![](https://3.bp.blogspot.com/-I1-O907xe-k/WRhaRpopuZI/AAAAAAAA618/NUUiY0P8_3ct0PsPctIWVSFrkjCS4szjwCPcBGAYYCw/s640/FreshPaint-535-2016.08.31-07.23.10.jpg)
ကိုပွေး ● ကော်ရော်လာရီ
(မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇
ငြိမ်းချမ်းရေးအမှတ်အသားက လက်မောင်းမှာ
လက်ညှိုးက တကွေးကွေးနဲ့
ကိုယ်သိပ်ရောက်ဖူးချင်တဲ့ ရောမဟာ မီးခိုးတလူလူ
ကမ်းစပ်မှာငါးမန်းတွေ ကျောချင်းရင်ချင်းကပ်နေတုန်း
မချစ်တတ်တဲ့ စပျစ်သီးက ချဉ်တယ်
တကယ်ဆို
နွယ်ပင်ကပန်းဆိုတော့ မြင့်တယ် နွဲ့တယ်
မြက်ပင်လေးရဲ့ချစ်စိတ်ကြောင့်
မြက်ရိတ်ဓားတွေ အိပ်ကုန်ပြီ
စိတ်ကြောင့်ဖြစ်တဲ့ စစ်ကို
စိတ်နဲ့ ပစ်မှရမယ်။ ။
ကိုပွေး
ဇွန် ၁၀၊ ၂၀၁၇