မှတ်စုမှတ်တမ်း လှကျော်ဇော

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၃)

လှကျော်ဇော ● ၂၁ ရာစုပိုးလမ်းမကြီးအကြောင်း သိကောင်းစရာများ – အပိုင်း (၃)
(မိုးမခ) ဇွန် ၂၃၊ ၂၀၁၇

● ပိုးလမ်းမကြီးရဲ့ ရှေ့ခရီးအစီအစဉ်များ။
သမ္မတရှီက လွန်ခဲ့တဲ့ (၄) နှစ်တာခရီးအတွင်း ဘယ်လောက်ခရီးပေါက်ခဲ့တယ် ဆိုတာတွေပြောပြီးနောက် ရှေ့မှာ ဘယ်လိုမူတွေနဲ့သွားသင့်တယ်ဆိုတာတွေ ဆက်ပြောပါတယ်။

ပထမခြေလှမ်းကို ခိုင်ခိုင်မာမာအောင်မြင်စွာချပြီးဖြစ်လို့ ပိုမိုကြီးမားတဲ့အောင်ပွဲများရဖို့အတွက် ရှေ့ချီတက်ရာမှာ ဆက် လက်ကိုင်စွဲသင့်တဲ့မူများကတော့ ….. 

 
၁။ ပိုးလမ်းမကိုငြိမ်းချမ်းရေးလမ်းမကြီးအဖြစ် တည်ဆောက်ရန်။

ဒီအတွက် နိုင်ငံတကာဆက်ဆံရေးတွေမှာ ပုံစံသစ်နဲ့ဆက်ဆံကြရအောင်ပါ။  ထိတ်တိုက်ရင်ဆိုင်တွေ့မှုကို ရှောင်ရှားပြီး အ ပြန်အလှန်အကျိုးရှိစေတဲ့ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ကြမယ်။ ပြဿနာပေါ်လာရင် တွေ့ဆုံဆွေးနွေးအဖြေရှာ တဲ့လမ်းကို လိုက်ကြမယ်။ နိုင်ငံအချင်းချင်းကြား ဆက်ဆံရာမှာ ချစ်ကြည်ရင်းနှီးစွာဆက်ဆံပြီး မဟာမိတ်ဖွဲ့ပြီး တခြားနိုင်ငံကို ရန်လုပ်တာမျိုးမလုပ်ဖို့ လိုပါတယ်။ ပြည်သူအချင်းချင်းကြား ဆက်ဆံရေးများကိုလည်း တိုးမြှင့်ရမယ်။ တခြားနိုင်ငံရဲ့အခြေခံအကျိုးစီးပွားများကိုလည်း လေးစားကြရပါလိမ့်မယ်။ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးအပါအဝင် နေရာအတော်များများက အပူကွက်များကိုလည်း ကူညီဖြေရှင်းပေးရမယ်။

ဒါတွေအားလုံးရဲ့အရင်းခံအကြောင်းရင်းဖြစ်တဲ့ ဆင်းရဲမွဲတေမှု၊ အသိပညာနောက်ကျမှု၊ လူမှုရေးမတော်မတရားဖြစ်နေမှု များကိုပပျောက်အောင် လုပ်ဆောင်ရမယ်။

 

၁၅-၅-၂၀၁၇ ပီကင်းအစည်းအဝေးကြီးလာတက်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တရုတ်သမ္မတ ရှီကျင့်ဖင်

 

 ၂။ ပိုးလမ်းမကို ကြီးပွားချမ်းသာရေးလမ်းမကြီးအဖြစ် တည်ဆောက်ရန်။

နိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အရင်းခံပြဿနာများကိုကူညီဖြေရှင်းပြီး ကျန်နိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်မှုများနဲ့ ဆက် စပ်လာနိုင်အောင်လုပ်ရမယ်။ ဒါမှသာလျှင် နိုင်ငံများရဲ့ ငုပ်နေတဲ့အစွမ်းအစအလားအလာ (potential) တွေ ပေါ်ထွက် လာနိုင်မှာ ဖြစ်ပါတယ်။ စက်မှုလက်မှုလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ၊ အခြေခံအဆောက်အအုံများ၊ ဆက် စပ်မိလာအောင် လုပ်ဆောင်ကြရမယ်။

