ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ ● ခေတ်သစ်တေး

ဆောင်းယွန်းလ ● ခေတ်သစ်တေး
(မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၆

လိင်မှုကို
လိမ်စဉ်နဲ့ လုပ်ဇာတ်အတုခင်းရင်း
အဆင်းမှာ ဘီးမပါပဲလိမ့်သွားမယ့် အရာတခုဟာ
ဘဝ။

မောင်းသူမဲ့ လေယာဉ်တစင်း
နက်ရှိုင်းလျှိုမြောင်တောင်ကြားထဲ
တဟုန်ထိုး ဆိုက်ဆင်းသွားသလိုမျိုးပဲ။

ချောက်က နက်လွန်းတယ်လို့
ခြိမ်းခြောက်မယ့်သူမရှိလည်း
အသိ သတိနဲ့ ပကတိတရားအားလုံးကို
ကိုယ့်လမ်းပြမြေပုံနဲ့
အဝေးပြေးထိန်းချုပ်မှုခလုတ်တွေပေါ်မှာ
အဆင်သင့်တင်ဆောင်ထားနိုင်မှ။

ကိုယ့်သံသယနဲ့
သူ့သံသယ လမ်းအဆုံးဟာ
ကြည်လင်အေးမြ ရွာကလေးတရွာက စတာပဲ။

ခေတ်သစ်တေးဟာ
ပြိုင်တူဆိုမှ တပုဒ်ဆုံးတယ်။

ဆောင်းယွန်းလ (အောက်တိုဘာ ၃၊ ၂၀၁၆)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts