ကုသလကာရီကျောင်းသစ် မြန်မာတို့၏ ထောက်ခံလက်မှတ်များ လိုအပ်
မိုးမခရွာဆော်ကြီး၊ အောက်တိုဘာ ၈၊ ၂၀၁၃
လက်ခံရရှိတဲ့ သတင်းအရ၊ ဆန်ဖရန်ဘေးဧရိယာ၊ ဖရီးမောင့်မြို့က ကုသလကာရီဘုန်းကြီးကျောင်း ရဲ့ တရားစခန်းသစ်ဖြစ်တဲ့ (9698 South Priest Rd. French Camp, CA 95231) နေရာမှာ မြို့နယ်ရဲ့ ခွင့်ပြုချက် ရရှိအောင် စည်ပင်သာယာလုပ်ထုံးလုပ်နည်းနဲ့အညီ ကြားနာမှု လုပ်မှာ ဖြစ်ပါတယ်။ အဲသည်အတွက် ထောက်ခံ အားပေးသူ မြန်မာကွန်မြူနီတီရဲ့ လက်မှတ်တွေ၊ တက်ရောက်မှုတွေ လိုအပ်နေပါတယ်။
ကျောင်းထိုင်ဆရာတော်တွေဆီက မေတ္တာရပ်ခံမှုကို တုန့်ပြန်တဲ့အနေနဲ့ ဆရာတော်များထံ ဆက်သွယ်ပြီး လက်မှတ်ထိုးပေးကြဖို့ ဖြစ်ပါတယ်။ ဖရီးမောင့်က ရွာဆော်ကြီး ကိုမျိုးလွင်ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ကျောင်းနေရာသစ်ကတော့ Stockton မြို့တော်အနားက French Camp ဖြစ်ပါတယ်။ ကြားနာမယ့် နေ့ရက်ကတော့ အောက်တိုဘာ ၂၂၊ အင်္ဂါနေ့ခင်း ၁ နာရီ ဖြစ်ပါတယ်။