|  | 
| KT# | 
တင်လတ်ကို
မတ်၂၄၊ ၂၀၁၇
ကိုယ့်ထီး ကိုယ့်နန်း 
ကိုယ့်ကြငှာန်း ပေးဖို့ကနေ 
ခု 
ငြိမ်းချမ်းရေးပေးပါအထိ 
ပေးဖို့အရေး 
ပေး 
ပေး 
ပေး 
ပေးအထူးပြု ဇာတ်လမ်းတွေ။ 
ငါ့ဖိနပ် ပြန်ပေး 
ငါ့ကိုးကွယ်မှု ပြန်ပေး 
ငါ့လယ်ယာ ပြန်ပေး 
ငါ့မိသားစု ပြန်ပေး 
နားထောင်ကြည့်စမ်းပါ 
ပေးဖို့ အော်နေသံများပါပဲ။ 
ပေးကားပေး၏မရ မဟုတ်လို့ 
မျက်နှာမသစ်မီ 
အိပ်ရာမသိမ်းမီ 
ပေးဆိုမှပေး တို့တေးတွေ။ 
ပေးသံသရာ 
ပေးကမ္ဘာထဲ နစ်တော့ 
ပေးဖို့သည်သာ ကြွေးကြော်သံ။ 
ကမ္ဘာမှာ 
နေ့ထူးနေ့မြတ်တွေ ပြန်ကြည့် 
ပေးဖို့ 
တောင်းဆိုတိုက်ပွဲဝင်ရာကနေ 
ဖြစ်လာတာမဟုတ်လား။ 
ကမ္ဘာမှာ 
ဥပဒေတွေ ကြေညာချက်တွေ 
ထိုနည်းလည်းကောင်းပါပဲ။ 
ကိုယ့်မြေ 
ကိုယ့်ဥစ္စာ 
ကိုယ့်ကိုယ်ပိုင် မဟုတ်ဘဲ 
ဆုပ်ကိုင်ထားရအောင် 
မင်းတို့က ဘာမို့လဲ။ 
ဘယ်ဘုရားမှ 
သူများလွတ်လပ်ရေးယူဖို့ 
မိန့်တော်မမူဘူး။ 
ဘယ်နတ်ဒေဝါမှ 
သူများအချစ် ဆွဲယူနှစ်ဖို့ 
အားမပေးဘူး။ 
ပေးလိုက်ကြ 
ပေးလိုက်ကြ 
၃ ခွန်းမပြည့်ခင် ပြောသူ 
လဲကျသေဆုံးသွားရ 
အဲဒီလို ကမ္ဘာ။ 
သေရာကထ အော်လိုက်သေး 
ပေးပေး ငါ့ရွှေခွက်ကြီး ပေး။ ။
တင်လတ်ကို