ဝတ္ထုတို ဂျုနီယာဝင်း

ဂျူနီယာဝင်း – ဒေါ်လာတထောင်တန်ပုံပြင်

Photo – YIT

ဂျူနီယာဝင်း – ဒေါ်လာတထောင်တန်ပုံပြင်
(မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၆

ဒေါက်တာစူးသာ အသက်ရှိသေးရင် ဂရန့်က ကြီးကျယ်ခန်းနားလှတဲ့ မြို့ကြီးအား ၀ါးမြိုခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ ကလေးတွေအတွက် ကာတွန်းတစ်ပုဒ်ရေးဆွဲလိမ့်မယ်လို့ ဒေါက်တာသရော့ ဆိုတဲ့စာရေးဆရာက အာဖီးမက်ဆေး ပန်းချီဆရာနဲ့ တွဲဖက်ကာ ရေးထားတဲ့ သရုပ်ဖော်ကာတွန်းတစ်ပုဒ် အွန်လိုင်းစာမျက်နှာ မှာ ထွက်ပေါ်လာတယ်။ ဇာတ်လမ်းထဲမှာ အောက်တိုဘာလ ၃ ရက်နေ့မှာ ကလေးမလေးတစ်ယောက်က အိပ်မက်ထဲမှာ အဘိုးကြီးတစ်ယောက်နဲ့တွေ့တယ်။ အဘိုးကြီးက စားစရာဝယ်ဖို့ ကူညီပါဦး လို့ပြောတယ်။ “ပုံပြင်တွေရမယ် ဒေါ်လာတထောင် “ လို့ ဘုတ်မှာရေးထားတာတွေ့တော့ ကလေးမလေးက တော်တော်လန့်သွားတယ်။ သူဘယ်လိုမှ မတတ်နိုင်ဘူး။

ဒါဆို ပုံပြင်လေးတစ်ပုဒ်တော့ ပြောပြပါလား။ ကလေးမလေးက ပိုက်ဆံတော့မပေးနိုင်ဘူးတဲ့။ ဒါပေမယ့် သူထိုးထားတဲ့ သိုးမွှေး ခြေအိတ်တစ်စုံတော့ ပေးနိုင်ပါတယ်ဆိုပြီး အဘိုးကြီးဆီက ပုံပြင်တစ်ပုဒ်နားထောင်ခဲ့ ရတယ်။ ပုံပြင်ရဲ့နံမယ်က “ကြီးကျုယ်ခန်းနားလှတဲ့ မြို့ကြီးတစ်မြို့ကျဆုံးခန်း” ။

ဟိုးအဝေးကို ကြည့်လိုက်စမ်းပါ….. သိပ်ကို ကြီးကျယ်ခန်းနားလှတဲ့ မြို့ကြီးတစ်မြို့ကို တွေ့ရမယ်…. အဲသည်မှာ … အင်မတန်ကို ချမ်းသာကြွယ်ဝတဲ့သူတွေ၊ အင်မတန်ကို ကြီးကျယ် ၀င့်ကြွားတတ်တဲ့သူတွေ … မင်းနဲ့ ငါ့လိုပေါ့….. အဲသည်လိုလူတွေ နေထိုင်ကြသတဲ့။ ငါတို့တွေက အလုပ်ကိုလည်း ကြိုးစားလုပ်ကြ၊ ပျော်လည်း ပျော်ကြတယ်။ တနေ့တော့ လူတွေက စဉ်းစားမိလာကြသတဲ့။ အဲသည်မြို့ကြီးဆီကိုသာ ပြောင်းရွှေ့နေကြရင် သူတို့လည်း အဲသည်က လူတွေလို ဖြစ်လာမှာပဲလို့ တွေးလာမိကြတယ်။

သည်လိုနဲ့ ချမ်းသာခြင်းကို စားသုံးရင်း တစ်နှစ်ကုန်တိုင်း တစ်နှစ်ကုန်တိုင်းမှာ ဒိထက်မက ပိုပြီး လိုချင်လာတယ်။ ဒါပေမယ့် တချို့သောသူတွေကတော့ အရင်တုန်းကလောက် သိပ်ချမ်းသာမလာ ကြဘူး။ ဒီတော့ ငါတို့တွေဟာ အမှားတွေ လုပ်မိလာကြတယ်။ သိပ် သိပ်ကို ကြီးမာတဲ့ အမှားပေါ့… ငါတို့တိုင်းပြည်အတွက် အမှားကြီးကြီးကို လုပ်မိကြပြီ။

တိုင်းပြည်အတွက် ဘာမှ ပြင်ဆင်ထားတာမရှိတဲ့ လူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် မဲပေးကြတယ်။ ငါတို့တိုင်းပြည် ပိုပြီး ဆိုးသွားအောင်၊ ငါတို့တိုင်းပြည်ဘာဖြစ်ဖြစ် ဂရုမစိုက်ဖူး ဆိုတဲ့ သူကိုမှ ငါတို့မဲပေးခဲ့ကြတယ်လေ။

သူ့နံမယ်ကတော့ မစ္စတာ ဟာရိုးဂျေဂရန့်။ လူတွေကတော့သူ့ကို မစ္စတာ ဂရန့်လို့ခေါ်နေကြတယ်။ မစ္စတာဂရန့်ပုံက ဘာဖြစ်လို့ စိတ်တိုင်းမကျဖြစ်နေပုံပေါက်လဲဆိုတာ လူတွေက သိပ်မသိကြပါဘူး။ ဒါပေမယ့် တချို့ကပြောတာတော့ သူ့လက်တွေရဲ့အရွယ်အစားက သာမန်ထက် တ၀က်လောက် သေးလွန်းနေလို့လို့ဆိုတယ်။ သူငယ်ငယ်တုန်းကတော့ သူ့လက်သေးသေးလေးတွေနဲ့ ဘောလုံးအကြီးကြီးကို မကိုင်နိုင်လို့ ကျောင်းမှာ သူငယ်ချင်းတွေ ရယ်စရာလုပ်ပစ် တာခံရဘူးသတဲ့။ သူ့လက်ကလေးတွေက သေးသေးလေးတွေ ဆိုတော့ ဘောလုံးအကြီးကြီးကို မကိုင်နိင်ဘူး။ ဒီလိုနဲ့ သူရဲ့ အသဲနှလုံးလေးမှာ ဒဏ်ရာရသွားလေတော့ သူ့လက်ကလေးက လေးပုံတပုံစာ လာက်တောင် ပိုသေးသွားတယ်။ (သတိထားကြနော် … သူများကို ဒဏ်ရာမပေးကြနဲ့။ တချိန်ကျ သူကြီးလာရင် တခြားလူတွေကို ရယ်စရာလုပ်ပစ်လိမ့်မယ်။)

တဖြေးဖြေးနဲ့ သူအသက်တစ်နှစ်ပြီး တစ်နှစ်ကြီးလာတယ်။ သူ့အဖေဆီက (သူ့အစွမ်းအစနဲ့မဟုတ်ပဲ) ပိုက်ဆံတွေ အများကြီး ရလာပြီး ချမ်းသာကြွယ်ဝလာတယ်။ သူက ချမ်းသာကြွယ်ဝပြီး ကြီးကြီးကျယ်ကျယ် နေထိုင်ရတာကို နှစ်သက်တယ်။ သူနံမယ် “ဂရန့်” ဆိုတဲ့စကားလုံးကိုတောင် အကြီးကြီးရေးထိုးထားတယ်။ ဂရန့်တက္ကသိုလ်၊ ဂရန့်ပလာဇာ၊ ဂရန့်ကာစီနို၊ ဂရန့်တာဝါ၊ ဂရန့်ပန်းခြံ၊နဲ့ ဂရန့်တိရိစာန်ဥယာဉ်တွေကို ဆောက်တယ်။ ဂရန့်ကြက်ကျော်၊ ဂရန့်ရေ (သူ့ရေက တော်တော်အေးတယ်ဆိုပဲ)။ ဒါပေမယ့် ဘယ်သူကမှ အရသာမရှိတဲ့ မုန့်တွေကို မကြိုက်ကြပါဘူး။ နှစ်တွေကြာလာတော့ သူ့ဘ၀ကြီးကို ငြီးငွေ့လာတယ်။ “သမိုင်းတွင်သွားအောင် နောက်မိန်းမအသစ် ယူဦးမှ” ။

တစ်နေ့တော့ သူ့ရဲ့ ၉၉ ထပ်ကနေ အောက်ကို ငုံ့ကြည့်ပြီး မစ္စတာဂရန့်က အခုလိုတွေးမိတယ်။ အရာရာဟာ ဟိုး အရင်ကလောက်တောင် မကောင်းတော့ပါလား။ ပြစ်မူတွေ ကျူးလွန်နေကြတာတွေ တွေ့တယ်။ လူတွေ အလုပ်ပြုတ်သွားကြတာ၊ ကျမ်းမာရေး ချို့ယွင်းနေတာတွေ တွေ့တယ်။ ငါဒါတွေ ပြုပြင်နိုင်မယ်၊ ဘယ်လိုချမ်းသာအောင် လုပ်ရမယ်ဆိုတာ ငါသိတယ် လို့ပြောလိုက်တယ်။ သြော် …. လူဆင်းရဲတွေကလဲ ငရဲကျနေသလို နေနေကြရပါလား။ ဒါတွေကို ပိုကောင်းအောင် လုပ်ရမယ်။ နာမကျန်းဖြစ်နေတဲ့ မြို့ကြီးကို နေကောင်းသွားအောင် လုပ်ရမယ်။ ဟုတ်တယ်။ တရားဥပဒေ စိုးမိုးရေး လိုအပ်တယ်။ အရာရာဟာ ဖြောင့်ဖြောင့်သွားရမယ်။ ဟောသည် မြို့ကြီး ကြီးကျယ်ခန်းနားအောင်လုပ်နိုင်တဲ့သူ ငါပဲရှိတယ်။

ဟောဒီ တပါးတိုင်းပြည်က ဆင်းရဲသားတွေက မင်းတို့အလုပ်တွေကို လုယူထားကြတယ်။ မင်းတို့အလုပ်တွေ ပြန်ရအောင် သူတို့ကို ဖယ်ထုတ်ကြမယ်။ နံရံအကြီးကြီးဆောက်လုပ်ပြီး သူတို့အားလုံး မောင်းထုတ်ပစ်မယ်။ ပြစ်မူတွေတိုးပွားနေတာ ကင်းစင်ရမယ် ၊ ငါတို့အလုပ်တွေ ပြန်ရစေရမယ်.. လို့သူက ကြွေးကျော်လိုက်သတဲ့။ အခွန်အခနည်းဖို့ကို ငါတို့လိုလားတယ် လို့ဂရန့်ကပြောလိုက်တယ်။ သည်တော့ ကျမ်းမာရေး အစောင့်အရှောက်ခက ငါတို့စီးပွားရေးကို ခြွတ်ခြုံကျအောင်လုပ်ထားတယ်။ သူလျောက်ပြောနေတဲ့ စကားလုံးတွေကို နိုး လို့ပြောမယ့်သူတွေ လုံလုံလောက်လောက်မရှိလေတော့ သူက ရွေးကောက်ပွဲမှာ နိုင်သွားတာပေါ့။

မစ္စတာဂရန့်က သူကတိပေးထားတဲ့အတိုင်း နံရံအမြင့်ကြီးဆောက်တယ်။ ပြည်ပက လာနေသူတွေကို မောင်းထုတ်ပစ်လိုက်တယ်။ မိသားစုတွေ၊ ကလေးတွေ၊ အားလုံး အားလုံး။ အဲသည်နောက်တော့ လယ်သမားတွေက သူ့ကို ရပ်ပါတော့ လို့ပြောကြတယ်။ ကျူပ်တို့ အလုပ်သမားတွေ မရှိတော့ဘူး။ ဘယ်သူက သီးနှံတွေ ရိတ်သိမ်းပေးမှာလဲ။ ဂရန့်က ပင်လယ်ကြီးထဲက သဘောင်္လုပ်ငန်းတွေကို အခွန်ကောက်တယ်။ သည်တော့ ရေကြောင်းကနေ၀င်တဲ့ အ၀တ်အစားနဲ့ အရာရာဟာ ဈေးတွေ မတန်တဆတက်သွားတယ်။ ဟောသည် မြိြု့ကီးမှာ စားစရာနဲ့အ၀တ်အစား ဈေးတွေကြီးကုန်ပြီ။ လူတွေတော်တော်များများ ရှော့ပင်းတောင် မထွက်ဖြစ်ကြတော့ဘူး။ ဈေးဆိုင်ပိုင်ရှင်တွေ အိမ်ပြန်ကြ၊ အလုပ်သမားတွေလဲ အိမ်ပြန်ကြ၊ ဈေးဝယ်သူလဲမရှိ၊ ဘာအလုပ်မှလည်း မရှိ။ ဂရန့်က ကျမ်းမာရေးစောင့်ရှောက်မူကို ဖြတ်သိမ်းပစ်လိုက်ပြန်တယ်။ လူတွေနေမကောင်းဖြစ်တော့ ဆရာဝန်စရိတ်နဲ့ ပိုက်ဆံတွေ ကုန်ကြတယ်။ ကျမ်းမာရေး စောင့်ရှောက်မူစရိတ်က ငါတို့ကို အကူအညီဖြစ်ခဲ့ဖူးတယ်။ ငါတို့ နေမကောင်း ဖြစ်တော့ အလုပ်မလုပ်နိုင်တော့ဘူး။ ဆရာဝန်ပေးဖို့ ပိုက်ဆံ ဘယ်ကရမလဲ။ ဒီကောင်… ဂရန့် (အခုတော့ သူ့ကို ဆဲဆိုနေကြပီ)။

ဒါပေမယ့် ဂရန့်နဲ့ သူ့အပေါင်းအပါတွေကတော့ ကျမ်းမာရေးခလောက်တော့ ဂရုမစိုက်ဘူး။ အခွန်ငွေတွေလျော့ချပြီး ချမ်းသာသထက် ချမ်းသာနေတယ်။ အဲဒါငါတို့ပိုက်ဆံတွေ၊ ငါတို့ပိုင်တယ် လို့အော်လဲပဲ ဂရန့်က မမြင်ဖူးလား မင်းတို့က အလုပ်ကို ကြိုးကြိုးစားစားလုပ်ရင် ငါ့လိုချမ်းသာလာမှာပေါ့။

အဲဒါကတော့ ငါတို့ရဲ့ကြီးကျယ်ခန်းနားလှတဲ့ မြိ့ကြီး ကျဆုံးခန်းပါပဲ။ ငါတို့မှာအလုပ်တွေလဲ မရှိတော့ဘူး။ ဘာမှလည်းဝယ်စရာမရှိ၊ ၀ယ်စရာပိုက်ဆံလဲမရှိ။ အဘိုးကြီးရဲ့ လေသံနည်းနည်း ပြောင်းသွားတယ်။ သူက မင်းတို့ ဂရန့်ကိုသာမဲပေးရင် အဲသည်လိုဖြစ်မှာပေါ့။ အကယ်၍များ….. အဖိုးကြီးဟာ အပြာရောင် မီးခိုးငွေ့တွေနဲ့ အတူ ပျောက်သွားတယ်။ ကလေးမလေးက အိပ်ရာက ရုတ်တရက်နိုးသွားတယ်။

“အဲသည်လိုဖြစ်မှာပေါ့။ အကယ်၍များ…..“ စဉ်းစားနေမိတယ်။ အကယ်၍များ… ဘာဖြစ်မှာလဲ။

ပုံပြင်ဟာ နောက်ဆုံးမှာ အဖြေတစ်ခုထုတ်ပေးလိုက်တယ်။ အကယ်၍များ သူမကိုသာ မဲပေးခဲ့ရင်တော့ သည်မြို့ကြီးအတွက် မျော်လင့်ချက် တစုံတရာ ရှိလာနိုင်တယ်။ ပုံပြင်ဟာ စိတ်ကူးယဉ်အိပ်မက်တစ်ခု ဖြစ်လာတယ်။ သူမက မဲနိုင်သွားပြီး ဂရန့်က ဂရန့်လေယာဉ်ပျံကြီးစီးလို့ အိမ်ပြန်သွားရတယ်။ တိုင်းသူပြည်သားတွေက မြို့ကြီးကို ကယ်နိုင်လိုက်ပြီလို့ အဆုံးသတ်ထားတယ်။

ဒီဇာတ်လမ်းက အမေရိကန် ရဲ့၂၀၁၆ခုနှစ် ကလင်တန်နဲ့ ထရန့်တို့ ရွေးကောက်ပွဲမလုပ်ခင်မှာ ထွက်ပေါ်လာတာပါ။ တော်တော်များများက ကလင်တန်ကို နိုင်မယ်လို့ ထင်ထားကြတယ်။ မျောက်ဗေဒင်ကလည်း ကလင်တန်နိုင်မယ်လို့ဟောသတဲ့။ နောက်တနေ့မှာမှ အဖြေသေချာမှာမို့ စိတ်လျော့ပြီးအိပ်ကြ၊ မနက်ကြတော့ အဖြေသိရမှာပေါ့လို့ ဆိုသတဲ့။ ဒါပေမယ့် ခုနက ဖတ်လိုက်ရတဲ့ ပုံပြင်ကလေးထဲက အိပ်မက်ထဲမှာ ဂရန့်ကတော့ နိုင်သွားတယ်မဟုတ်လား။ ဒါဆိုရင် စောင့်ကြည့်ရဦးမှာပေါ့လေ။ မနက်ကျတော့ အဲဒါ အိပ်မက်လား တကယ်လားဆိုတာ သိရမှာပေါ့။ ဂွတ်နိုက်။

မူရင်း – http://www.upworthy.com/what-if-dr-seuss-had-been-alive-for-this-election-meet-the-grump-who-sacked-greatland

What if Dr. Seuss had been alive for this election? Meet the Grump who sacked Greatland by Dr. Thorpe


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts