖက်တလမ်းက ပါဝင်ကြိုးစားရင်း၊ အတိုက်အခံတော်လှန်ရေးသမားအဖြစ် နှစ်ပေါင်းများစွာ မြန်မာ့ဒီမိုကရေစီရေးအတွက် ကြိုးပမ်းခဲ့ရင်း ကောက်နှုတ်ချက်စစ်တမ်းတွေ၊ အာဘော်တွေ၊ ဆောင်းပါးတွေကြားက ထွက်လာတဲ့ တော်လှန်ရေးသမားတယောက်ရဲ့ ရသအက်ဆေးတွေ ဘယ်လိုရှိမယ်ဆိုတာ …။

 

သံလွင်ရေတွေ ဘယ်လိုစီးနေမယ်ဆိုတာ ….

 

B.Media Wash (ဝေဖန်သည် ဝေဖန်ခံသည်) စာပေတိုက်မှ မကြာမီ ထွက်ပါတော့မည်။

 

တအုပ် ၂၀၀၀ ကျပ် + စာပို့ခ
နိုင်ငံခြားမှ မှာယူလိုလျှင်လည်း ၂၀၀၀ ကျပ် + စာပို့ခ