လူအိမ် – ငှက်ပျောပင်လေး

ငှက်​​ပျောပင်​​လေး
လူအိမ်
(မိုးမခ)၊ နိုဝင်ဘာ ၁၇၊ ၂၀၁၇
 
အရွယ်​မတိုင်​မီကိုယ်​ဝန်​​ဆောင်​ထား
မိန်းမငယ်လို
သက်​ကြီးပိုင်းအဘိုးအိုလို
သူ့ခါးဟာ
ကိုင်
းလို့
ဘေးမှာ
အငယ်​​လေး ကလူမမယ်
အလတ်​က မူကြို
အကြီး​ကောင်​က
လဲကျမသွား​အောင်​ သူ့ခါးကိုဖက်​လို့
သူ့သခင်​က
သူ့ချိုင်းကိုဝက်​ခွကြီး​ထောက်ပြီး
စောင့်​​ရှောက်​​ပေးရှာပါတယ်
သူ့အခိုင်​ကြီးစားသုံးမရမချင်း​ပေါ့
ဒါပြီးရင်​​တော့
ဘဝတပါးသူ​ပြောင်း​ရွေ့မယ်
ကွယ်​လွန်​​တော့​ရော
ဘာအ​ကြောင်းလဲ 
ဘေးမှာခြံရံ​နေတာသူ့မျိုးဆက်​​လေ ။