လှရွှေ – အမေရိကားက ပညာရေးစနစ်နဲ့ အမေရိကား အိပ်မက်
(သစ်ခက်သံလွင်၊ မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆
(photo – securedgenetworks.com, classroom) |
အဲဒီတော့ အမေရိကားကအထက်တန်းကျတဲ့ ပညာရေးဆိုတာ ငွေနဲ့ပုံအောပြီး ဝယ်ရတဲ့ ပညာရေး စနစ်ပါ။ အထက်တန်းကျတဲ့အလုပ်အကိုင်ကို လိုချင်တယ်ဆိုရင် အထက်တန်းကျတဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဘွဲ့ဒီဂရီကို ပိုင်ဆိုင်နိုင်မှ တော်ရာကျတဲ့ပညာရေးစနစ်ပါ။
အမေရိကားမှာ အထက်တန်း ပညာရေး (၁၂) တန်းထိ အခမဲ့ ပညာရေးပါ။ တကျပ်မှမပေးရတဲ့ စနစ်ပါ။ အထက်တန်းပြီးတာနဲ့ ဒေသဆိုင်ရာကောလိပ်လေးတွေကို ဆက်တက်မယ်ဆိုရင် standard aptitude test (SAT) ဖြေစရာမလိုဘဲ တက်လို့ရပါတယ်။ Credit တခုကို ဒေါ်လာ (၁၂၀) လောက်သာပေးရ တဲ့ ကောလိပ်လေးတွေပါ။ ကျောင်းစရိတ်အတွက် ကုန်ကျငွေ
တော်တော် များများကို ပြည်နယ်အစိုးရနဲ့ ဖက်ဒရယ်အစိုးတို့က ပေးတာများပါတယ်။ တနှစ်အတွက်ကုန်ကျငွေက ဒေါ်လာ ထောင်ဂဏန်းသာ ရှိပါတယ်။ ဆင်းရဲသားမိသားစုတွေအတွက် သင့်တော်တဲ့သုံးနှစ်သင် ကောလိပ်လေးတွေပါ။
အဲဒီနာမည်ကြီး ကောလိပ်၊ တက္ကသိုလ်တွေမှာ ကျောင်းလခက Credit တခုကို ၁၂၀၀-၁၄၀၀ လောက် ရှိတာမို့ တနှစ်ကုန်ကျငွေက ဒေါ်လာ ၆၅၀၀၀-၇၅၀၀၀ ခြောက်သောင်းခွဲနဲ့-ခုနှစ်သောင်းခွဲ ကြားမှာ ရှိပါတယ်။ ကျောင်းကပေးတဲ့ စကောလာရှစ်ပညာသင်ဆု၊ အစိုးရကပေးတဲ့ပညာသင်ဆုဆိုတာလည်း မြန်မာပြည်မှာလိုပေးတာမဟုတ်။ မိဘနှစ်ပါးရဲ့ဖက်ဒရယ်အစိုးရကိုဆောင်ထားတဲ့
ဝင်ငွေခွန်တွေကို ကြည့်ပြီး ပေးတာမျိုးပါ။
ကျနော်လေ့လာမိသလောက် အမေရိကန်လူဖြူ မိသားစု တော်တော်များများဟာ ကလေးရဲ့ပညာရေး အတွက် ကုန်ကျမယ့်ငွေကို မွေးကတည်းက ပြည်နယ် အစိုးရကလုပ်ပေးထားတဲ့ College Education Saving Plan (529) တွေမှာ စုထားတတ်ကြပါတယ်။ ပြည်နယ်အစိုးရက လုပ်ပေးထားတဲ့ စုငွေတွေပါ။ အတိုးနှုန်း များများပေးပါတယ်။ ဒါပေမဲ့ မိမိကြိုက်သလောက် စုဆောင်းပိုင်ခွင့်မရှိတဲ့ စနစ်ပါ။
ပြောချင်တာ ဒေါ်လာ ခုနှစ်သောင်း စုထားတဲ့ကလေးအတွက် တက္ကသိုလ်ပညာရေးအတွက် ကုန်ကျ မယ့် ဒေါ်လာနှစ်သိန်းခွဲကို ဘာမှပူစရာမလိုတော့ပါ။ ခက်တာက အဲဒီစုငွေတွေကို ပညာရေးတခုအတွက်ပဲ သုံးစွဲခွင့် ပြုပါတယ်။ တခြားကိစ္စအတွက်ငွေကို ပြန်ထုတ်မယ်ဆို အစိုးရကို ဝင်ငွေခွန်ပေးရတဲ့အပြင် ဒဏ်ကြေးတွေလည်း များများပေးရတဲ့အတွက် မိမိစုထားတဲ့ ငွေပမာဏကိုပဲ ပြန်ရပါတယ်။ အစိုးရက ပေးထားတဲ့အတိုးနှုန်းကို ပြန်ယူထားလိုက်တဲ့သဘောပါ။
ဥပမာအနေနဲ့ ကျနော်တို့ကလေးက အခုဆို အသက်(၇)နှစ်၊ ပထမတန်းတက်နေပြီမို့ ကလေးရဲ့ပညာရေး အတွက် စုဆောင်းမယ့်အချိန်က (၁၁) နှစ်သာရပါတော့မယ်။ ပြည်နယ်က ခွင့်ပြုထားတဲ့ အေဂျင့်နဲ့သွား တိုင်ပင်လို့ ရပါတယ်။ ကျနော့်ကလေးတွက် ကောလိပ်တက်တဲ့အချိန်မှာ ဒေါ်လာစ်သိန်းလောက် စုဆောင်းနိုင်ဖို့အတွက် ဒီနှစ်ကစလို့ စုမယ်ဆို မတည်ရမယ့်ငွေက ဒေါ်လာ ( ၂၀၀၀၀) နှစ်သောင်းဆို၊ တလကို ( ၅၀၀) လောက်စုနိုင်မှ ကလေးပညာရေးအတွက် စိတ်အေး ရမယ့်
အနေအထားပါ။
လိုချင်တယ်ဆိုရင် အထက်တန်းကျတဲ့ တက္ကသိုလ်၊ ကောလိပ်တွေက ဘွဲ့ဒီဂရီကို ပိုင်ဆိုင်နိုင်မှ တော်ရာကျတဲ့ပညာရေးစနစ်ပါ။
အဲဒီတော့ အမေရိကားအိပ်မက်( American Dream) အကောင်အထည်ပေါ်လာဖို့ ကျနော်တို့ ဇနီးမောင်နှံ အလုပ်လုပ်တာ နှစ်နှစ်အတွင်း
နားရက်က ခရစ်စမတ် (၂) ရက်တည်းသာ။
Yes that s true. I didn’t have to pay much for college. But i have medical school loans plus interest so I paid back a total of 200,000$. It took me ten years after residency to pay back and we don’t have kids. If we have kids to feed, it will take longer