(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၆
ဟေမန္တအကြို ၂၀၁၆ ဒီဇင်ဘာလဆန်းမှာ မြန်မာအမျိုးသမီးများ ပန်းချီပြပွဲတခုရှိကြောင်း မိတ်ဆက်ပေးခဲ့ဖူးပါတယ်။ ပန်းချီဆရာမကြီး ဒေါ်နွဲ့နွဲ့ရီ ဦးဆောင်ပြီး မြန်မာနိုင်ငံဒေသအသီးအသီးက မြန်မာအမျိုးသမီး ပန်းချီပညာရှင် ဝါသနာရှင်တို့ရဲ့ လက်ရာတွေကို စုစည်းကာ ပြပွဲကျင်းပခဲ့တာ အခု ၂၀၁၆ မှာ ဒုတိယအကြိမ်ဖြစ်သွားပါပြီ။ မိုးမခမိတ်ဆွေ ပန်းချီချစ်သူများ လာရောက်လေ့လာ ကြည့်ရှုအားပေးနိုင်ဖို့ မိုးမခမှတဆင့် ဖိတ်ကြားလိုက်ပါတယ်။
ကျင်းပမည့်နေ့။ ။ ဒီဇင်ဘာ ၂ ရက်ကနေ ဒီဇင်ဘာ ၆ ရက် ၂၀၁၆။
ကျင့်ပမည့်အချိန်။ ။ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ။
ကျင့်ပမည့်နေရာ။ ။ ရန်ကုန်ပန်းချီပြခန်း၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။