ကဗျာ

မြစ်အောင် ● ဆယ်လ်ဖီ

မြစ်အောင် ● ဆယ်လ်ဖီ
(မိုးမခ) မတ် ၃၀၊ ၂၀၁၇

နှစ်သက်ရာ ပါတီအမှတ်တံဆိပ်နောက်ခံဖြင့် တပုံ
ဆန္ဒထုတ်ဖော်ပွဲများနောက်ခံဖြင့် တပုံ
ပြည်တွင်းစစ်နောက်ခံဖြင့် တပုံ
လွှတ်တော်အဆောက်အဦးများနောက်ခံဖြင့် တပုံ
ဝေးလံခေါင်းပါးတိုင်းရင်းသားများနောက်ခံဖြင့် တပုံ
အခြေခံလူတန်းစားများ၏နေ့စဉ်ဘဝနောက်ခံဖြင့် တပုံ
မျက်ရည်၊ အိပ်မက်နှင့် နာကျင်ခြင်းများနောက်ခံဖြင့် တပုံ
တပုံပြီးတပုံ
ဆက်တိုက် ဆက်တိုက် ဆက်တိုက် 
သူပုန်ပြီး သူပုန် …။ ။

မြစ်အောင်

မှတ်ချက်
ဆယ်လ်ဖီ – Selfie


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts