လင်းသက်ငြိမ် ● တယောက်တည်း နေ့တွေ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆
ပိုက်ဆံမရှိတဲ့အကြောင်းက ပျင်းစရာမကောင်းသေးဘူး
လူတွေကြားထဲ
တယောက်ထဲခဏခဏဖြစ်သွား
အတွေးတွေဟာ လမ်းမပေါ်လွင့်နေတဲ့
ကွမ်းယာထုတ်တဲ့ကျွပ်ကျွပ်အိတ်
အသက်သုံးဆယ်ဟာသိသာခဲ့တယ်
သူလိုကိုယ်လို ဂွေလည်းမလှိမ့်နိုင်သေး
နေရောင်အောက်မှာအရာရာလှပပြီး
နေရောင်အောက်မှာအရာရာ
အရုပ်ဆိုးအကျည်းတန်
စစ်ဘေးဒုက္ခသည်ရဲ့အတွေးနဲ့
မီးဘေးဒုက္ခသည်ရဲ့အတွေး
ဘာတွေကွာခြားနေမလဲ
မပျော်တဲ့အချိန်မှာပျော်ဖို့ကို သတိရမိတယ်
နေ့တိုင်းရေချိုးဖို့ခက်ခဲတဲ့တောင်ပေါ်ဆောင်းလို
ကိုယ့်ကိုယ်ကို ထိန်းကျောင်းရ
မရေးရသေးတဲ့ကဗျာတွေအတွက် ပူပင်မိ
ရေးပြီးတဲ့ကဗျာတွေအတွက် ဝမ်းနည်းမိ
ခဏကလေးဆိုတဲ့ဘဝမှာ
အကြာကြီးကြေကွဲ
ကျကွဲမသွားဖို့ ကိုယ့်စိတ်ကိုယ် တရိုတသေ
စားပွဲပေါ်တင်မိပေါ့။
လင်းသက်ငြိမ်