မောင်မိုးသူ

ဦးထိန်နှင့် ဘကြီးမိုး

ဦးထိန်နှင့် ဘကြီးမိုး
(ကုမုဒြာ ဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၁၅၊ ၂၀၁၆

ဦးထိန်ဆိုတာ ဦးဝင်းထိန် (ဗိုလ်ကြီး ဝင်းထိန်) ဖြစ်ပါတယ်။ အောက်တိုဘာ ၉ ရက်နေ့ တော်ဝင်နှင်းဆီမှာ ဦးထိန်ရေးတဲ့ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံ မှုဆိုတဲ့စာအုပ် မိတ်ဆက်အသိပေး အခမ်း အနားကို ဘကြီးမိုးတက်ဖို့ ပြောပါတယ်။ ဦးထိန်ကိုယ်တိုင်က နေပြည်တော်မှာ အ စည်းအဝေးရှိနေလို့ သူ မတက်နိုင်ဘဲ အန်ကယ် ဦးတင်ဦးနဲ့ ဘကြီးမိုးပဲ စကားပြောရမယ်ဆိုတော့ ဟုတ်ကဲ့ပေါ့။

တကယ်တော့ ဗိုလ်ကြီးအုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု သမိုင်းဖြစ်ရပ် သုံးသပ် မှု စာအုပ်ဟာ ဘကြီးမိုးနဲ့ပတ်သက်မှု ဘာ မှ မရှိပါဘူး။ ဒါပေမဲ့ ဦးထိန်နဲ့ကျတော့ အရမ်းအရမ်း ပတ်သက်တယ်။ ဦးထိန်နဲ့သာ ပတ် သက်တာ မဟုတ်ပါဘူး။ ဦးထိန်ဇနီး တုံတုံ နဲ့လည်း ပတ်သက်တာပဲ။ ဦးထိန်တို့ ဘကြီးမိုးတို့ ထောင်ထဲရောက်သွားတော့ ဦးထိန်ဇနီး တုံတုံတို့ ၊ ဘကြီးမိုးဇနီး အမာ တို့က ညီအစ်မတွေလို ပေါင်းဖြစ်သွားတာဖြစ်တဲ့အပြင် ဦးထိန် သားသမီးများနဲ့ ဘကြီးမိုး သားသမီးများ တရင်းတနှီးပေါင်း သင်းခဲ့ကြတာ အခုထက်ထိပါပဲ။

ဦးထိန်ကို ဘကြီးမိုးဘယ်တုန်းက ဘယ်မှာ စတွေ့ဖူးသလဲဆိုတော့ ရှစ်လေး လုံး အရေးတော်ပုံကာလမှာ အန်ကယ်ဦးတင်ဦးနဲ့ တွေ့ပါတယ်။ သိခွင့်ရပါတယ်။ ထိုနည်းတူ ဒေါ်အောင်ဆန်းစုကြည်နဲ့ သိခွင့်တွေ့ခွင့်ရတဲ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်ကို ဘကြီးမိုးရော သား မောင်ပန်းသီးပါ အမြဲရောက်ဖြစ်နေပါ တယ်။ ပြောရရင် သားမောင်ပန်းသီးက ဒေါ်စုဆီ အရင်ရောက်တာပါ။ ဦးဝင်းတင်၊ မောင်သော်က၊ ဘကြီးမိုးတို့က မောင်ပန်းသီးနောက်မှရောက်တာဖြစ်ပါတယ်။

တစ်နေ့ ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ ဒေါ်စုနဲ့ ဘကြီးမိုး ထိုင်နေတုန်း ဦးနုကအစိုးရဖွဲ့စည်းမယ်ဆိုတဲ့ သတင်းရပါတယ်။ ဒေါ်စုကလည်း စိတ်ဝင်စားတယ်။ ဘကြီးမိုး ကလည်း စိတ်ဝင်စားတယ်။ ဒါနဲ့ အဲသည်အစည်းအဝေးကို ဘကြီးမိုးသွားခဲ့ပါတယ်။ ဥက္ကဋ္ဌကြီးဦးနုဟာသူသာ တရားဝင်အစိုးရဖြစ်ကြောင်း ကြေညာတဲ့ ပွဲဖြစ်ပါတယ်။

အဲသည်အစည်းအဝေးမှာ မျက်နှာ ပြုံးပြုံး ဖျတ်ဖျတ်လတ်လတ်နဲ့ အခမ်းအ နားမှူးလုပ်တဲ့သူကို စတင်တွေ့ဖူးပါတယ်။ သူကတော့ ဘကြီးမိုးက ဦးထိန်လို့ခေါ်တဲ့ ဦးဝင်းထိန် ( ဗိုလ်ကြီးဝင်းထိန်) ပဲ ဖြစ်ပါ တယ်။ နောက် အန်ကယ်ဦးတင်ဦးဆီမှာ တစ်ကြိမ်နှစ်ကြိမ် တေ∑့ဖူးပါတယ်။ ဗိုလ်ကြီး အုန်းကျော်မြင့်ရဲ့ နိုင်ငံတော် လုပ်ကြံမှုမှာ အန်ကယ်ဦးတင်ဦးပါသလို ဦးထိန်လည်း ထိမ်ချန်သူအဖြစ် ပါခဲ့လို့ အရေးယူခံရသူ ဖြစ်ပါတယ်။ ဦးထိန်ဟာ စစ်တက္ကသိုလ် ပဉ္စမပတ် သင်တန်းဆင်းဖြစ်ပြီး စစ်တက္က သိုလ်သမိုင်းမှာ ဆုသုံးဆုရဖူးတဲ့ တစ်ဦး တည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်းလည်း တစ်ဆင့်စကား သိရပါတယ်။

တကယ် ဦးထိန်နဲ့ တိုက်ရိုက်ပတ်သက် လာပုံက သည်လိုပါ။ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်တော့ ဦးဝင်းတင်၊ မောင်သော်က၊ ဘကြီးမိုးတို့ တစ်တွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းရာ မှာ ပါဝင်ခဲ့ပါတယ်။ ဥက္ကဋ္ဌက ဦးအောင်ကြီး ပါ။ ဒုဥက္ကဋ္ဌက ဦးတင်ဦးဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးက ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ အုပ်စုအလိုက် အတွင်းရေးမှူး သုံးယောက်အနက် ဒေါ်စုအဖွဲ့ဘက်က ဦးဝင်းတင်က အတွင်းရေးမှူး ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ စတင်ဖွဲ့စည်းတော့ ပိုက်ဆံလည်း တစ်ပြားမှမရှိဘဲ စတင်ဖွဲ့စည်းခဲ့ပါတယ်။ ဘကြီးမိုးကိုအကြောင်း ပြုပြီး စာနယ်ဇင်းအနုပညာသည်အားလုံး လည်း ဒေါ်စုခြံထဲရောက် ၊ ပြန်ကြားရေး တာဝန်ယူခဲ့ကြ၊ ခြံထဲမှာ ကတ်ဌာနအဖြစ် အဖွဲ့ ဝင်များရဲ့ ကတ်ပြားများကို လက်နဲ့ ရေးရတာတွေ လုပ်ကြရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပြီးပြီးချင်း ပထမဦးဆုံး စီအီးစီ အစည်းအဝေးမှာ ဦးအောင်ကြီးမတက်ဘဲ နောက်ရက်ကျတော့ အထက်မြန်မာပြည် ကို ထွက်သွားပါတယ်။ ထွက်သွားပြီး ပဲခူး ရောက်တာနဲ့ အင်န်အယ်လ်ဒီတွေဖွဲ့၊ ဦးအောင်ကြီး ထုံးစံအတိုင်း သူ့ဘာသာသူ စီစဉ်လုပ်ဆောင်ပါတယ်။ ဒါနဲ့ အင်န် အယ်လ်ဒီ စီအီးစီထိုင်ကြပြီး သည်ကိစ္စကို လိုက်လံကိုင်တွယ်ဖို့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က အထက် မြန်မာပြည်ခရီးစဉ်ကိုသွားဖို့ စီစဉ်ဆုံးဖြတ်ပါတယ်။

ဒေါ်စု သွားမယ်ဆိုတော့ ဦးဝင်းတင် က ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်တည်းတော့ မသွားပါနဲ့၊ ဦးဝင်းတင်နဲ့ ဘ ကြီးမိုးတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကိုခေါ်ပါဆိုတော့ ဒေါ်စုက ဆရာ ဦးဝင်းတင်ကို မခေါ်ဘူး၊ ဆရာမိုးကိုပဲ ခေါ်မယ်ဆိုပြီး ခေါ်ပါတယ်။ ဘကြီးမိုးက ပြန်ကြားရေးအဖွဲ့က ကားတစ်စီးစီစဉ်ရပါတယ်။

အစည်းအဝေးက ထွက်လာအပြီး အ ပြင်ရောက်တော့ အန်ကယ်ဦးတင်ဦးက ဒေါ်စုကို ပြောပါတယ်။ ပြည်သူအများနဲ့ တွေ့ဆုံဖို့ ဦးမိုးသူ လိုက်ပါတာ ကောင်းပါ တယ်၊ ဒါပေမဲ့ ခရီးလမ်းပန်းမှာ တပ်နဲ့ တွေ့ဆုံစရာတွေရှိလို့ တပ်နဲ့တွေ့ရင် စကားပြော ဆိုဖို့ တစ်ယောက်ထည့်ချင်တယ် ပြောပါ တယ်၊ ဒေါ်စုကလည်း ထည့်ပါဆိုတော့ ဗိုလ်ကြီးဝင်းထိန်ကို ထည့်ပါတယ်။ အဲဒါ ဦးထိန်ကို ဘကြီးမိုး စတင် တရင်းတနှီး တွေ့ဖူးရတာပါပဲ။

ဦးထိန်ဟာ လူငယ်ပြန်ကြားရေးကား နဲ့ပဲ လိုက်ပါပြီး တပ်နဲ့ ပြောဆိုဆက်ဆံဖို့ ဖို့လိုတဲ့အခါမှ သူရှေ့ကထွက်ပြီး တွေ့ဆုံ ပြောဆိုပါတယ်။ ဒေါ်အောင်ဆန်းစု ကြည် မြန်မာပြည်ရောက်ကတည်းက တက္ကသိုလ်စာကြည့်တိုက်မှာ လုပ်တဲ့ မောင်မြင့်ဆွေကို သူ့ရဲ့ကိုယ်ရေးကိုယ်တာ အလုပ်တွေကို လုပ်စေပါတယ်။ မောင်မြင့်ဆွေ နောက် ပန်းချီဆရာမဖြစ်တဲ့ မသိင်္ဂီ ရောက်လာပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပီအေသဘောမျိုး လုပ်ပါတယ်။ အထက် မြန်မာပြည်ခရီးစဉ်မှာ လိုက်ပါလာတဲ့ ဦးထိန်ရဲ့ ပညာဗဟုသုတ၊ ဆက်ဆံရေး၊ လုပ်ရည်ကိုင်ရည်တွေကို သဘောကျလို့ ဦးထိန်ကို ဦးတင်ဦးဆီ ပြန်မပေး တော့ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပီအေသဘော မျိုး တာဝန်ယူရသူ ဖြစ်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  တိုက်ပွဲအဝဝမှာ ဦးဝင်းတင်တို့၊ ဘကြီးမိုး တို့ အစစအရာရာ တာဝန် ယူ လုပ်ဆောင် ရသလို ဦးထိန်ကလည်း ဒေါ်အောင်ဆန်း စုကြည်ရဲ့ ကိုယ်ရေးအရာရှိ သဘော ပါဝင်လှုပ်ရှားရပါတယ်။
၁၉၈၉ အာဇာနည်နေ့ညမှာ ဘကြီးမိုး နဲ့ မောင်ဝံသတို့ကို အဖွဲ့ချုပ်မှာပဲ ဖမ်းဆီး ပြီး TE -11 ကားပေါ်တင် ၊ ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းက နေ ဒေါ်စုခြံ ၄၄ ကိုသွား၊ ခြံထဲက ဦးထိန်နဲ့ ကလေးတွေ အားလုံး ကိုဖမ်းပြီး TE -11 ကားပေါ်တင် ပေးလိုက် ပါ တယ်။ အဲသည်ကားကြီးဟာ အင်းစိန် ထောင်ဘူးဝအထိ ဒုတ်ဒုတ်ထိ ခေါ်သွားပြီးပါလာတဲ့ ကလေးတွေ ထောင်ထဲ ထည့်ပြီး ဘကြီးမိုး၊ ဦးထိန်နဲ့ မောင်ဝံသတို့ကို ထောက်လှမ်းရေးက စစ်ကြောရေး ပို့ပါ တယ်။ စစ်ကြောရေးမှာ ဘကြီးမိုးနဲ့ မောင် ဝံသတို့ကို အိပ်မရ အောင်လုပ်ခြင်း၊ အမှောင်တိုက်ထဲ ထည့်ခြင်း များ ပြုလုပ်ပါတယ်။ ဦးထိန်ကတော့   ရိုက်နှက်ခံရတယ်လို့ သိရပါတယ်။ ဗိုလ် ဖြစ်ရဲ့သားနဲ့ ဒေါ်စုနဲ့ ပေါင်းရမလား ဆိုပြီး ရိုက်တာတဲ့။

ဘကြီးမိုး ၁၉၉၂ ထောင်ကလွတ်ပြီး ၁၉၉၆ ကျ တော့ ၁၀ (က)နဲ့ မောင်ဝံသနဲ့ အတူ အဖမ်း ခံရပြန်ပါတယ်။ ထောင်ထဲမှာ အရင်ရောက်နေသူက ဦးထိန်ပါပဲ။ ဒါပေမဲ့ သည်တစ် ကြိမ်တော့ ဦးထိန်က ထောင် ကျသွားပါတယ်။ မြင်းခြံ အစရှိတဲ့ ထောင် တွေရောက်သွား ပြီး ဘကြီးမိုး၊ မောင်ဝံသတို့ကတော့ အင်းစိန်မှာကျန်ခဲ့ပြီး ပြန်မလွတ်သေးတဲ့ ဦးဝင်းတင်နဲ့ အထူးတိုက်မှာ ဆုံကြရ ပြန်ပါတယ်။

ဘကြီးမိုး ၂၀ဝ၀ ထောင်ကလွတ်တော့ နိုင်ငံရေးတာဝန် မယူနိုင်တော့ပေမဲ့ ဦးထိန်က ဒေါ်စုနားမှာ ပြန်ရောက်ပါတယ်။

အခုတော့ နေပြည်တော် ဒေါ်အောင်ဆန်းစုကြည်အနားမှာပေါ့။ ဘကြီးမိုးကတော့ ဦးထိန်နဲ့ တုံတုံနဲ့လည်း ဆုံရဲ့။ ဇနီး အမာ ဆုံးသွားပေမဲ့ သမီး အေးသီတာက တုံတုံနဲ့ ဆက်တွေ့နေကျပါပဲ။ ကလေးတွေလည်း တွေ့နေကြတာပါပဲ။

ဦးဝင်းထိန် ရေးသားပြုစုတဲ့ ဗိုလ်ကြီး အုန်းကျော်မြင့် နိုင်ငံတော်လုပ်ကြံမှု စာအုပ်ပွဲမှာ ဘကြီးမိုး တက်ပြီး အန် ကယ် ဦးတင်ဦး ပြောအပြီး ထောင်ထဲ မှာ နှစ်ကြိမ် အတူနေခဲ့ရတဲ့ ဦးထိန်အကြောင်းမုဒိတာစကားေုပြာပေးခဲ့ပါ ကြောင်း။

ဦးထိန်နှင့် ဘကြီးမိုးပါ။

ဘကြီးမိုး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts