ကဗျာ ကမ္ဘာ
သစ်ငြိမ်း
 (မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၇
ကမ္ဘာမှာ 
ကဗျာက 
အရှည်လိုက်ဆွဲဆန့် 
အပြားလိုက်ကြီး 
ကမ္ဘာက
ပြားပြီးတာ
ကြာလှပေါ့။
ပြားပြီးတာ
ကြာလှပေါ့။
ကဗျာက 
ခုမှ
ပြားဖို့ ပြင်နေတုန်း
ပြားဖို့ ပြင်နေတုန်း
ကမ္ဘာက
လုံးပြီးပြီ
လုံးပြီးပြီ
ကဗျာက
ခုမှ
အချပ်လိုက်ကြီး
ခုမှ
အချပ်လိုက်ကြီး
ထွက် ကျ လာ။ 
အံ့သြပါ့ 
ကမ္ဘာ ပြားပြား 
ကဗျာပြားပြား။ 
လမ်းမမှားပါဘူးလေ 
မြေပုံ နဲ့ သံလိုက်အိမ်မြှောင်နဲ့
အရှေ့ အနောက်
တောင် မြောက် နဲ့
တောင် မြောက် နဲ့
လိုအပ်တာထက်
ပိုပြည့်စုံပါရဲ့
ကမ္ဘာ့ကဗျာ 
ညစာ စားပွဲမှာ။ ။
 –
၂ ၀ ၀ ၂
		
