ငြိမ်းငြိမ်းချမ်းချမ်းနေချင်သူ ကြီးတယောက်အကြောင်း
(ကဗျာဆရာမောင်အောင်ပွင့်)
(စီးဆင်းနေသောမြစ်များနှင့်ပြန် မစီးဆင်းနိုင်တော့သောမြစ်များ)
မြတ်လှိုင်း
(မိုးမခ)၊ စက်တင်ဘာ ၈၊ ၂၀၁၇
ကျွန်တော်အင်အယ်ဒီဌာနချုပ်မှာတာ ဝန်ယူနေရတဲ့ ၁၉၈၈ နောက်ပိုင်းကာလ။
အဲဒီအချိန်ကအင်အယ်ဒီရုံး အဖွဲ့ဝင်တွေအားလုံးက ဆရာ ဦးဝင်း ခက်ကို ချစ်ကြောက်ရိုသေခဲ့ကြတယ်။ သူ့ကွယ်ရာမှာ ဝခ လို့နာမယ်ပေးထားခဲ့ကြတယ်။ ရုံး အဖွဲ့ဝင်တွေ အားလုံး ကို မနက်စာထမင်းကျွေးတော့ ဦးဝင်းခက် က လက်မှတ်လေးတွေ တယောက်ချင်းထု တ်ပေးတယ်။ ထမင်းစားလက်မှတ်ဆိုပါေ တာ့။
တမနက်ခင်းမှာပေါ့။ ဌာနချုပ်ရုံးနောက်က တဲတန်းလျားမှာထိုင်ပြီး အလုပ်လုပ်နေတုန်း (ဝခ) ခေါ်ခိုင်း လိုက်တယ်ဆိုတော့ ရုံးအရှေ့မှာဖွ င့်ထားတဲ့ ရံပုံငွေလက်ဖက်ရည်ဆို င်ကို ထသွားခဲ့တယ်။ ဆရာဦးဝင်းခက်ေ ဘးမှာထိုင်နေတာက ကိုအောင်ပွင့်။
ကျွန်တော်နှုတ်ဆက်လိုက်တယ်။ ”ကို ပွင့်ရောက်နေပြီလား၊ ဗိုလ်ချုပ်ြ မင့်အောင်က နှင်ထုတ်လိုက်တာ မဟုတ် လား” လို့ ကျွန်တော် ကိုပွင့်ကိုပြောလိုက်တယ်။
ကိုအော င်ပွင့်ပြုံးပြီး ”မောင်ရင့်လိုပေါ့ကွာ” လို့ လေသံအေးအေးလေးနဲ့ပြန်ပြောတယ်”
မင်းတို့က ဧရာဝတီသူပုန်တွေပေါ့၊ ကိုအောင်ပွင့်ကို မင်းတာဝန်ယူပေတော့၊ ကိုပွင့်ကြ မတ်လှိုင်းတို့ ရုံး အဖွဲ့ကိုကူပေါ့ ၊ ဒါမှမနက်စာတနပ်တော့စားရမှာ”
ဆရာဦးဝင်းခက်က ရီပြီး ပြောတယ်။ ရုံးချုပ်မှာမနက်စာစား။ အလုပ်တွေလု ပ်၊ ညနေရောက်ရင် ကိုအောင်ပွင့်၊ ကိုေ အာင်ဝေးနဲ့ ကျွန်တော်တို့ သုံးယောက်သား ၃၃ လမ်းက လေထန်ကုန်းကို ချီတက် ခဲ့တယ်။
ဒါကလည်း သိပ်မကြာလိုက်ပါဘူး။ ကိုေ အာင်ဝေးနဲ့ ကျွန်တော်ကဧရာဝတီတို င်းကို စည်းရုံးရေး ခရီးထွက် တော့ ဌာနချုပ်မှာ ကိုအောင်ပွင့်တယော က်ထဲ ကျန်နေခဲ့တယ်။တယောက်ထဲကျ န်ခဲ့တော့ မနေချင်တော့ ဘူးထင်တယ်။ ကိုယမုံ၊ ကိုသာချိုတို့ ကိုခင်လွန်းတို့လုပ်နေတဲ့ အိပ်မက်ဖူးမဂ္ဂဇင်းအဖွဲ့ဆီ ရောက် သွား တယ်။
ကျွန်တော်ခရီးကပြန်လာတိုင်း ကို ပွင့်နဲ့ ၃၃ လမ်းက လေထန်ကုန်းမှာ ဆြုံ ဖစ်တယ်။ နောက် အင်အယ်ဒီ အထွေထွေအတွ င်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဧရာဝတီတိုင်းပထမခရီးစဉ်၊ ပုသိမ် မှာ ကိုအောင်ဝေး တို့ အဖမ်းခံလိုက် ရတယ်။ အဲဒီ့ခရီးစဉ်ကအပြန်မှာ အင်းလျားကန် အရှေ့၊ ကန်လမ်းမှာ ကျွန်ေ တာ် တယောက်ထဲနေခဲ့ရတယ်။ ကိုအော င်ဝေးအဖမ်းမခံရခင်က ကန်လမ်းမှာ ကိုအောင်ဝေးနဲ့ ကျွန်တော် အတူနေခဲ့ ရတယ်။
ကိုအောင်ပွင့်နဲ့အတူပြန်နေဖြစ် တာက ၁၉၈၉ မှာပေါ့။ အစ်မကြီး(ဒေါ်)စမ်းစမ်းနွဲ့  (သာယာဝတီ)က မောင်သာရဝတ္ထုတိုဆုရတဲ့အထိမ်းအမှ တ်အနေနဲ့ ကိုမင်းသစ်ခြံကျယ်ကြီးထဲမှာ ဧည့်ခံပွဲလုပ်ပါတယ်။ အဲဒီပွဲမှာ စာရေးဆရာ၊ ကဗျာဆရာတွေတော်တော်များများပါတယ်။ စားရင်းသောက်ရင်းနဲ့ ကိုပွင့်က ကျွန်တော့်အနားမှာလာထိုင်ပြီးပြောတယ်။
”မြတ်လှိုင်း ရေ၊ ကိုယ်ညဖက်ရောက်ရင် ဟိုလူ့ဆီလိုက်အိပ်ရမလား၊ ဒီလူ့အိမ်လိုက်အိပ်ရ မလားနဲ့ ညေ နတိုင်း စိတ်ပူပန်နေရတယ်၊အတည်တကျြ ပန်အိပ်ရမယ့်အိပ်စရာနေရာလေးတခု လိုချင်တယ်ကွာ၊ အခုဟာက မငြိမ်းချမ်းဘူး”တဲ့။
ငြိမ်းငြိ မ်းချမ်းချမ်းလေးနေချင်တဲ့ ကိုပွင့်ပြောတာကို ကျွန်တော်ခံစားနားလည်လိုက်မိတယ် ။
ကိုပွင့်ကလည်း အားနာတတ်သူတယော က်မဟုတ်လား။ ကွန်တော်လည်းချက်ချ င်းပြန်ပြောလိုက် တယ်။”ကျွန်တော့် အဆောင်မှာလာနေပေါ့ကိုပွင့်ရာ၊ ကိုေ အာင်ဝေးနေခဲ့တဲ့ ခုတင်လည်း ရှိတယ် ၊ အိပ်ရာခြင်ထောင်လည်း ရှိတယ်၊ ဘာ မှအားနာစရာလည်းမလိုဘူး”
ကျွန်ေ တ်ာလည်း နေရာပေါင်းစုံမှာလိုက်အိ ပ်ဖူးတယ်လေ။ ညနေစောင်းရင်ဘယ်မှာ အိပ်ရ မလဲလို့တွေးမိ မှာကြောက် ခဲ့တဲ့အချိန်တွေရှိခဲ့ပါတယ်။ ကို မင်းသစ်ခြံထဲမှာလည်း ညပေါင်း များစွာ အိပ်ခဲ့ဖူးတယ်။ ကို မင်းနွယ်စိုးအိမ်မှာလည်း လိုက်အိ ပ်ဖူးသလို၊ ကိုဇောင်းထက်အိမ်မှာ လည်း အိပ်ခဲ့ဖူးတော့ အခု ကိုပွင့် လို ချင်တဲ့အိပ်စရာနေရာေ လးတနေရာဆိုတာကို ခံစားနားလည်နိုင်ခဲ့တယ်။
အဲဒီညမှာပဲ အစ်ကိုမင်းသစ်ခြံကအပြန်မှာ ကိုပွင့်ပါလာခဲ့တယ်။ မနက်ဖက်ဆို ကန် လမ်းထိပ်က မုန့်ဟင်း ခါးဆိုင်မှာ အတူစားသော က်ပြီး ကျွန်တော်က တက္ကသိုလ်ရိပ်သာ လမ်းကို သွားတယ်။ ကိုပွင့်က မြို့ ထဲကို ချီတက်တယ်။
ညဖက်ဆိုအဆောင် မှာ ပြန်ဆုံဖြစ်ကြတယ်။ ကိုပွင့်ြ ပန်ရောက်နေတာက များသောအားဖြင့် စောပါတယ်။ ညတိုင်းကျွန်တော်အတွက် ဘီအီးတပိုင်း ဝယ်လာပေးတယ်။ ကျွ န်တော်က ပေါင်မုန့်တစ်လုံးဝယ်လာ တယ်။
ဘီအီးနဲ့ခပ်ပေါပေါပေါင်မုန့် ကိုမြည်းတာပေါ့။ ကျွန်တော်တို့နှ စ်ယောက်အတွက် အေးချမ်း ငြိမ်းချမ်းတဲ့ ကာလလေးတွေလို့ ဆို ရမှာပါ။ တခါတရံမှာတော့ ငြိမ်းချမ်းတဲ့ ကျွန်တော်တို့ ကမ္ဘာလေးကို အနှောင့် အယှက်တွေ ယူလာတတ်တာတခုပါပဲ။
အဲဒီအချိန်က ကိုပွင့်က ဗိုလ်ကြီး(ေ မာင်သင်းခိုင်)နဲ့တွဲတယ်လေ။ ဗို လ်ကြီးနဲ့အတူ ကိုချော (မောင်ချောနွ ယ်)၊ ကိုမြေကြီး(မြေချစ်သူ)တို့  အဆောင်ကိုလိုက်လာတတ်တယ်။ ကိုချောနဲ့ ကိုမြေကြီးတို့က အေးအေးဆေးေ ဆးပါ။ စကားပြောရင်လည်း အေးအေးဆေးေ ဆးပါပဲ။
ဗိုလ်ကြီးကတော့ မအေးဆေးဘူးလေ။ ကျွန်တော်နဲ့က ကိုမင်းသစ်ခြံထဲမှာ တခြင်ထောင်ထဲ အကြာကြီး အိပ်ခဲ့ဖူးတော့ ဗိုလ်ကြီးအကြောင်းကို သိေ နတယ်။ ကဗျာအကြောင်းပြောကြတဲ့ အခါ မှာတော့ အားပါပါေ ပြောတတ်တာအကြောင်းမဟုတ်ပါဘူး။ တခါတခါ ဂျီကျတတ်တယ် လေ။ အဲဒီလိုဆိုရင် ကိုပွင့်က အင်းလျားကန်ဘောင်ပေါ်ခေါ်သွားရတော့တာပဲ။ အဆောင်အောက်ထပ်မှာက ပိုင်ရှင်တွေ ရှိတယ်လေ။ ကိုပွင့်က အရမ်းသိတတ်၊ အားနာတတ် တယ်မဟုတ်လား ။
အင်အယ်ဒီမှာမှတ်တမ်းလွှာအယ်ဒီတာ အဖြစ် ကိုပိန်ပိန်နဲ့တွဲပြီးတာ ဝန်ယူတဲ့အချိန်မှာ မှတ် တမ်းလွှာထွ က်တဲ့နေ့ဆို မှတ်တမ်းလွှာ ၁၀ စောင် ကိုပွင့်အတွက် ယူလာပေးရတယ်။ အဲဒီ အချိန်က မှတ်တမ်းလွှာကို ရုံးချု ပ်ကဖြန့်ချိတာနှစ်ကျပ်ပြားလေး ဆယ်။
လက်ပွေ့သမားတွေက ငါးကျပ်နဲ့ေ ရာင်းကြပါတယ်။
”ကိုရင်ရယ် ငါတို့ ကဗျာဆရာတွေမှာ မှတ်တမ်းလွှာဖတ်ချ င်ပေမယ့် ငါးကျပ်က မတတ်နိုင်ဘူးကွာ၊ ကိုရင်ယူလာတဲ့မှတ်တမ်းလွှာဆယ်ေ စာင်ကို ၃၃ လမ်းမှာ အလုအယက်ပဲ။ ဒီ ထက်ပိုရ ရင် ကောင်းမှာ” လို့ ကိုပွ င့်ကပြောတာသတိရနေသေးတယ်။
အဲဒီမှ တ်တမ်းလွှာအယ်ဒီတာလုပ်လို့စစ်ထော က်လှမ်းရေးက ကျွန်တော်နဲ့ ကိုပွင့်ေ နတဲ့ အဆောင်ကို ညဘက်ကြီးစစ်ကားနှ စ်စီးနဲ့ဝိုင်းထားပြီးဖမ်းတာကို ခံလိုက်ရတယ်။
ကျွန်တော့်ကိုဖမ်း သွားပြီးနောက်ပိုင်းမှာ ကန်လမ်း အဆောင်ကို ကိုပွင့်ပြန်မအိပ်တော့ ဘူး။ အဲဒီညက အဆောင်မှာကျန်ခဲ့တဲ့ ကိုပွင့်ဟာ တော်တော်ကြီးစိတ်ထိခိုက်သွားပုံ ရတယ်။
ကိုပွင့်က တီအမ်တီဆိုတဲ့ ဗီဒီယိုဂျာနယ်လုပ်နေတယ်။ ကိုဇော င်းထက်ရဲ့ညီ အာနိုးက ရိုက်ကူးရေးကို တာဝန်ယူပြီး ကိုပွင့်က တည်းဖြတ်ရေးကိုတာဝန်ယူတယ်။ ကျွန်ေ တာ့်ကို ဖမ်းသွား ပြီးတော့ ကိုပွင့် က ဘားလမ်းကတီအမ်တီမှာပဲ နေတော့တယ် ။ တီအမ်တီ ကုမ္ပဏီပိုင်တဲ့ ဘားလမ်းတိုက်ကြီးက ကြီးကျယ် တယ် ထင်ပြီး ကိုပွင့်က မနေချင်ခဲ့တာ။
ကန်လမ်းအဆောင်လေးက ငြိမ်းချမ်း တယ်လို့ ကိုပွင့်ခဏခဏပြောတယ်။
ညဖက်အဆောင်ြ ပန်ရောက်ရင် အဆောင်ကလူတွေနဲ့စစ်တုရင်(Chest) ထိုးနေတတ်တယ်။ ကိုအောင်ပွင့်နဲ့ ကျွန်တော်က အတူနေတာကြာပေမယ့် တခါမှအငြင်းအခုန်မလုပ်ဖူးဘူး။
ဒါပေမဲ့ ဆရာကြီးဒဂုန်တာရာပြီးရင် ကဗျာလောကခေါင်းဆောင်အနေနဲ့ ဗိုလ်ကြီး (မောင်သင်း ခိုင်) ပဲ ရှိ တာပေါ့ကွာလို့ ကိုပွင့်ပြောတာကိုတော့ ကျွန်တော်ငြင်းဖူးတယ်။ ကိုပွင့် စိတ်ထဲမှာ တကယ်ယုံကြည်နေတာ ပါ။ ကျွန်တော် က ဆရာဒဂုန်တာရာဟာ ငြိမ်းချမ်းရေး ကဗျာဆရာလို့ ကျွန်တော်အနေနဲ့ယုံ ထားတယ်။ အဲဒီအတွက် ဆရာကြီးဒဂုန်တာရာပြီးရင် ကိုအောင်ပွင့်ပဲလို့ ကျွန်တော်ပြောခဲ့ဖူးတယ်။
ကျွန်တော်ကလည်း တကယ့်ကိုယုံကြည် ခဲ့တာပါ။ ကိုပွင့်အမေက ပြည်တွင်း စစ်မှာပျောက်ဆုံးသွားခဲ့တယ်၊ မော င်အောင်ပွင့်ဆိုတာ နာမယ်အရင်းပါ။
ဒီနာမယ်ရင်းနဲ့ကဗျာတွေရေးနေတာ တကယ်လို့ကိုပွင့်ရဲ့အမေရှိနေသေး ရင်သိရအောင်ဆိုပြီး ခဏခဏ ပြောပြဖူးပါတယ်။ ပြောပြတဲ့အခါတိုင်းလည်းြ မန်မာပြည်ကြီးစစ်ပွဲတွေ ပြီးစေချ င်လှပြီ။ မြန်မာပြည်သူပြည်သားအား လုံး ငြိမ်းချမ်းစေချင်ပြီလို့  တမ်းတမ်းတတပြောနေတတ်တာပါ။
ကိုပွ င့်ကခံစားချက်နူးညံ့တယ်။ စကားပြောရင်လည်း သိမ်သိမ်မွေ့မွေ့ညင် ညင်သာသာ ပြောတတ်တယ်။ သူမ်ားအေ ပၚမနာလိုဝန္တိုစိတ္မရွိတဲ့ သူတေ ယာက္ပါ။ ကြွားဝါလိုစိတ်လည်း အလျဉ်းမရှိပါဘူး။ တကယ့်ကို ငြိမ်းချမ်းေ ရးကဗျာဆရာပီသပါတယ်။
ကိုပွင့်ရဲ့ သားနဲ့သမီးကို မောင်ကြီးငြိမ်း ချမ်းနဲ့ လုံမငြိမ်းချမ်းဆိုပြီး နာမယ်ပေးတာကို ကြည့်ရင် သိနိုင်ပါ တယ်။
ကိုပွင့်က အိမ်အရမ်းလွမ်းတယ်လို့ ပြောတတ်တယ်။ သူ့သမီးကိုလွမ်းရင် မျက်ရည်ကျ တတ်တယ်။ တခုခုကြို မင်တွေ့လို့ခံစားတတ်မှုဟာ နူးနူးညံ့ညံ့လေး။ သိမ်သိမ်မွေ့ေ မွ့လေးပါ။
သိပ်မကြာခင်က ကိုပွင့်အကြောင်းကို နိုင်ငံတကာငြိမ်းချမ်းရေးကဗျာ ဆရာတယောက်ဆိုပြီး ရုပ်ရှင်ရို က် တာပြသွားပါတယ်။ ဒီလိုငြိမ်းချ မ်းရေးကို အသက်ထက်တောင်လိုလားတဲ့ ကဗျာ ဆရာတယောက်က မြန်မာပြည်မှာထောင်ခဏခဏကျနေတာကိုေ တာ့ အံ့သြမယ်ဆိုရင် အံ့သြစရာဖြစ်ေ ပမယ့် မြန်မာပြည် အနေနဲ့တော့မအံ့ သြတော့ပါဘူး။
ကျွန်တော်ထောင်ကျနေတဲ့အချိန်မှာ မြင်းခြံထောင်ကိုအပို့ခံလိုက်ရေ တာ့၊ ကျွန်တော့် အိမ်က တစ်နှစ် လောက်မှာမှ တခေါလောက်ပဲ ထောင်ဝင်စာလာတွေ့နိုင်ပါတယ်။ ရန် ကုန်မှာ ရှိနေသေးတဲ့ကိုပွင့်က တစ်လတခါ လူကြုံနဲ့ငွေပို့ပေးခဲ့တယ်။ အခြု ပန်စဉ်းစားရင် အလွန် ကျေးဇူး တင်စရာပါပဲ။ နောက်ေ တာ့ မြင်းခြံထောင်ထဲကနေ သတင်းကြားလိုက်ရတယ်။
ကိုပွင့်အဖမ်းခံလိုက်ရပြီတဲ့။
အဲဒီအချိန်ကတည်းက ကျွန်တော်ဟာကို ပွင့်နဲ့ပြန်မဆုံတော့တာပါ။ နောက် ပိုင်းကျွန်တော် ကလည်း စာပေနယ်နဲ့ မလှမ်းမကမ်းကိုရောက်သွားခဲ့တယ် ။ မလှမ်းမကမ်းဆိုပေ မယ့်လည်း စာေ ပနယ်ကိုခြေဦး လုံးလုံးမလှည့်နို င်ခဲ့ပါဘူး။ ဇာတ်ညွှန်းရေးသူ တေ ယာက်ဘဝမှာ လုံးလုံး နစ်မြုပ်သွား ခဲ့ရတယ်။ ပြောမယ်ဆိုရင် စာပေနယ်ဖက်ကိုပြန်မလှည့်နိုင်ခဲ့ ပေမယ့် ၂၀၁၂ မှာ ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဗယ်ဆုရတဲ့ နှစ်နှစ်ဆယ်မြောက်နေ့အခမ်းအနား က နေစပြီး နိုင်ငံရေးနယ်ကိုပြန်ြေ ခလှမ်းခဲ့တယ်။
ရန်ကုန်တက္ကသိုလ်ထဲ မှာ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လွတ်ြေ မာက်ရေးအတွက်ဆန္ဒပြခဲ့လို့ ကျွန်တော်ထောင် (၁၀)နှစ်ကျခဲ့ရတာ ပါ။ ရှစ်လေးလုံးငွေရတုမဂ္ဂဇင်းထု တ်ဖို့ အယ်ဒီတာအဖွဲ့မှာ တာဝန်ယူေ တာ့ ဘယ်သူတွေ ဆီက စာမူတွေတောင်းမလဲဆိုပြီးညှိနှိုင်းတဲ့အချိန်မှာ ကဗျာ ဆရာထဲက ကိုအောင်ပွင့်တယောက်ထဲ ဆီက တောင်းဖို့ဆုံးဖြတ်နိုင်ခဲ့ တယ်။
ကိုပြည်သွေးနိုင်က ကိုအောင် ပွင့်ကဗျာတောင်းဖို့သူ့မှာ Email ရှိတယ်ဆိုပြီး တာဝန်ယူလိုက် တယ်။ ဒါလောက်နဲ့ပဲ ကျွန်တော်အနေနဲ့ ကိုပွင့်အပေါ်မှာတာဝန်ကျေပြီလို့  မထင်ခဲ့ပါဘူး။
ကျွန်တော်နဲ့အတူနေခဲ့လို့မဟုတ် ပဲ၊ ဒီစာပေနယ်မှာကျွန်တော့်အတွက် အစဉ်အမြဲချစ်နေမယ့် ကဗျာဆရာ အစ်ကို နှစ်ယောက်ရှိနေပါတယ်။ ကဗျာဆရာအော င်ဝေးနဲ့ မောင်အောင်ပွင့်ပါ။
ကိုအောင်ဝေး ကတော့ နိုင်ငံရေးအစဉ်တက်ကြွတဲ့ကဗျာဆရြာ ဖစ်သလို မောင်အောင်ပွင့်ကတော့ အစဉ် အမြဲငြိမ်းချမ်းရေးကိုလိုလားတဲ့ကဗျာဆရာပါပဲ။ ကျွန်တော်တို့ မသေသေးခင်မှာ ဆုံတွေ့နိုင်မယ်ဆို ရင် ပြန်ဆုံတွေ့ချင်ပါတယ်။
မြတ်လှိုင်း
(Dailly Eleven Journal, Sept 6,2017)