ရသဆောင်းပါးစုံ ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) ● ပညာရေး

ဇော်အောင် (မုံရွာ) ● ပညာရေး
(မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇

ဒေါ်အောင်ဆန်းစုကြည်ရဲ့ပညာရေးမူဝါဒက စာရွက်ပေါ်ရှိတာနဲ့ တကယ်လုပ်နေတာ မိမိ မမြင်တဲ့အချက်တွေ အလွန်ကောင်း ချက်တွေ အများကြီးပါ။ ဆယ်တန်းအထိ အကျမရှိ ပညာရေး၊ ရမှတ်ထက် ရလဒ် ပညာရေးစနစ်ပါ။ ဆယ်တန်း အကျရှုံးမရှိ အဆင့်နိမ့် D အဆင့်ရသူတွေကို သက်မွေးပညာ အခမဲ့သင်ပေးဖို့ပါ။ CCA ဆိုတဲ့ စာရိတ္တပညာ စာသင်ကျောင်းမှာ စတင်ဖို့ ဦးစွာပထမ ဆရာတွေကို အရည်သွေးမြှင့်တင်နေပါတယ်။

သမတဦးသိန်းစိန်က စတင်ပြောင်းလဲပေးပါတယ်။ ကိုယ်ပိုင်ကျောင်းတွေ သမတပညာချွန်ဆုတွေ ပညာသင်ဆုတွေ ပေးခဲ့ ပါတယ်။ နိုင်ငံခြားတက္ကသိုလ်တွေ မြန်မာပြည် လာဖွင့်စေဖို့  ဦးသိန်းစိန် ကြိုးစားပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံခြားပဲ ပညာသင်ထွက်ဖို့ အားပေးပါတယ်။ ကျောင်းသားမိဘမှာ ငွေမရှိပေမဲ့ နိုင်ငံခြားကနေ ပညာသင်ထူးချွန်ဆုတွေ အများကြီး ကမ်းလှမ်းခံနေရပါတယ်။

● ပညာရေး အောင်မြင်ဖို့
နိုင်ငံရေး စီးပွားရေး ၂ခုက အလွန်အရေးကြီးပါတယ်။ ဒီ၂ ခုပြောင်းလဲမှ (fight corruption) အဂတိနည်းလာပါမှ ပညာရေး လမ်းကြောင်းမှန် ရောက်ပါမယ်။

● ပညာရေးမူဝါဒ
“လူငယ်တွေ ပညာကြိုးစားရေး” ဆိုတာ အဓိက မူဝါဒ ဖြစ်၏။ မျှော်လင့်ချက် ရှိပါမှ ကြိုးစားကြမှာပါ။ နိုင်ငံခြား ၃ နှစ်ပညာသင် ပြန်လာမှ ကုမ္မဏီကြီးမှာ လစာ ၁၀ သိန်း သိန်း ၂၀ ရတယ်ဆိုတာ မြင်နေကြပြီလေ။ မျှော်လင့်ချက်ရှိနေတော့ ကြိုးစား လာကြပါတယ်။
နိုင်ငံခြားကနေ ဆိုမယ် ကမယ် ချမယ် ဝေး၀ါး ယဉ်ကျေးမှုတွေလဲ ဝင်လာမှာပါပဲ။ အင်တာနက်နဲ့ video youtube TV အစီစဉ်တွေက တားမရပဲကိုး။

ကျနော့်သား ဒုတိယနှစ်နဲ့ ကျောင်းပြီးသွားတာ အဓိကပြဿနာကတော့ ဖခင်ဖြစ်တဲ့ မိမိအားနည်းချက်ပါ။ အချိန်မပေးနိုင်ခဲ့ တာပါ။ သား ၁၀ တန်းအောင်ပြီဆိုပြီး လွှတ်ထားမိတာ အင်တာနက်ဂိမ်းနဲ့မိသွားပြီး Rich Dad Poor Dad ရောင်းကောင်းဆုံး စာအုပ်ကို ဖခင်နဲ့သား အတူဖတ်မိတော့ ပိုဆိုးသွားတာပေါ့လေ။ မိမိရဲ့သား အတန်းပညာမအောင်မြင်ပေမဲ့ ဖြိုးမင်းသိန်း၊ ကိုပါဂါနား၊ ဘ်ီဂိတ်၊ စတိဂျော့တို့လိုမဖြစ်နိုင်ပေမဲ့ သူ့ရဲ့စာရိတ္တပညာ အလွန်ကောင်းနေတာ (မိမိထက်သာတာကို) ကျေနပ် ဝမ်းမြောက်တယ်။ သူ့ဘဝလမ်းမှာ အလိုအပ်ဆုံးက မေတ္တာပါ။ ဘုရားမေတ္တာ မခံစား မသိသေးချိန်တော့ မိဘညီအစ်ကို မောင်နှမများရဲ့မေတ္တာ ခံစားရတယ်။ မေတ္တာဆိုတာ အရေးကြီးဆုံးပါ။

မိမိ သားသမီး မိမိဆွေမျိုး မိတ်ဆွေများကို ပညာရေး (အတန်းပညာနဲ့ စာရိတ္တပညာ) ကောင်းဖိုလာဖို့ ကူညီချင်ပါသလား?။ မိမိ ပညာရေးကောင်းပါမှ သူတို့ကို ကူညီနိုင်ပါမယ်။ မိမိက ဘွဲ့မရပေမဲ့ ရပ်ရွာလူမှုရေး ကူညီတတ်ရင် မိမိပြောတဲ့ “စာကြိုး စားနော်” စကားလုံးက ထိရောက်ပါတယ်။ ဒါမှမဟုတ်ပဲ  မိမိကလဲ ဘွဲ့မရ သောက်စားနေဆဲ ဆိုရင် မိမိပြောဆိုဆုံးမစကားက ရယ်စရာဖြစ်နေမှာပါ။

● စေတနာနဲ့ မေတ္တာ
ပညာပေး ကျောင်းဆရာ အလုပ်ဆူပါဗွိုင်စာ (ကြီးကြပ်သူ) စတဲ့နေရာမှာ လူတိုင်းက ဆရာကြီးလုပ်လိုပါတယ်။ လုပ်ပုံ လုပ်နည်းက မေတ္တာပါမှ မိမိပြောစကားက တဖက်သူရဲ့ နှလုံးသားထဲရောက်ပြီး တသက်လုံး စွဲမှတ်စေပါတယ်။ စေတနာ တခုတည်းနဲ့ ဆရာလုပ်ရင်တော့ ဆူပူ ညည်းတွားမှုနဲ့ အဆုံးသပ်ပြီး မိမိကိုတောင် ရှောင်းပြေးနေတဲ့တပည့်တွေ ဖြစ်သွား တတ်ပါတယ်။

မေတ္တာပါလာဖို့ဆိုတာ မိမိကိုယ်တိုင် ဝမ်းနည်းကြေကွဲ ကျိုးပဲ့ကြေမွနဲ့ နှလုံးသားဘဝကို ကိုယ်တိုင်ခံစားဖူးမှ သူတပါးကို မေတ္တာပေးနိုင်မှာပါ။

● စင်ကာပူပညာရေးကတော့
အာရှတိုက်သားများအတွက် အကောင်းဆုံးလို့ပြောနိုင်ပေမဲ့ တီထွင်မှုစွမ်းအားကိုတော့ တိုကျို (ဂျပန်) ဘီဂျင်း (တရုတ်) တွေကို မမှီပါ။ မြန်မာလူမျိုး အမေရိကန် သြစတြေးလျား ဘွဲ့ရပညာတတ်လူငယ်တွေ မြန်မာပြည်ကို ပြန်လာကြတယ်။ အင်္ဂလိပ်စာသင်တန်းဖွင့်ရင်တောင် USD 2000 လောက်ရသူတွေ ရှိပါတယ်။ ကိုယ်ပိုင်လုပ်ငန်းတွေ နည်းပညာနဲ့ မြန်မာ ပြည်ပြန်လာ လုပ်ကြတယ်။ အချိန်ပေးတယ် တနှစ်အကြာ အောင်မြင်တယ်။ နိုင်ငံရေး NLD၊ USDP ပါတီခေါင်းဆောင်တွေရဲ့ သားသမီးတွေလည်း နိုင်ငံခြားပညာသင် ဘွဲ့ရ အသက် ၃၀ အောက်ဆို မြန်မာပြည်ပြန်လာကြတယ်။

● အင်္ဂလိပ်စာ
အထက်တန်းပညာရေးကတော့ နိုင်ငံခြားသွားသင်နိုင်မှ အင်္ဂလိပ်စာကောင်းမှ ကမ္ဘာ့အဆင့်မှီမှာပါ။ မြန်မာလူငယ်များ ကပ်ဖားစရာမလိုပဲ ပညာသင်ဆုတွေ အများပြား ကမ်းလှမ်းခံနေရပါတယ်။ သိသူဖော်စား မသိသူကျော်သွားပေါ့။ အင်္ဂလိပ် စကားပြောဖို နိုင်ငံခြားသားတွေနဲ့ စကားပြောခွင့် ရှာကြံရမယ်။ Google Wikipedia Youtube တွေကနေ အင်္ဂလိပ်စာ နားထောင် ဖတ်ရှု ရေးသား လေ့ကျင့်သင်ယူနိုင်တဲ့ ပြည်တွင်းကလူငယ်တွေရဲ့ ပညာရေးကောင်းလာမှာ ကောင်းနေတာ ဧကန်မုချပါ။

● စာရိတ္တ Good Attitude
ဒေါ်အောင်ဆန်းစုကြည်ကို သူမ အနိမ့်ကျဆုံးအချိန်ကာလက ဂုဏ်ပြုသီချင်းစပ်ဆို အယ်လဘန်ထုတ်ခဲ့တဲ့ ကမ္ဘာကျော် Bono အဆိုတော်လည်း အတန်းပညာရေးမကောင်းပေမဲ့ စာရိတ္တပညာရေး အံ့သြလောက်အောင် ကျော်ကြားပါတယ်။

စာရိတ္တကောင်းသူများဘဝဟာ လူချမ်းသာသလို စိတ်လည်းချမ်းသာပါတယ်။

ဇော်အောင် (မုံရွာ)
ဖေဖော်ဝါရီ ၁၂၊ ၂၀၁၇


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts