ကဗျာ

လင်းသက်ငြိမ် ● နှစ်

လင်းသက်ငြိမ် ● နှစ်
(မိုးမခ) ဇန်နဝါရီ ၁၄၊ ၂၀၁၇

နှစ်ကို ကြိုဆိုကြ
နှစ်ကိုနူတ်ဆက်ကြ
နှစ်ကိုမျှော်လင့်ကြ
နှစ်ကိုကြေကွဲကြ
နှစ်ကိုနာကျည်းကြ
နှစ်ကိုစိတ်ကူးယဉ်ကြ
ခဲတံနဲ့လျှောက်ခြစ်ထားပေမယ့် အနုပညာပါနေတဲ့နေ့ရက်တွေ
လဲကျတဲ့အချိန်မှာ အထိတ်တလန့် ရေရွတ်လိုက်ပေမယ့်
ကဗျာအဖြစ် ကြောက်မက်ဖွယ်လှနေတဲ့ နေ့ရက်တွေ
လည်ရင်းပတ်ရင်းနဲ့ ပြက္ခဒိန်ထဲကနှစ်ကို
ပြက္ခဒိန်ထဲပြန်ထိုးထည့်
နှစ်ထဲနစ်ရင်း နှစ်ရဲ့ရင်သားတွေကြားထဲ
တိုးဝင်ပျောက်ကွယ်သွား
အမှိုက်တွေ၊ ပြာစတွေ၊ ကောက်ရိုးတွေ၊ ဂုံနီအိတ်တွေ
ကျွပ်ကျွပ်အိတ်တွေ၊ ဆေးထိုးအပ်တွေ၊ ပန်းခြောက်တွေ
မြက်ခင်းအတုတွေ၊ တက်ကျမ်းတွေ၊ ရောဂါတွေ၊ ဘောင်းဘီ
အဟောင်းတွေ၊ ပြည့်တန်ဆာတွေ၊ စိပ်ပုတီးတွေ၊ ကွန်ဒုံးတွေ
နှစ်ကိုပြက္ခဒိန်ထဲကနေပြန်ဆွဲထုတ်ပြီး
ပျော်နေကြ တချို၊ ငိုနေကြ တချို့၊ အောင်မြင်ကြ တချို့၊
ကျဆုံးကြတချို့နှစ်ဟာ နှစ်အတိုင်း နှစ်နှစ်ကာကာပြုံးပြီး
ဘောလုံးသမားတွေလို နောက်တနှစ်ကို လက်ဆွဲနှုတ်ဆက်
နှစ်ဟာ နံရံပေါ်မှာ လမ်းဘေးပလက်ဖောင်းမှာ
နှစ်ဟာ အလံတော်လား
နှစ်ဟာ တံဆိပ်လား
နှစ်ဟာ ကိုယ်ပေးထားတဲ့ခေါင်းစဉ်နဲ့တိုင်ပတ်နေတဲ့
ဝတ္ထုရေးဆရာလား
တကယ်က နှစ်ပြီးတော့ သုံးဆိုတော့
ဘာကိစ္စ အတွေးများနေရမှာလဲကွာ
သင်္ချာလို နှစ်ကိုရေးရင် ချိတ်ကလေးနဲ့တူတာပဲ
ငါတို့ဘာတွေကိုဆွဲတင်ကြမှာလဲ။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts