စာအုပ်စင်

ငွေဌေး(ဟင်္သတ)၏ ဓမ္ဓဖြင့် ရဲရင့်ခြင်း စာအုပ်ထွက်ရှိ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ငွေဌေး(ဟင်္သတ)၏ ဓမ္ဓဖြင့် ရဲရင့်ခြင်း စာအုပ်ထွက်ရှိ
SK ရှန်လိန်း၊ မိုးမခစာအုပ်စင်၊ နိုဝင်ဘာ ၁၁၊ ၂၀၁၆

ချင်း ဗုဒ္ဓသာသနပါလက အဖွဲ့က ၃-လ တကြိမ် ပုံမှန်ထုတ်ဝေနေသော ချင်းရောင်ခြည်မဂ္ဂဇင်းတွင် ဓမ္ဓစာမူများကို ပင်တိုင်ရေးသား ချီးမြှင့်ပေးနေသော ဆရာငွေဌေး(ဟင်္သာတ)၏ ဆောင်းပါးများကို စုစည်းထားသော စာအုပ်ဖြစ်သည်။ဓမ္မရိပ်မဂ္ဂဇင်းပါ စာမူများလည်းပါရှိသည်။


သာသနာပြုစိတ်ဓါတ် အပြည့်အ၀ဖြင့် စာပေရေးသားနေသော ဆရာဦးငွေဌေးကို ဂုဏ်ပြုလိုသောကြောင့် ချင်း ဗုဒ္ဓသာသနပါလကအဖွဲ့က စာအုပ်ကို ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူစွာ စီစဉ် ထုတ်ဝေသည်ဟု ဖေါ်ပြထားသည်။ စာအုပ်တွင် ပါဝင်သောစာမူအမည်များကို မာတိကာဓါတ်ပုံတွင် လေ့လာနိုင်သည်။


စာအုပ် အလိုရှိသူများ ၊ဖုံး-၀၁ ၅၈၀၁၃၈၊ဖုံးနှင့် ဗိုင်ဘာ-၀၉ ၃၀၀၀၄၉၇၄ ၊ ဖုံး-၀၉၇၉၉၆၇၉၉၅၉သို့  ဆက်သွယ်နိုင်သည်ဟု ဖေါ်ပြထားသည်။

ဆလိုင်းရွှေလင်း ၊ အမှတ် ၃၁ နှင်းဆီကုန်းလမ်း၊အလုံ၊ ရန်ကုန်က ထုတ်ဝေပြီး ၊ ဦးအောင်ကျော်ထူး ၊မြတ်ပန်းရဂုံပုံနှိပ်တိုက်က အဖုံးနှင့် အတွင်းစာသားများကို ပုံနှိပ်သည်။၂၀၁၆ ဒီဇင်ဘာလတွင် ပထမအကြိမ်၊ အုပ် ၁၁၀၀ ကို ပုံနှိပ်ထုတ်ဝေသည်။တန်ဖိုး ၈၀၀-ကျပ်ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts