မိုးမခကို ပေးတဲ့စာ

ဆိုင်းဗျူ – နယ်​ခြား​စောင့်​တပ်​( BGF )​ တောင်​​ပေါ်က ဘိန်းခင်းများ ဖျက်ပေးပါ

ဆိုင်းဗျူ  – နယ်​ခြား​စောင့်​တပ်​( BGF )​ တောင်​​ပေါ်က ဘိန်းခင်းများ ဖျက်ပေးပါ
(မိုးမခ) ဇန်န၀ါရီ ၄၊ ၂၀၁၈

ကချင်​ပြည်​နယ်​ လူထုအ​ခြေပြု မူးယစ်​​ဆေးဝါးပိတ်​ပင်​တားဆီး​ရေးအဖွဲ့ ( Pat jasan ) တို့သည်​ ဆဒုံး​ဒေသ၊ ကန်​ပိုင်​တည်၊​ ပန်​၀ါ၊ ချီ​ဖွေ ​ဒေသရှိ ဘိန်းခင်းများကို သွား​ရောက်​ဖျက်​စီးဖို့ ​တောင်​​ပေါ်သို့ တက်​လာခဲ့ကြသည်​ ။ ထိုသို့တက်​လာ​သော ဘိန်းခင်းဖျက်​အဖွဲ့ကို ​သေနတ်​များ ဖြင့်​ ဗုံးများဖြင့်​ တိုက်​ခိုက်​ခဲ့ကြသည်​ ။ အချို့မှာ ပြင်းထန်​စွာ ထိခိုက်​ဒဏ်​ရာများရရှိခဲ့ကြသည်​ ။ ထိုအရပ်​​ဒေသကို BGF ​ခေါင်း​ဆောင်​ဦးဇခုန်​တိန့်​ယိန်းက ထိန်းချုပ်​ထား​သော နယ်​​မြေ များဖြစ်​သည်​ ။ ဘိန်းခင်းများကို မဖျက်​စီး​အောင်​ ကာကွယ်​သူများမှာ နယ်​ခြား​စောင့်​တပ်​များ ( BGF ) တို့ဖြစ်​သည်​ ။

ဘိန်းခင်းများကို စိုက်​ပျိုး​အောင်​ အဓိက ကြိုးကိုင်​​နေ​တာက စီးပွား​ရေးလုပ်​ငန်းရှင်​များမှာ နိုင်​ငံခြားသားများ ပါဝင်​ပတ်​သက်​ကြသည်​ဟု ​ဒေသခံများက​ပြောသည်​ ။ ထိုအရပ်​​ဒေသတွင်​ အလုပ်​အကိုင်​ရှားပါးသဖြင့်​ ဘိန်းစိုက်​ပျိုး​ရေးကို ပိုမိုပြီး အသက်​​မွေးဝမ်း​ကြောင်းအဖြစ်​လုပ်​ကိုင်​​နေကြသည်​မြင်​ရသည်​ ။ အစိုးရအ​နေဖြင့်​ လည်း စိုက်​ပျိုး​ရေးနည်းပညာများ နယ်​စပ်​​ဒေသ ​ဈေးကွက်စီးပွား​ရေးစနစ်​ မ​ဖော်​​​ဆောင်​​ပေး​ နိုင်​ခြင်း တို့လည်းပါဝင်​​နေသည်​ ။ တရုတ်​ပြည်​သူ့ သမ္မတနိုင်​ငံမှ တရုတ်​လူမျိုး​လောပန်​များလည်း ​ဒေသခံကချင်​တိုင်းရင်းသားများကို ​ငွေ​ကြေးအရင်းအနှီးများထုတ်​​ပေးပြီး စိုက်​ပျိုးခိုင်းကြသည်​ ။

” ကျ​နော်​တို့ ဒီဆဒုံး​တောင်​​ပေါ်​ဒေသ မှာ အခြား​သော အလုပ်​ အကိုင်​လည်း မရှိ​သော​ကြောင့်​ ဒီဘိန်းခင်းလုပ်​တာက ၀င်​​ငွေ​တော်​တာ်​​ကောင်းတယ်​ ဆို​တော့ အများဆုံးက ဘိန်းစိုက်​ပျိုးကြတယ်​ တရုတ်​​​လောပန်​​တွေက ​ငွေး​ကြေးမရှိတဲ့သူ​တွေကို ​ငွေ​ကြေး​ထောင်​ပံ့​ပေးတယ်​ ဘိန်းစိုက်​ခိုင်းတယ်​ ထွက်​လာတဲ့ဘိန်း​တွေကို ၀ယ်​​ပေးတယ်​ ” ဟု ​ဒေသခံလူငယ်​ ​ဘောမ်​ယိန်းက​ပြောပြသည်​ ။

ဘိန်းစိုက်​ပျိုးမှု အများဆုံးနယ်​​မြေများမှာ နယ်​ခြား​စောင့်​တပ်​ ထိန်းချုပ်​ထား​သော​နယ်​မြေများတွင်​ ဖြစ်​သည် ကို ​တွေ့ရသည်​ ။ ​ကေအိုင်​အိုထိန်းချုပ်​နယ်​​မြေများတွင်​ ဘိန်းခင်းများစိုက်​ပျိုးမှု ​မရှိ​တော့​ကြောင်း​  ဒေသခံ​တွေ​ပြောသည်​ ။ အချို့​တောင်​​ပေါ်​တွေမှာဆိုရင်​ ဟင်းခတ်​အ​မွေးအကြိုင်​ဖြစ်​သည့်​ ​ချောက်​​ကော်​ ၊ ပါး​ကော်​ ဟွား​ကြောင်​ အပင်​များစိုက်​ပျိုးထားကြသည်​ဟုသိရသည်​ ။

”ဆဒုံး ၊ ကန်​ပိုင်​တည်​ ၊ ပန်​၀ါ ၊ ​ဒေသမှထွက်​ရှိလာ​သော ဘိန်းစိမ်းများ ဘိန်းကိုချက်​ပြီး လည်း​ဝေ့​မော်​ ​ဈေးတွင်​ လာ​ရောက်​ပြီးအ​ရောင်း​အ၀ယ်​ပြုလုပ်​ကြသည်​ ” ဟု ​ဘောမ်​ယိန်းက​ပြောသည်​ ။ ဆဒုံးမြို့များတွင်​လည်း ဘိန်းကိုချက်​ပြီး ​ရောင်းချကြသည်​ဟုသိရသည်​ ။

အများဆုံးဝယ်​ယူသူများမှာ တရုတ်​လူမျိုးများ ဖြစ်​သည်​ ။ ထိုဘိန်းပျိုးမှု​ကြောင့်​ ပျက်​စီးသွား​သော လူငယ်​များမှာ ကချင်​တိုင်းရင်းသားလူငယ်​များသာ အများဆုံးဖြစ်​​လေသည်​ ။ ပြည်​​ထောင်​စုအစိုးရ ပြည်​နယ်​အစိုးရ ၊ ကချင်​ပြည်​နယ်​လွှတ်​​တော်​ ပြည်​​ထောင်​စုလွှတ်​​တော်​ ၊ က​နေပြီး​တော့ မူတစ်​ခုချမှတ်​ပြီး ထိုအရပ်​​ဒေသကို ၀ိုင်းဝန်းပြီး ဘိန်းခင်းများကိုဖျက်​စီးပစ်​ဖို့ စီမံကိန်းများချမှတ်​ပြီး အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​ရမည့်​ အ​နေအထားကို ​ရောက်​​နေပြီး ဖြစ်​သည်​ ။

ဒီပြသာနာ ဟာ ​ပြည်​နယ်​နှင့်​တိုင်း၊ နေပြည်​​တော်​ ၊ ရန်​ကုန်​ ၊ မန္တလေးက လူငယ်​​တွေရဲ့ ဘ၀ပါ ဖျက်​ဆီးပစ်​လာနိုင်​သည်ကို သတိထားသင့်​သည်​ ။ အ​လေးအနက်​ စဉ်းစားရမည်​ ။ ထိုအရပ်​​ဒေသ ကို အခြား​သော စိုက်​ပျိုး​ရေးလုပ်​ငန်းများဖြင့်​အစားထိုး စီမံကိန်းများချ​ပေးသင့်​သည်​ ။

အခုအခါ ထို ပြသာနာကြီးကို ဘယ်​အစိုးလက်​ထက်​မှ အ​ရေးယူ​ဆောင်​ရွက်​မှု မရှိ​သေးသည်ကို ​တွေ့ရသည်​ ။ အမှန်​ဆိုရင်​ ထိန်းချုပ်​​နေ​သော နယ်​ခြား​စောင့်​တပ်​က​နေ ဘိန်းခင်းများကို လိုက်​လံဖျက်​စီး ပစ်​ရမည်​ဖြစ်​​သော်​လည်း ထိုကဲ့သို့ပြုလုပ်​ရန်​ အရိပ်​အ​ယောင်​မျှပင်​ မ​တွေ့ဘူး ဖြစ်​​နေတယ်​ ။ သူတို့ကပင်​ အား​ပေးပြီး ဘိန်းများစိုက်​ပျိုး​နေသည်​ကို ​တွေ့ရသည်​ ။ ထိုသို့ဘိန်းစိမ်း ဘိန်းဖြူများ လွယ်​ကူစွာ ရရှိ​သော​ကြောင့်​ ချီ​ဖွေ၊ ကန်​ပိုင်​တည်​၊ ​ချန်​မူးခုံး၊ ဆဒုံး ​ဒေသ တွင်​ ရှိ​သော လူငယ်​များဟာ မူးယစ်​​ကျေးကျွန်​ ဘ၀ကို ​ရောက်​သွားခဲ့သဖြင့်​ သုံးစားမရ၍ မိန်းက​လေးများလည်း တစ်​ဖက်​က နိင်​ငံသို့ သွား​ရောက်​လက်​ထပ်​ကြသည်​ အချို့မိ​န်းက​လေးများမှာ လူကုန်​ကူး ခံရ​လေသည်​ ။

အခြား​သောယောင်္ကျား​လေးများနှင့် ​မိဘများက ​မိန်းက​လေးငယ်​က သ​ဘောမတူဘဲ အသက်​မပြည့်​ခင် ​ပေးစား​နေကြသည်​ ။ ဘိန်းခင်း ၊ မူးယစ်​​ဆေးဝါး ဖြင့်​ချမ်းသာလာသူများကိုလည်း အစိုးရအ​နေဖြင့်​ ​ဖော်​ထုတ်​ဖမ်းဆီး အ​ရေးယူ​ဆောင်ရွက်​မှုများ လုပ်​​ဆောင်​ ရ​ပေ​​တော့မည်​ ။ ယခု ၂၀၁၈တွင်​ လုပ်​​ဆောင်​ရ​ပေ​တော့မည်။ မလုပ်ပါက​ ထိုအရပ်​​ဒေသတွင် ဘိန်းခင်းများ ဖူးပွင့်​လာ​ပေ​တော့မည်​ ။ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​နှိမ်​နှင်​​ရေးတွင်​ ပြည်​သူလူထု ပါဝင်​မှု​အ​ပေါ် ကြိုဆို ​ထောက်​ခံ​ပေးပါရန်​နှင့်​ ဟန့်​တား ​နှောင့်​ယှက်​သူများ၏ အန္တရာယ်​မှ ကာကွယ်​​ပေးရန်​ အပြင်​ ထိ​ရောက်​​သော ကူညီပံ့ပိုး မှုများကို အမြန်​ဆုံး ​ဆောင်​ရွက်​​ပေးရန်​ ပြည်​​ထောင်​စု အစိုးရအဖွဲ့ သို့ ဤလွှတ်​​တော်​က တိုက်​တွန်း​ကြောင်းအဆိုကို ကချင်​ပြည်​နယ်​မှ ပြည်​သူ့လွှတ်​​တော်​ ၀ိုင်း​မော်​ မဲဆန္ဒနယ်​မှ ဦးလဂန်​ဇယ်​ဂျုံး ပြည်​သူ့လွှတ်​​တော်​တွင်​ အဆိုတင်​တွန်း ခဲ့ရာ အဆိုပါအဆိုကို အတည်​ပြု​ပေးခဲ့သည်​ ။

လွှတ်​​တော်​တွင်​ အဆိုကို အတည်​ပြုခဲ့​ပေမဲ့ ​မြေပြင်​တွင်​ လက်​​တွေ့ ​အ​ကောင်​အထည်​ ​ဖော်​​ဆောင်​ရွက်​ခြင်း အစီအစဉ်​ မ​တွေ့ရ​သေးကို​တွေ့ရသည်​ ။ ၂၀၁၈ ခုနှစ်​တွင်​ ပြည်​​ထောင်​စုအစိုးရအဖွဲ့က​နေ လက်​​တွေ့ နှစ်​စဉ်​အ​ကောင်​အထည်​ ​ဖော်​​ပေးလျှင်​ ဘိန်းခင်း များ ပ​ပျောက်​သွားနိုင်သည်​ ။

(ဓာတ်ပုံ – ၂၀၁၆၊ ဖေဖော်ဝါရီ ၂၆ ရက်နေ့ ပြည်သူများ လမ်းလျှောက်ဆန္ဒပြနေစဉ်၊ http://kachinnewsburmese.blogspot.com )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts