ရောင်စုံပုသိမ်ထီးတံတား
(မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇
ဆူးလေမီးပွိုင့် လမ်းကူးတံတားမှာ ပုသိမ်ထီးရောင်စုံနဲ့ အလှဆင်ထားတာကြောင့် တံတားပေါ်တက်ပြီး အနီးကပ် ခံစားသူတွေနဲ့ စည်ကားနေပါတယ်။
အဲဒီနေရာမှာပဲ တချို့ကတော့ ပုသိမ်ထီးတံတား လို့ နာမည် ချက်ချင်း ပေးလိုက်ကြတာ ကြားရပါတယ်။
ရန်ကုန်မြို့လယ်က ပုသိမ်ထီးတံတားဟာ တို့ရန်ကုန်၊ တို့အိမ်ရာ အနုပညာယဉ်ကျေးမှုပွဲတော်ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။
ပွဲတော်ကို ဖေဖော်ဝါရီ ၂၅ က အစပြုပြီး နှစ်ပတ်ကြာ တွေ့ရမှာပါ။ ဆူးလေအနီး
လမ်းမကြီးတွေမှာ ပိုစတာ၊ ဓာတ်ပုံတွေ ချိတ်ဆွဲပြသမယ်လို့ ပွဲတော်မတိုင်ခင်
တစ်ရက်အလိုက ကြေးမုံသတင်းစာ သတင်းတပုဒ်မှာ ရေးပါတယ်။
ကင်မရာပါတဲ့လက်ကိုင်ဖုန်း အသုံးများလာချိန်ဖြစ်လို့ ဓာတ်ပုံ အမှတ်တရ
ရိုက်ကူးလိုသူတွေကို ပုသိမ်ထီးတံတားက ဆွဲဆောင်နေပါတော့တယ်။ (ဓာတ်ပုံများ –
ညွန့်ထွေး/မိုးမခ)