သုတလင်း (ဆင်ပေါင်ဝဲ) ● လူဖြစ်ရကျိုးနပ်ကြသူတွေအကြောင်း
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈
တကြောင်းထဲလည်းဂီတပဲ
သံစဉ်တွေ ပြိုလဲနေတဲ့ ငါ့အခန်းလေးအကြောင်း
ငါ့နရံမှာ ပဲ့တင်ထပ်နေတဲ့ နရီတွေက ပြောပြတယ်။
တစ်ဝါကျထဲလည်းကဗျာပဲ
ပိုးသားရောင် စာသားလေးတွေနဲ့
ရစ်ခွေစီးဆင်းလာတဲ့ ရေချိုမြစ်တစင်းဖြစ်ကြောင်း
ဖွဖွလေး နင်းဝင်လာတဲ့ လေပြေကပြောတယ်။
ဖွင့်ဖက်မိတဲ့ ပါဒတိုင်း ထထခုန်
လက်နက်မဲ့ငြိမ်းချမ်းရေးတမန်တော်
မေတ္တာတရားနဲ့ ကိုယ်ချင်းစာတရားမှာ
သံစဉ်စာသားနဲ့ ဂီတဟာ
အရောင်အသွေးခွဲမရတဲ့သီချင်းဖြစ်ကြောင်း
ဆည်းလည်းသံလေးမှာ နားဆင်ကြရ။
ပြန်ပြစရာမလိုတဲ့ ဘာသာဗေဒနဲ့
ငါတို့ကဗျာဟာ ငါတို့နဲ့ တသားထဲကျခဲ့
ငါတို့ဟာ ကဗျာထဲပျော်ဝင်ကြည့်ကြရုံနဲ့
လူ့ဖြစ်ရကျိုးနပ်တဲ့အကြောင်း
ဒီကဗျာထဲမှာတွေ့ကြရမှာပဲဖြစ်တယ်။ ။
သုတလင်း (ဆင်ပေါင်ဝဲ)