၃။ ပိုးလမ်းမကို တံခါးဖွင့်ပေးတဲ့လမ်းမကြီးအဖြစ် တည်ဆောက်ရန်။

နိုင်ငံတနိုင်ငံအတွက် တံခါးဖွင့်ခြင်းဟာတိုးတက်ခြင်းကိုဖြစ်စေပြီး၊ တံခါးပိတ်ခြင်းကတော့ ခေတ်နောက်ပြန်ဆွဲခြင်း ဖြစ်စေ လိမ့်မယ်။ တံခါးဖွင့်မှသာ ကမ္ဘာ့စီးပွားရေးရေစီးကြောင်းနဲ့ ဆက်စပ်သွားနိုင်မှာဖြစ်ပါတယ်။ ဒီလိုနည်းနဲ့သာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စည်းကမ်းစနစ်များကို တရားမျှတစွာ၊ တန်းတူညီမျှစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ ပေါ် ထွက်လာနိုင်မှာဖြစ်ပါတယ်။ ဒါမှသာ ထွက်ပေါ်လာတဲ့ အကျိုးကျေးဇူးတွေကို မျှဝေတဲ့ ကြီးမားကျယ်ပြောလှတဲ့ လူ့အဖွဲ့ အစည်းတရပ်ကို အတူတကွတည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လွတ်လပ်စွာကုန်သွယ်နိုင်တဲ့ဒေသတွေ များများဖွင့်လှစ်ပြီး ကုန်ပစ္စည်းတွေ အရှိန်မြန်မြန်နဲ့ ချောချောမောမောစီးဆင်းနိုင်ရေး၊ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်လွယ်ကူကူ လုပ်ဆောင်နိုင် ရေးတွေကို ဆောင်ရွက်ရမယ်။

၎။ ပိုးလမ်းမကို တီထွင်ဖန်တီးတဲ့လမ်းမကြီးအဖြစ် တည်ဆောက်ရန်။

တီထွင်ဖန်တီးမှုဟာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားဖြစ်စေတဲ့အတွက် သိပ္ပံနဲ့နည်းပညာဆိုင်ရာ လုပ်ငန်းများအပြင် နယ်ပယ်စုံက သုတေသနလုပ်ငန်းများကိုအားပေးပြီး အသစ်တီထွင်ဖန်တီးမှုများကို လုပ်ဆောင်ရမယ်။ နိုင်ငံများက လူ ငယ် ပညာရှင်များကို စနစ်တကျ မွေးမြူပေးရမယ်။ ဒါ့အပြင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု (green-development) ကို အားပေး ရမယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်ပြီး ကုလသမဂွရဲ့ (၂၀၃၀-စဉ် ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး- ရည်မှန်းချက်များ) အကောင်အထည်ပေါ်ရေး ဝိုင်းဝန်းကြိုးစားရမယ်။

၅။ ပိုးလမ်းမကို ယဉ်ကျေးမှုကြီးများအကြား ဆက်စပ်ပေးတဲ့လမ်းမကြီးအဖြစ် တည်ဆောက်ရန်။

မတူတဲ့ယဉ်းကျေးမှုများအကြား အပြန်အလှန်ကူးလူးဆက်ဆံမှုဟာ မယုံသင်္ကာမှုတွေ အမုန်းတရားတွေကို ဖြေဖလျှော့ ပေးနိုင်ပြီး အပြန်အလှန်လေးစားမှုတွေ၊ နားလည်မှုတွေ၊ ယုံကြည်မှုတွေပေါ်ပေါက်လာနိုင်ပြီး အတူတကွ ယှဉ်တွဲနေထိုင် လာနိုင်ကြပါတယ်။ ပြည်သူအချင်းချင်းအကြား ဆက်ဆံရေးများကို ဘက်စုံအလွှာစုံ အဆင့်ဆင့်ပါဝင်လာတဲ့ ယန္တရား (multi-tiered mechanism) တခုဖြစ်လာအောင် တည်ထောင်ပေးရမယ်။ ယဉ်ကျေးမှု၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာ ရေး၊ အားကစား၊ ခရီးသွားလုပ်ငန်း စသဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်တဲ့နယ်ပယ်အသီးသီးမှာ စီမံကိန်းများချပြီး သက်ဆိုင် ရာနိုင်ငံအသီးသီးအတွက် အကျိုးရှိစေမဲ့ပုံစံများကို ရှာဖွေလုပ်ဆောင်ရမယ်။ ဒီအတွက် သုတေသနလုပ်ငန်းများ (think tank) ကိုလည်း ပူးတွဲလုပ်ဆောင်ရပါလိမ့်မယ်။

မဒေးကျွန်း-ရေနံဆိပ်ကမ်း။ (၁၀-၄-၂၀၁၆)

နိုင်ငံအသီးသီးကပါလီမန်များအကြား၊ နိုင်ငံရေးပါတီများအကြား၊ အစိုးရမဟုတ်တဲ့လူမှုအဖွဲ့အစည်းများအကြား အပြန်အ လှန်ဖလှယ်မှုများအပြင်၊ အမျီုးသမီးများ၊ လူငယ်များ၊ ဒုက္ခိတများအကြား ဆက်ဆန်ရေးများကိုတည်ထောင်ပြီး အားလုံး အတွက် ဖွံ့ဖြိုးတိုးတက်မှု (inclusive development) ကို ရရှိစေရမယ်။

ဒါတွေကတော့-၂၁ ရာစု ပိုးလမ်းမကြီးရဲ့ရှေ့ခရီးစဉ်အတွက် စီမံကိန်း (blue print) ဖြစ်ပါတယ်။ ၁၄-၅-၂၀၁၇ ရက်နေ့က ပီကင်းအစည်းအဝေးကြီးမှာပြောကြားခဲ့တဲ့ တရုတ်သမ္မတရဲ့မိန့်ခွန်းထဲက အချက်အလက်များဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts