![]() |
စီစီသွယ် (S/OKA ၀၈၉ ၈၁၈) – ကဝိအို အမိမြေနင်းခွင့်ရရေး
(မိုးမခ) ဒီဇင်ဘာ ၂၉ ၊ ၂၀၁၇
က၀ိအိုတယောက် အိမ်ပြန်ချင်လှပြီ၊ ကြုံတဲ့လူများ ဝိုင်းဝန်းကူညီလှည့်ပါ။ပြည်ထောင်စုမြန်မာပြည်သူပြည်သားအပေါင်းတို့ …
ကဝိအိုရဲ့ အိမ်ပြန်ချိန်။ မြန်မာနိုင်ငံသား ကဝိအိုအိမ် ပြန်ချင်လှပြီ။ တယောက်တလှည့် ဝိုင်း၍ကူလှည့်ပါ။
ဒီသတင်းလေးကိုပြည်ထောင်စုမြန်မာနိုင်ငံတော် သမ္မတကြီးဦးထင်ကျော်နှင့်နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့၏ “နား”သို့ အမြန်ဆုံးရောက်အောင် ဆောင်ကြဉ်းပေးပါ။
ကဝိရဲ့ အိမ်ပြန်ချိန်၊ မြန်မာပြည်ဒီမိုကရေစီရရှိရေးအတွက် နှစ်ပေါင်း၂၈နှစ်ကြာ ပြည်ပတွင် အစဉ်တစိုက်လှုပ်ရှားပေးခဲ့သော အသက်၇၄နှစ်အရွယ် ကဝိအိုကြီး အိမ်ပြန်ချင်လှပြီ။ မြန်မာသီချင်းတွေ နားထောင်ပြီး အလွမ်းဖြေနေလေရဲ့။
အမိမြေ နင်းခွင့်ရရေး … အများသူငှာ ၀ိုင်းဝန်းကူညီလှည့်ပါ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ဟာ NCGUB ၀န်ကြီးချုပ် ဒေါက်တာစိန်၀င်း ရဲ့ နှမတဝမ်းကွဲပါ။ အဖေချင်း (ဗိုလ်ချုပ်အောင်ဆန်းနဲ့ဦးဘဝင်း)ဟာ ညီအစ်ကိုအရင်းပါ။ သူ့ နှမ သူမပြောဘဲ ဘေးလူကဝင်ပြောပေးရမယ်လို့ အရပ်ရပ် နေပြည်တော် ကြားလို့မလျော်တဲ့ကိစ္စပါ။