ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● လုံးနေတာသေချာပြီးရင် ချာချာလည်မယ်

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ဆောင်းယွန်းလ ● လုံးနေတာသေချာပြီးရင် ချာချာလည်မယ်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၈

အမှုက
အဲဒီကစခဲ့တာပဲ
ဘယ်ကစသလဲလို့မေးတော့ မသိပြန်ဘူး
အမေးနဲ့ အဖြေတွေ သံသရာလည်နေပုံက
မဆုံးကြတော့ဘူး

ငယ်ငယ်တုန်းကလို
ဗိုလ် ကျား သေနတ်ဆွဲမဲခွဲရမလား
ခေါင်းပန်းလှန်ပြီး အနိုင်အရှုံးဆုံးဖြတ်ရမလား

ဦးနှောက်စားတဲ့နေရာမှာ
လက်ဖက်မစား ကွမ်းမစားဆိုသူတွေ ထိုင်နေတော့
သေနတ်ကျည်ဆံတွေက လမ်းလျှောက်လာတယ်
ခေါင်းမော့ ရင်ကော့ထားရမလား

ပါးနားရိုက်နေတဲ့ ကိစ္စတွေလောက်ကတော့
လေပြေတိုက်နေတာထက်တောင် ပါးလွှာနေသေးတယ်
ရွှေပြည်အေးတရား လေပြေသွေးစကားတွေထဲမှာ
မဲမဲမြင်ရာထိုင်ရှိခိုးနေရင်းနဲ့ တောင်
ကုသိုလ်ဟာ တောင်လိုပုံခဲ့

မြေကျတဲ့အရိုးတွေနဲ့ 
မြေမကျသေးတဲ့ အလောင်းတွေကို
ငါတို့ ဘယ်မှာပုံရမှန်း မသိနိုင်သေးတဲ့အခါ
ကမ္ဘာဟာ
ငြီးငွေ့ ဖွယ်ရာအကောင်းဆုံးနဲ့ 
ဘာမှန်းမသိနိုင်တဲ့ အလုံးကြီးတလုံးသာ ဖြစ်နေခဲ့တယ်။

ဆောင်းယွန်းလ
(ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၁၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts