ရိုက်မချရဘဲ ထွက်ကျလာတဲ့ ဝါကျတွေ 
 နရီမင်း
(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၇
ဝန်းကျင်က မသန့်ဘူး။ 
အာရုံခံတတ်လွန်းတဲ့ ငါ့အရေပြားက 
ယားယံနေတယ်
ဒေါသတကြီး တဗျင်းဗျင်း ကုပ်မိတော့ 
ကိုယ့်အသားပဲ နာရတယ်။ 
တခန်းလုံး မသတီစရာ 
အနံ့တွေ ပြည့်လို့။ 
မွှားကောင်တွေ 
ငါ့ကိုယ်ပေါ် ကခုန်နေကြလေရဲ့။ 
ပိုးတွေက
 ဆေးယဉ်ပါးကုန်ပြီ။
စပရေးဘူးတွေ အလုပ်မဖြစ်ဘူး။ 
အရှက်မရှိတဲ့ 
မျက်နှာတွေကို မုန်းတယ်။ 
အရှက်ရှိလွန်းတဲ့ 
ကိုယ့်မျက်နှာလည်း ကိုယ် ပြန်မုန်းတယ်။ 
မနက်ဖြန် မျက်နှာမသစ်ခင် 
ကိုယ့်ပါးကိုယ် 
ဘယ်ပြန်ညာပြန် ရိုက်ပစ်ရမယ်။
 သေသွားတဲ့
ဝိညာဉ်တွေရဲ့
ဝိညာဉ်တွေရဲ့
 စောင့်ကြည့်နေမယ့်
မျက်လုံးတွေကို
မျက်လုံးတွေကို
ငါ ရှက်လို့ မဆုံးဘူး။
နရီမင်း
၂၂- ၉- ၂၀၁၇
