ဒေါက်တာခင်မောင်ဝင်း(သချာင်္) – ကွန်ပျူတာအတွက် အင်္ဂလိပ်စာ – ၃
(မိုးမခ) မေ ၂၇၊ ၂၀၁၇
English for Computers (3)
INTEGRATED CIRCUIT
An integrated circuit is a complete circuit in miniature : just a few millimeters square . It is also called silicon chip.It controls everything in calculators,computers and electronic games. It moves characters around the screen, keep a record of the score,beep when we win or lose. These circuits are controlled by keyboards or by joysticks.Integrated or all-in-one circuits carry out all the tasks performed by the circuits made made from separate electronic components. Integrated circuits have made electronic equipment cheaper,more efficient and smaller.
What is circuit board ?
Most simple devices have one main chip or integrated circuit and a few other components. But the computer is a more complex machine. It has many chips mounted on a printed circuit board . It is called a circuit board.The board has the connections between the chips and other components.These connections are integrated circuits printed on copper.
ဘက်စုံပေါင်းစည်းထားသော ဆားကစ်
ဘက်စုံပေါင်းစည်းထားသော ဆားကစ် သို့မဟုတ် လျှပ်စစ်ကွမ်ယက်သည် ပြည့်စုံသောဆားကစ်အငယ်စား ဖြစ်သည်။ ၄င်းသည် အရွယ်အားဖြင့် မီလီမီတာ အနည်းငယ်မျှသာ ရှိသည်။ ဤတွင် ပြည့်စုံသော ဟူသည်မှာ မီးထွန်းခြင်း အစရှိသော လျှပ်စစ်နှင့်လုပ်သော အလုပ်များကိုလုပ်နိုင် ဟုဆိုလိုသည်။ ၄င်းကို စီလီကွန်အပိုင်းအစဟုလည်း ခေါ်သည်။ ၄င်းသည် ဂဏန်းတွက်စက်များ ကွန်ပျူတာများနှင့် အီလက်ထရောနစ်ဂိမ်းများထဲတွင် အရာရာကို ထိန်းချုပ်နိုင်စွမ်းရှိသည်။
၎င်းသည် ဖန်သားပေါ်တွင် စာများဂဏန်းများ အမှတ်အသားများကို ရွှေ့ပေးသည်။ အရာရာကို မှတ်တမ်းတင်ပေးသည်။ နိုင်သည့်အခါ သို့မဟုတ် ရှုံးသည့်အခါနှင့် အကြောင်းတစ်ခုခု ရှိသည့်အခါ အသံဖြင့် အချက်ပေးသည်။ လျှပ်စစ်လမ်းကြောင်းများကို ထိမ်းချုပ်ပေးသောအရာများမှာ ခလုပ်ခုံနှင့် ဂျွိုင်းစတစ် ခေါ် ဒုတ်ချောင်းလေးဖြစ်သည်။
အရာရာကို ပေါင်းစည်းထားသောတစ်ခုထဲတွင် အားလုံးပါဝင်သော ဆားကစ်များသည် သီခြားဆားကစ်များက လုပ်သောအလုပ်များကို လုပ်နိုင်စွမ်းရှိသည်။ ဤကဲ့သို့ အီလက်ထရောနစ်ဆိုင်ရာ သီးခြားအပိုင်းများက လုပ်သောလုပ်ငန်းများကို တစ်နေရာထဲတွင်စုပေါင်း၍ လုပ်နိုင်သောကြောင့် အီလက်ထရောနစ်စက်ကရိယာများသည် ပို၍ ဈေးသက်သာလာသည်။ အလုပ်လုပ်ရာတွင် တိကျသေသပ် လာသည် သေးငယ်လာသည်။
ဆားကစ်ကားချပ်ဟူသည်အဘယ်နည်း
ရိုးသား ရှင်းလင်းသော စက်ကရိယာများတွင် အဓိကအပိုင်းအစ သို့မဟုတ် ချစ်တစ်ခုနှင့် အခြားအပိုင်းများ
ရှိသည်။ အဓိကမှာ ဘက်စုံပေါင်းစည်းထားသော ဆားကစ်ဖြစ်သည်။ ကွန်ပျူတာသည် ဒါထက်ရှုပ်ထွေးသောစက်ဖြစ်သည်။ ၄င်းတွင် ပုံနှိပ်ထားသော ဆားကစ်ကားချပ်ပေါ်တွင် အပိုင်းအစလေးများစွာကို တင်ထားသည်။ ထိုကားချပ်တွင် အပိုင်းအစချစ်များနှင့် အခြားအစိတ်အပိုင်းများကို ဆက်သွယ်ထားသည်။ ယင်း ဆက်ထားသောအရာများမှာ ဘက်စုံပေါင်းစည်းထားသော ဆားကစ်များဖြစ်သည်။ ယင်းဆားကစ်များကို ကြေးနီပြားပေါ်တွင် ပုံနှိပ်ထားသည်။
Language NotesIntegrate (v) ဘက်စုံ ပေါင်းစည်းသည်
Circuit (N) လျှပ်စစ်ကွမ်ယက်
Complete (adj) ပြည့်စုံသော
Miniature (N) အသေးစား
Millimeter – mm – မီလီမီတာ။ တစ်လက်မတွင်၂၅ မီလီမီတာရှိသည်။
Chip (N) အပိုင်းအစ
Calculate (v) တွက်ချက်သည်
Calculator (N) ဂဏန်းတွက်စက်
Character (N) စာသင်္ကေတ၊ ဂဏန်း
Record (v, N) မှတ်တမ်းတင်သည်။ မှတ်တမ်း။
Score (N) အမှတ်၊ အမှတ်အသား
beepv (N) တတီတီမြည်သည်။ တီတီမြည်သံ
Joystick (N) ဒုတ်ချောင်း
All-in-one (N) တစ်ခုထဲတွင်အားလုံးပါသော အရာ
Board (N) ကားချပ်
separate (adj) သီးခြား
efficient (adj) တိကျသေချာသော
Cheap (adj) ဈေးသက်သာသော
Main (adj) အဓိကကျသော
Mount (v) တင်ထားသည်
Print (v, N) ပုံနှိပ်သည်။ ပုံနှိပ်သောအရာ
Connect (v) ဆက်သွယ်သည်
Connection (N) အဆက်အသွယ်
Copper (N) – ကြေးနီ