ကဗျာ မြန်မာပြည်တွင်း

လင်းမိုးစွေ- တကိုယ်တော်ခရီး

ကိုယ်တော် ခရီး
လင်းမိုးစွေ
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၇
လက်ပေါ်လည်နေတဲ့ ဂျင်ကလေးကို ကြည့်ရင်း
ဝင်စို့ ထွက်စို့ ခေါ်သံနားထောင်ရင်း
စည်းဝိုင်းထဲက ငယ်ဘဝတွေ။
ပျက်ကျသွားတဲ့ စွန် လိုက်လုခဲ့တာ
မောင်ရှင်လောင်း ကြဲလိုက်တဲ့ပိုက်ဆံ လိုက်လုခဲ့တာ
ရွှေထီးဆောင်းခဲ့တဲ့ ငယ်ဘဝတွေ။ 
ရုပ်ပုံကားချပ်ထဲက ဇောရိုး
ပြာကလောင် ပြာကချောင်
မောင်ပူစီ က ငါ့ သူငယ်ချင်း
အဖေ့ပုဆိုးက ငါ့ ပခုံးပေါ်ဝဲလို့
ငါ စူပါမင်း။
ပါးစပ်အရသာခံပြီး
ဟိုတုန်းကအကြောင်းတွေ ပြောလိုက်ရတာ
ပို ငယ်သွားတယ်။
ငယ်သွား မလဲသေးတဲ့အချိန်က
သွားပိုးစားပေါက်တွေနဲ့လူငယ်လေးတယောက်က
မြေကြီးပေါ် လူးလှိမ့်နေငိုဖို့လည်း ဝန်မလေးခဲ့ဘူး
မြေကြီးပေါ် လမ်းကလည်း ရှိနေတာမဟုတ်ဘူး
ခြေထောက်ထဲမှာ…။
ဘယ်သူမှ မထူတော့လည်း
ကိုယ်ကိုယ်တိုင် ထခဲ့ရ
ကိုယ်ကိုယ်တိုင် လျှောက်ခဲ့ရ
မီးတွင်းမှ
သေတွင်းအထိ…။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts